Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

Saturday, 23 March 2013

Gmail ရဲ့ လျှို့ဝှက်ချက်များ



 Chatting လုပ်ဖို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့လို www.blogger.com ကနေ ကိုယ်ပိုင် ဝဘ်ဆိုဒ်လုပ်ချင်ရင်ပဲဖြစ်ဖြစ် ၊

Google က ဖန်တီးထားတဲ့ Products တွေကို အသုံးပြုမယ်ဆိုရင် ၊ ခုနောက်ပိုင်း Google Play က Android Apps

တွေ Download ချတဲ့အခါတွေမှာလည်း ဒီ Gmail က အဓိက အသုံးလိုအပ်နေပါတယ်။  အင်တာနက် သုံးနေတဲ့

လူတိုင်း Gmail Account တစ်ခုကတော့ အနည်းဆုံး ရှိပါတယ်။ ဒါပေမယ့် Gmail နဲ့ ပက်သက်တဲ့ အကြောင်းအရာ

တွေ ကိုတော့ သေချာ မသိကြတာက များပါတယ်။ ဒီစာအုပ်လေးထဲမှာ Gmail ရဲ့ လျှို့ဝှက်ချက်တွေကို စုစည်း

ဖော်ပြထားပါတယ်။ စိတ်ဝင်စားလို့ သေချာလေ့လာချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။

Download : Gmail ရဲ့ လျှို့ဝှက်ချက်များ

Tuesday, 10 April 2012

ဟက်ခံရတဲ့အကောင့်ကို recover email နဲ့ပြန်ယူမယ်

သူငယ်ချင်းတို့ gtalk အကောင့်တွေ အဟက်ခံရတာရှိခဲ့မယ်ဆိုရင် ဒီနည်းလေးကို သုံးပီး အဟက်ခံရတဲ့အကောင့်ကို သုးံမရအောင်လုပ်ရအောင်နော် အရင်ဆုံး သဲချင်းတို့အကောင့်လုပ်ခဲ့စဉ် သုံးခဲတဲ့Recover email ကို သိထားဖို့လိုပါတယ်
အကောင့်တခုလုပ်ပီးတိုင်းgoogle ကအဲ့ဒီအကောင့်လုပ်ခဲ့စဉ်ကသုံးခဲ့တဲ့ recover email ဆီကို Mailတစောင်ပို့ပါတယ် အဲ့mailကနေ
ကိုယ့် gmail အဟက်ခံရရင် ဟက်လိုက်တဲ့သူသုံးမရအောင်ဖျက်လို့ရပါတယ်
gmail search box မှာ gmailteam လို ရိုက်ပီးပြန်ရှာလိုက်ပါ
အရင်ဆုံး google ကပို့လိုက်တဲ့mail ကို ကလစ်လိုက်နော်

ကလိုက်ပီးရင် အောက်ဆုံးက လင့်ကလေးကို ကလစ်လိုက်ဦးနော်

စာမျက်နှာတစ်ခု ပွင့်လာပါလိမ့်မယ် အဲ့မှာ ဖျက်မယ်ဆိုရင် No ကို ကလစ်ထားပြီး Submit
ကိုကလစ်လိုက်ပါ

အဆိုရင် သဲချင်းတို့ အဟက်ခံရတဲ့မေး ပျက်သွားပါပီ အသစ်ပြန်လုပ်မယ်ဆိုရင် ဖျက်လိုက်တဲ့
Gmail နောက်မှာ လေး ထည့်ပီးကောင့် အသစ် ပြန်လုပ်လိုက်ပါ

gmail အသစ်ပြန်လုပ်ပီးရင် အဲ့အထဲမှာရှိတဲ့သူငယ်ချင်းတွေတော့ ပျောက်မသွားပါဘူး view past chat တွေ နဲ့ မေးတွေ့ တော့ မရှိတော့ပါဝူး
Q~Q
www.thazinlay.wall.fm

Sunday, 8 April 2012

Mail တစ်ခုနဲ့တစ်ခု အမြန်ကူးကြည့်ချင်ရင်


ကျွန်တော်တို့ ပုံမှန်အတိုင်းဆို လက်ရှိကြည့်နေတဲ့ Mail ကနေ Mail Box ကို နောက်ပြန်

 ထွက်ထွက်နေရပါတယ် ..တစ်ကယ်လို့ ဒီ Feature On ထားမယ်ဆိုရင်တော့ လက်ရှိကြည့်နေတဲ့ Mail

 ကနေပဲ  နောက်Mails တွေဆီကို တစ်ခုပြီး တစ်ခု ကူးသွားလို့ ရပါတယ်။ လုပ်ရမယ့်နည်းလေးကတော့

လက်ရှိရောက်နေတဲ့ Mailကနေ နောက် Mail တစ်ခုကို ဘယ်ညာသွားလိုက်ရင် နောက်စာနဲ့ ရှေ့စာကို

 Inbox ခံပြီး ပြန်စရာမလိုပဲ ရောက်ပါလိမ့်မယ်..





>>ပထမဦးဆုံး Mail Settings ထဲကို ဝင်ပါ..

>> Labs ကို နှိပ်ပါ...

>> Mouse gestures ကို ရှာပြီးတော့ Enable လုပ်ပေးလိုက်ပါ..

အောက်မှာပုံလေးနဲ့ ပြပေးထားပါတယ်...



ပြီးရင်တော့ Save Changes ပေါ့နော်...... ပျော်ရွှင်ပါစေ.......


Friday, 30 March 2012

Gmail ရဲ့  လှို့ ဝှက်ချက်တွေ

ယနေ့ တိုးတက်နေတဲ့ အိုင်တီ ခေတ်ကြီးမှာ လူတစ်ယောက် - gmail တစ်ခု အနေနဲ
့မရှိမဖြစ် ရှိကြမှာပါ ။ Gmail တစ်ခု မရှိရင်တောင် ခေတ်မမှီတော့တဲ့ ခေတ်
ဖြစ်နေပါပြီ ။ အရင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ address
တောင်းတယ် ။ ph: no. တောင်းတယ် ။ အခု အဲ့လို မဟုတ်တော့ပါဘူး ။ gmail
ရှိလားလို့ မေးလိုက်တာနဲ့  လုံလောက်ပါပြီ ။ အဲ့ဒါကြောင့် ဒီနေ့ ခေတ် အခါ
ကြီးထဲမှာ လူတိုင်း နီးပါးလိုလို gmail အကောင့် တစ်ခု ဆီတော့ ရှိကြပါတယ် ။
အဲ့မှာမှ Gmail ရဲ့  Tips And Tricks တွေကို သိတဲ့ သူ နည်းပါတယ် ။ လူတိုင်း
နီးပါးလောက် gmail ရှိပြီး သူလို ကိုယ်လိုပဲ သုံးနေကြမှာပါ ။ တကယ်တော့
Google က သူ့ ရဲ့ Product တစ်ခု ဖြစ်တဲ့ gmail မှာ user အသုံး ပြု သူတွေ
လွယ်ကူ စေရန်အတွက် အမျိုးမျိုး တီထွင်ကြံဆပြီး အသစ် အသစ်သော Function
တွေကို ထပ်ပေါင်းထည့်ပေးထားပါတယ် ။ အဲ့ဒါတွေကိုတော့ တစ်ချို့ gmail
အသုံးပြုသူ user တွေ အနေနဲ့ သိဦးမှာ မဟုတ်ပါဘူး ။ အဲ့ဒါကြောင့် gmail ရဲ့ 
Tips And Tricks လေးတွေ ကို စုစည်း ပြီး အခုမှ စပြီး အသုံးပြုမဲ့ Beginner
user တွေ အတွက်ရော ၊ လက်ရှိ gmail အသုံးပြုနေပြီး လျှို
့ဝှက်ချက်လေးတွေကို မသိသေးတဲ့ သူတွေ အတွက်ပါ တင်ပြပေးလိုက်ရပါတယ် ။

  1. လျင်မြန်တဲ့ စာပို့ နည်း
  2. email အသစ်တွေ ရောက်နေတာကို ဘယ်လို သိနိုင်မလဲ
  3. လုံခြုံရေး ပြည့်ဝတဲ့ Connection ကိုသုံးပါ ။
  4. Spam တွေကို ဖျက်ဖို့ မလိုပါ ။
  5. + Option
  6. Label များကို အသုံးချပါ 
  7. မှတ်စုတို Notes များကို အသုံးချခြင်း 
  8. .........................................
စတဲ့ အချက် 32 ချက်ကို တစ်ခုချင်း စီ အသေးစိတ်ရှင်းပြထားတဲ့ အတွက်
အသုံးပြုသူတွေ အနေနဲ့  gmail ရဲ့  tips လေးတွေကို သေချာ စွာ သိပြီး မိမိရဲ
့mail box ကို လိုအပ်သလို လျှင်မြန်စွာ မိမိစိတ်တိုင်း ကျ
အသုံးပြုနိုင်ပါလိမ့်မယ် ။ အဲ့ဒါကြောင့် အမြန်ဆုံး ဒေါင်းလုပ်ဆွဲ ပြီး
ဖတ်ကြည့်လိုက်ကြပါဦး  ။

ဒီကို နှိပ် Media Fire

Description



အဲ.. ဒါပေမဲ့ .. အဲ့ gmail tips 32 ချက်ထဲမှာ မပါတဲ့ နောက်တစ်ချက်ကို ပြောပြမယ်ဗျ ။ ဘာလဲ ဆိုတော့ gmail အကောင့်မှာ . (dot) ပါတဲ့ သူတွေ ။ ဥပမာ
barnyar.kwikwa@gmail.com ပေါ့ဗျာ ။ အဲ့မှာ အလယ်က Dot လေးကို မထည့်ပဲ နဲ
့လည်း gmail အကောင့်ကို ၀င်လို့ ရပါတယ် ဗျာ ။ gtalk , gmail က အဲ့ .(dot)
လေးကို အလုပ်ထည့်မလုပ်ပါဘူး ။ အဲ့ဒါလည်း လူသိနည်းပါတယ် ။ အဲ့ထဲမှာ မပါတဲ့
ယခုနောက်ပိုင်း gmail ရဲ့ လုပ်ဆောင် ချက် အသစ်တွေကိုတော့ Gmail
ထဲမှ လုပ်ဆောင်စရာနည်းလမ်းကောင်လေးများ
ဆိုတဲ့ ပိုစ့်လေးမှာ ဆက်လက်
ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ ။
http://www.kzarboworld.com

Gmail အကောက်နဲ့ Broswer ကို Pro ဆန်ဆန်လေး အလုပ်လုပ်ခိုင်းရအောင်


  1. 1.         Control Main Browser Window
tab, then enterWhen logging in to Gmail: Start typing user name followed by tab, type password then pressenter. Some browsers may require two tabs, then enter after typing the password.
alt+left arrow /alt+right arrowOne page back / one page forward
end / homeJump to beginning of page / end of page.
page up / page downJump one page up / one page down.
alt+d, then multiple tab’sMove the focus of the browser to the main window. Jumps to the address bar first, then through toolbars until landing at the main window.
tab / shift+tabJump forward / jump backwards between input fields.
ctrl+rRefresh page. Sometimes GMail seems to get stuck on certain pages won’t allow shortcuts. Things tend to work fine after a page refresh.
  1. 2.         Navigate Main Gmail Window
g, then iGo to inbox.
g, then sGo to starred conversations.
g, then tGo to sent mail.
g, then dGo to drafts.
g, then aGo to all mail.
g, then cGo to contacts.
g, then lGo to label. Use arrow keys from here.
CCompose a new message.
EscapeReset state. Often necessary before using a Keyboard Shortcut to move out of the current task or field.
ZUndo previous action.
  1. 3.         Manage Message List
Some of these Shortcuts work for both Message List and Single Message view but may have different effects.
j / kMove to next (older) / move to previous (newer) e-mail or conversation.
xSelect or unselect current conversation.
*, then a /
*, then n
Select all conversations / Un select all conversations.
*, then r /
*, then u
Select all read conversations / Select all unread conversations.
*, then s /
*, then t
Select all starred conversations / Select all unstarred conversations.
shift+u / shift+iMark selected messages as unread / Mark selected messages as read.
o or enterOpen message.
#Delete selected message.
vMov selected message. Use arrow keys and enter to proceed.
lAdd label to message, opens label menu. Use arrow keys and enter to proceed.
eArchive selected messages.
!Mark selected messages as spam.
mMute selected message. Archives the conversation and all future messages.
sStar or unstar message.
yRemove from current view: To archive while in Inbox, to Inbox while in Trash, remove star while in Starred Conversation, remove Label while in Labels.
  1. 4.         Manage Single Messages
Some of these Shortcuts work for both Message List and Single Message view but may have different effects.
j / kMove to next (older) / move to previous (newer) e-mail or conversation.
n / pMove to next part / previous part of conversation in message.
rReply to sender.
shift+rReply to sender in new window.
aReply to all.
shift+aReply to all in new window.
fForward message.
shift+fForward message in new window.
ctrl+sSave Message. Cursor should be in field.
ctrl+[ / ctrl+]Remove from current view and move to older / move to newer message (won’t delete message, just changes view).
ctrl+{ / ctrl+}Archive and move to older message / move to newer message.
uReturn to inbox or conversation list.
#Delete selected message and jump back to the message list.
vMove selected message.
lAdd label to message, opens label menu and jump back to the message list.
eArchive selected messages and jump back to the message list.
!Mark selected messages as spam and jump back to the message list.
mMute selected message and jump back to the message list.
sStar or unstar message.
yRemove from current view and jump back to the message list.
  1. 5.         Tasks in Gmail
Shortcuts for Gmail Tasks seem to be a bit buggy. shift+t adds message to the task list, but the focus never makes it to the task window. There seems to be no way to re-gain focus after. Page refresh with f5 and g, then k does the trick but is not pretty.
g, then kGo to task window or opens task window (see limitations above)
shift+tAdd message(s) to tasks.
arrow keysMove cursor up and down in task list.
ctrl+up / ctrl+downMove current task up and down in task list.
tab / shift+tabIncrease / Decrease Indent
a…z or othersEdit Task
shift+enterEdit task details, including due date or notes.
shift+escShift the cursor from tasks to Gmail, but only one-way.
EscCloses Task Window if focus is on it (see limitations above).
  1. 6.         The Rest
?Displays the keyboard shortcuts help menu.
qMove cursor to chat search.
/Move to Search Mail field.
shift+nUpdate conversation with new messages if there are any.

ဒီမှာပြထားတာတွေက Gmail အကောက်နဲ့ Broswer ကို လွယ်လွယ်လေးနဲ့ အလုပ်လုပ်ခိုင်းလို့၇တဲ့ ရှော့ကပ်လေးတွေပါ Pro ဆန်ဆန်လေး သုံးလိုက်ဦးပေါ့။http://akarphyoe87.blogspot.com

Monday, 19 March 2012

Google account အခိုးခံလိုက်ရလျှင်...

သင့် ဂျီမေးလ်အခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question ရော

secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက်

မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက်

အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့

အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့

ဥပမာ

နောက်ဆုံး login ၀င်ခဲ့တဲ့ရက်စွဲ၊

အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊

အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google တွရဲ့အခြား products တွေကြာင်း၊

Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ

ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး

အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ

မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊

ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့

သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ

ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး

ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကို လုံခြုံတဲ့တနေရာ (ဥပမာ ကို Infofreakz အိမ်)

မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး

ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့
http://www.google.com/support/accounts/bin/request.py?contact_type=ar..

မသိသေးသူများ အတွက်သာရည်ရွယ်သည်

Saturday, 17 March 2012

50 Gmail TIPS & TRICKS အကြောင်း

ဂျီမေးလ်ဟာ အခု ၂၀၁၁ ဆိုရင် သိုလှောင်မှု ပမာဏ ၇.၀ + ကျော်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၎င်းထက်အရင် အီးမေလ်ဝန်ဆောင်မှုများ ပြုလုပ်ခဲ့ကြသော Yahoo, Hotmail တို့ကို ကျော်လွန်ပြီး Web User လောကတွင် အကောင်းဆုံး ၀န်ဆောင်မှုအနေဖြင့် နေရာအခိုင်အမာ ရခဲ့ပြီဖြစ်သည်။ ရသင့်ရထိုက်သော စွမ်းရည်အနေဖြင့် ဂျီမေးလ်သည် အလိုအလျောက်သန့်ရှင်းပေးသော Spam Filter များပါဝင်ခြင်း၊ ရိုးရှင်းသော မျက်နှာပြင်ရှိခြင်း စက္ကန့်နှင့်အမျှ တိုးပွါးပေးနေသော ပမာဏနေရာရှိခြင်း၊ လုံခြုံစိတ်ချရသော နည်းပညာသုံးစွဲထားခြင်းတို့ ကြောင့် ယခုဆိုလျှင် ကမ္ဘာတ၀န်းသုံးစွဲသူပေါင်း ၁၉၃.၃သန်းကျော် ရှိလာခဲ့ပြီသည်။
 သို့ရာတွင် ထိုသို့သော ဂျီမေးလ် သုံးစွဲသူများတွင် ဂျီမေးလ်နှင့် ပတ်သက်သော အမှန်တကယ် အစွမ်းထက်မှု များကို မသိရှိကြသေးဘဲ အပေါ်ယံ သုံးစွဲနိုင်မှုအဆင့်ကိုသာ သိနေကြသေး သည်ဖြစ်ရာ ယခု Tips and Tricks များတွင် ဂျီမေးလ်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ အမှန်တကယ်ပြုလုပ်နိုင်သည့် စွမ်းဆောင်ချက်များကို မျှဝေဖော်ပြပေးထားသည်။
 ENCHANCE YOUR EMAILS
Add invitations to emails
သင့်ရဲ့အီးမေးလ်ကို အကောင်းဆုံးအရည်အသွေးတွေ ရရှိနိုင်မယ့်အရာတွေထဲကမှ တစ်ခုဖြစ်ပါ တယ်။ ဘာ ကြောင့်လဲဆိုရင် Google ကနေ သုံးစွဲသူတွေအတွက် ၀န်ဆောင်မှုပေးထား တဲ့ Google Calendar (http://calendar.google.com) ကို သွားရောက် သုံးစွဲကြည့်ဖို့ပဲဖြစ်ပါ တယ်။ သုံးစွဲသူတစ်ယောက်ချင်းစီ  အတွက် သီးသန့်ပေးထားတဲ့ ၀န်ဆောင်မှုဖြစ်ပြီး သင့်ရဲ့အစည်း အဝေးပွဲနဲ့ သီးခြားပြုလုပ်စရာရှိတဲ့ ကိစ္စတွေကို အစီအစဉ်တကျပြုလုပ်ထားနိုင်မယ့် နေရာလေးပဲဖြစ် ပါတယ်။ သင်ဟာ အီးမေးလ်တစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ယောက်အနေနဲ့ တွေ့ဆုံစရာရှိတဲ့ရက်နဲ့ အချိန်တွေကို သင့်တော်သလို စီမံထားချင်တယ်ဆိုရင်တော့ သုံး ကြည့်လိုက်ပါ။
 Get extra emotions
သူငယ်ချင်းမိတ်ဆွေဆီကို အီးမေးလ်တွေပို့တဲ့အခါနဲ့ ကိုယ့်ရဲ့ အရင်းနှီးဆုံး ချစ်ရသူလေးဆီကို မေးလ်ပို့တဲ့အခါ မှာ ကိုယ့်ရဲ့ခံစားချက်ကို အဓိကထားဖော်ကျူးနိုင်မယ့် ရုပ်ပုံလေးတွေပါ တပါတည်း ပို့ပေးချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် လုပ်ဆောင်ချက်လေးဖြစ်ပါသည်။ ၀မ်းသာနေရင် ပြုံးနေတဲ့မျက်နှာ ၀မ်းနည်းနေရင်တော့ ကြေကွဲဝမ်းနည်းနေတဲ့ ပုံရိပ်လေးတွေပေါ့။ ဒီလိုလုပ်ဆောင် နိုင်ဖို့အတွက် ဂျီမေးလ်ရဲ့ Labs ထဲမှာ Extra email ဆိုတဲ့ လုပ်ဆောင်ချက်လေး ထည့်သွင်း ပေးထားပါတယ်။ ရောင်စုံလှုပ်ရှားနေတဲ့ ရုပ်ပုံလေးတွေကို ထည့်သွင်းနိုင် စေဖို့အတွက် Email extra ဆိုတာလေးကို Enable ပြုလုပ်ထားဖို့တော့ လိုပါတယ်။
 Change your message font
သင့်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေထဲမှာ မေးလ်ပို့ခြင်းဆိုတဲ့ အလေ့အထတစ်ခုလည်း ပါဝင်ပါလိမ့် မယ်။ သင့်ရဲ့ ပုံမှန်ပို့နေတဲ့ မေးလ်ထဲက စာသားတွေကို ဂျီမေးလ် ပုံသေပေးအပ်ထားတဲ့ စာသား အရောင် ပုံစံတွေ အတိုင်းပဲ အသုံးပြုနေရတယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်လေးကို ပြုလုပ်ထားလိုက်ပါ။ ဂျီမေးလ်ရဲ့ Setting ထဲကို Labs Tab မှာရှိတဲ့ default text style ဆိုတာလေးကို enable ပြုလုပ်ထားလိုက်တာနဲ့ နောက်တစ်ကြိမ် သင့်သူငယ်ချင်းတွေဆီ စာသားတွေပို့တဲ့အခါ ကြိုက်တဲ့ font size နဲ့ Color တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 Preview Photos in emails
သင့်ရဲ့ အပျော်ခရီးထွက်တုန်းက ရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေကို picasa တို့ filckr တို့မှာ တင်ထားခဲ့ဖူးပါသလား အခု ဒီလုပ်ဆောင်ချက်လေးကကို ပြုလုပ်ထားမယ်ဆိုရင် picasa နဲ့ filckr တို့မှာ တင်ထားတဲ့ ဓါတ်ပုံတွေကို Gmail မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်လေးကို ရရှိစေဖို့အတွက် အရင်ဦးဆုံး ဂျီမေးလ်ရဲ့ Labs ကို ၀င်ရောက်လိုက်ပါ။ ပြီးတာနဲ့ Filckr preview in mail နဲ့ Picasa preview in email ဆိုတဲ့ နေရာတွေ ရဲ့ option ကို enable ပြုလုပ်ပေးလိုက်ပါ။ နောက်ဆို သင်ဘယ်လိုပုံတွေပဲတင်တင် မြင်တွေ့စေရပါလိမ့်မယ်။
 Create a Gmail alias
ဂျီမေးလ် alias ဆိုတာကို ကြားဖူးတဲ့သူလည်းရှိပါလိမ့်မယ်။ အခုဟာက သိပြီးသားသူတွေအတွက် မဟုတ်ပါဘူး လုံးဝမသိသေးတဲ့သူတွေအတွက်သာ ရည်ရွယ်ပါတယ်။ ဂျီမေးလ်နာမည်လိမ် လို့ခေါ်တဲ့ ဒီလုပ်ဆောင်ချက် လေးဟာ သင့်ရဲ့ ဂျီမေးလ်ကို အခြားသူတွေကို ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးရုံကလွဲလို့ ဘာအန္တရာယ်မှ မရှိ ပါဘူး။ အီးမေးလ်လိပ်စာရဲ့နောက်မှာ plus sign လေးကို ပေါင်းထည့်၊ သူ့နောက်ကမှ ကိုယ်ထည့်ချင်တဲ့ စာ သားလေးကို ထပ်ပေါင်းထည့်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခုကောင်းတာက ဂျီမေးလ်ဟာ သင်ထပ်ထည့်လိုက်တဲ့ “+” သင်္ကေတလေးကို လုံးဝသတိမူနိုင် မှာ မဟုတ်တဲ့အတွက်ပါပဲ။ အဲဒီအတွက် သင့်ရဲ့ ဂျီမေးလ် Homepage မှာ User name အပြင် စာသားတချို့တွဲဖက် ပါဝင်လာရုံက လွဲပြီး ဘယ်လို ပြဿနာမျိုးမှ မရှိနိုင်ပါဘူး။
 Drag and Drop attachements
သင်ဟာ firefox ဒါမှ မဟုတ် Chrome Browser ကို သုံးစွဲနေတဲ့သူတစ်ယောက် ဖြစ်မှသာ ဒီအခွင့်အရေး ကို ရရှိမှာ ဖြစ်ပါတယ်။ ဂျီမေးလ်ကနေ ၀န်ဆောင်မှုအသစ်ပေးထားတဲ့ drag and drop ဆွဲပြီး လွှတ်ချနိုင်တဲ့ နည်းလမ်းနဲ့ ဖိုင်များ ပူတွဲပေးနိုင်မှာ ဖြစ်ပါတယ်။ စာသားမတ်ဆေ့ခ်ျတွေ အပြင် ပို့လိုက်တဲ့ ဖိုင်တွေကို drag and drop နည်းလမ်းကိုသာ သုံးလိုက်မယ်ဆိုရင် အလျင်မြန်ဆုံးနဲ့ အလွယ်ကူဆုံး ပေးပို့နိုင်မှာဖြစ်ပါတယ်။
 Insert Images Instantly
အခြားလုပ်ဆောင်ချက်များကဲ့သို့ ဂျီမေးလ်၏ သီးသန့် လုပ်ဆောင်ချက်ကောင်းလေးတစ်ခုဖြစ်သည်။ မေးလ်ထဲ မှ တဆင့် စာသားများပို့ရာတွင် လက်ခံရရှိသူထံသို့ ပုံများကိုပါ တစ်ပါတည်း ပို့လွှတ်နိုင် အောင် ပြုလုပ်ထားနိုင် သော လုပ်ဆောင်ချက်လေးဖြစ်သည်။ နောက်ထပ်ကောင်းကွက် တစ်ခုက တော့ သင့် ဂျီမေးလ်ရဲ့ Home Page မှာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ မှတ်ချက် အနေနဲ့ကတော့ ဒီလုပ်ဆောင်ချက်လေးဟာ chrome မှာ သာ ပြုလုပ်ထားနိုင်မှာပါ။
 Create a personal signature
ဂျီမေးလ်ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုဖြစ်ပါတယ်။ သင်ပို့လိုက်တဲ့ ဂျီမေးလ်မှာ သင့် ရဲ့ လက်မှတ်ကလေးပါ ထည့်သွင်းရေးသားပေးလိုက်ရမယ်ဆိုရင် ဘယ်လောက် ကောင်းမွန်မလဲ။ အခုတော့ ဒီဆန္ဒတွေကို ဖြည့်ဆည်းနိုင်ပါတော့မယ်။ ဂျီမေးလ်ရဲ့ Signature ဆိုတဲ့ လုပ်ဆောင်ချက်ကို ပြုလုပ်ထားချင် တယ်ဆိုရင် ပထမဆုံး ဂျီမေးလ်ရဲ့ setting ထဲကို ၀င်ရောက်လိုက်ပါ။ setting ထဲမှာ တွေ့ရမယ့် signature ဆိုတဲ့နေရာမှ Option လေးနှစ်ခုကို တွေ့ရပါလိမ့်မယ်။ ဒုတိယ option ကို ကလစ်နှိပ်ပေးလိုက်တာနဲ့ နောက် ပိုင်း စာသား၊ ဓါတ်ပုံတွေကို ပေးပို့တိုင်း လက်မှတ်လေးတစ်ခုပါ ထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။
 Add a picture to your email
ဂျီမေးလ်ဆီကို ရုပ်ပုံတွေ ထပ်ပေါင်းထည့်လို့ရအောင် ပြုလုပ်ထားလို့ရပါတယ်။ သင့်ရဲ့မေးလ်ထဲမှာ ထည့်သွင်း ထားတဲ့ ရုပ်ပုံကို ထပ်ထည့်ချင်တာလား ဒါမှမဟုတ် ပြောင်းလဲလိုက်ချင် တာလားဆိုတာသာ စဉ်းစားထားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်လေးကို ရရှိစေဖို့အတွက် Gmail setting ထဲက Select a picture ဒါမှမဟုတ် Change picture ကို ရွေးချယ်ထား ရပါလိမ့်မယ်။ Picasa နဲ့ ဓါတ်ပုံတွေရှိတဲ့နေရာကနေ တိုက်ရိုက်တင်ပေးနိုင် မှာ ဖြစ်ပါတယ်။
 ဒီနေရာမှာတော့ ENHANCE YOUR EMAILS ဆိုတဲ့ ခေါင်းစဉ်အောက်က မှတ်သား စရာများတော့ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ နောက်ထပ် ဂျီးမေးလ်ကို ဘယ်လို စီမံခန့်ခွဲကြမလဲဆိုတာ ကြည့်ကြရအောင်ပါ။
 Manage Your Mail Box
Get Desktop alerts for new email
သင့်ရဲ့ အီးမေးလ်ကို အကောင်းဆုံးပြင်ဆင်အသုံးပြုနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ အခု ဒီလုပ်ဆောင် ချက်လေးကတော့ သင့်အီးမေးလ်ထဲကို မေးလ်အသစ်ဝင်ရောက်တိုင်း အချက်ပြပေး မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အချိန်နဲ့အမျှ အသစ်ဝင်ရောက်လိုက်တဲ့ မေးလ်တွေကို ဖော်ပြပေးမှာဆိုတော့ မဖြစ်မနေ ပြုလုပ် ထားသင့်ပါတယ်။ သင့်အနေနဲ့ မေးလ်ထဲမှာရှိတဲ့ Setting တစ်ခုကို ပြောင်းလဲထားရပါလိမ့်မယ်။ Click here to enable desktop notifications for Gmail ဆိုတာကို ကလစ်တချက်နှိပ်၊ နောက်တဆင့်လက်ခံကြောင်း Allow ကို ပြုလုပ်ထား လိုက်တာနဲ့ အဆင်ပြေသွားပါလိမ့်မယ်။ တကယ်လို့ ဒီလုပ်ဆောင်ချက်ကို လက်မခံချင် တော့ဘူး ဆိုရင်တော့ Mail notifications off ဆိုတာကို ပြန်လည် ရွေးချယ်လိုက်ပါ။ (သတိပြုရန်အတွက် ကတော့ မိမိကွန်ပျူတာတွင်သာ ပြုလုပ်ကြစေလိုပါသည်)
 Add an unread message icon
ဂျီမေးလ်ကို ၀င်ရောက်လိုက်တာနဲ့ သင့်အတွက် ဖတ်ချက်တဲ့ မေးလ်တွေကိုရော၊ မလိုလားအပ်တဲ့ မေးလ်တွေ ကိုပါ စုပြုံဝင်ရောက်နေတာကို တွေ့ရပါလိမ့်မယ်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အမှန်တကယ် စိတ်အနှောက် အယှက်ဖြစ်တဲ့ မေးလ်တွေဆို ဘယ်သူမှ ဖွင့်ဖတ်ချင်မှာ မဟုတ်ပါဘူး၊ အဲဒီအတွက် သင့်ရဲ့ mail box ကို ပြင် ဆင်ထားလို့ရပါတယ်။ သင်မကြိုက်နှစ်သက်တဲ့ မေးလ်တွေကို ကွယ်ပျောက်ထားနိုင်ဖို့ မေးလ်ရဲ့ Setting ထဲက Labs ထဲမှာ သွားရောက်ပြင်ဆင်ရမှာပါ။ Labs ထဲကို ၀င်ရောက် ကြည့်လိုက်လို့ တွေ့ရမယ့် Unread Message Icon ကို enable ပြုလုပ်ထားလိုက်ပါ။ အိုကေ သွားပါလိမ့်မယ်။
 Select multiple message at once
သင့်ရဲ့မေးလ်တွေကို တစ်နေရာတည်းမှာပဲ တစ်စုတစည်းတည်းထားလို့ရပါတယ်။ နေ့စဉ်ရေတွက် လို့ မရနိုင်တဲ့ မေးလ်တွေကို သင့်ရဲ့ မေးလ်box ကို ၀င်ရောက်နေတာတွေ့ရပါလိမ့်မယ်။ အခု အဲဒီဝင်ရောက်လာတဲ့ မေးလ် တွေကို စာညွန်း Label တစ်ခု အနေနဲ့ထိန်းချုပ်ထားလို့ရပါတော့မယ်။ စာညွန်းတစ်ခုအနေနဲ့ ပြုလုပ်ထားနိုင် သလို မကြိုက်နှစ်သက် မလိုလားအပ်တော့တဲ့ စာညွန်းတွေကို ပယ်ဖျက်လို့ရပါပြီ။ ဂျီမေးလ် Inbox ရဲ့ ဘယ် ဖက်မှာ ရှိတဲ့ Label ဆိုတဲ့ နေရာကနေ သွားရောက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Label တစ်ခုချင်းစီကိုလည်း အပေါ်အောက် ကြိုက်သလို စီမံခန့်ခွဲနိုင်မှာပဲ ဖြစ်ပါတယ်။
 Preview message without opening
ဂျီမေးလ်တွေကို တိုက်ရိုက်ဖွင့်ကြည့်စရာမလိုပဲ ကြည့်လို့ရတဲ့ နောက်တနည်းရှိပါသေးတယ်။ လက်တွေ့စမ်း သပ်ကြည့်တဲ့ လုပ်ဆောင်ချက်လေးမို့ စမ်းသပ်ကြည့်တဲ့ လုပ်ဆောင်ချက်လေးမို့ စမ်းသပ်သုံးစွဲကြည့်သင့်ပါ တယ်။ ကိုယ့်ဆီကို တခြားသူမသိရှိစေချင်တဲ့ မေးလ်တွေ ၀င်ရောက် လာတာကို ရုတ်တရက်လှမ်းကြည့်လိုက်တဲ့ သိစေနိုင်မယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဂျီမေးလ်ရဲ့ Labs ထဲကို ၀င်ရောက်ပြီး right click နှိပ်လိုက်ပါ။ သင့်အီးမေးလ်ထဲမှာပဲ ဖတ်ရှုမလား၊ အခြား တစ်နေရာမှာ ကြည့်မှာလားဆိုတာကို မေးပါလိမ့်မယ်။ စိတ်ကြိုက် တစ်ခုသာ ပြုလုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်နော်။
 Bookmark your emails 1
သင်ကြိုက်နှစ်သက်တဲ့ တချို့website လိပ်စာတွေကို မှတ်သားထားနိုင်မယ့် လုပ်ဆောင်ချက် လေးကို ဂျီမေးလ် မှာ ပြုလုပ်ထားလို့ရပါတယ်။ တချို့ဆိုဒ်တွေဟာ တကယ်ကောင်းမွန်တဲ့အတွက် သင့်အနေနဲ့ မှတ်ထား ထားသင့်ပါတယ်။ favourite ဒါမှ မဟုတ် bookmarks ဆိုတဲ့နေရာ လေးကနေ ပြုလုပ်နိုင်ပါတယ်။
 Bookmark your emails 2
ဂျီမေးလ်ထဲမှ နောက်ထပ်ပြုလုပ်ထားနိုင်မယ့် bookmark ပုံစံလေးတမျိုးပဲဖြစ်ပါတယ်။ ဂျီမေးလ်းရဲ့ Labs ထဲ မှာ Quick Links ဆိုတာလေးကို enable ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ဂျီမေးလ်အတွက် နောက်ထပ် ကောင်း မွန်တဲ့ လုပ်ဆောင်ချက်လေးမို့ သင့်ရဲ့ ဂျီမေးလ်မှာ လုပ်ဖြစ်အောင် လုပ်ထား လိုက်ပါ။ သင့်အတွက် ၀က်ဘ်ဆိုဒ် တွေကို လှမ်းကြည့်တိုင်း မှတ်သားထားမိ သလိုဖြစ်သွား ပါလိမ့်မယ်။
 Highlight personal emails
Gmail ထဲမှာ personal levels indication ဆိုတဲ့ လုပ်ဆောင်ချက်ကောင်းလေးတစ်ခု ထည့်သွင်းပေးထားပါ တယ်။ သင့်မေးလ်ကို မျက်လုံးလေးနဲ့ ဝေ့ကြည့်လိုက်ရုံနဲ့သိသာသွား စေနိုင်မယ့် အရာလေးပဲဖြစ်ပါတယ်။ သင့် အနေနဲ့ မေးလ်တွေကို တစ်ယောက်ချင်းစီကို (ဒါမှမဟုတ်) အုပ်စုတစ်စုဖွဲ့ပြီး ပို့လွှတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တမ်း သင့်အတွက်လည်း ကိုယ်ပို့ချင်တဲ့ မေးလ်တွေကို သတ်မှတ်ထားတာ ကောင်းပါတယ်။ အာရုံ လည်း မနောက်တော့ ဘူးပေါ့နော်။ ဒီလုပ်ဆောင်ချက်တွေ အတွက် ဂျီမေးလ် setting ထဲက general tab အောက်မှာရှိတဲ့ Show indication ကို ကလစ်တချက်နှိပ်လိုက်ပါ။ အိုကေသွားပါလိမ့်မယ်။
 Get mail from other accounts
ဂျီမေးလ်ရဲ့ နောက်ထပ်ကောင်းထဲက တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ ဂျီမေးလ် message တွေထဲကို နောက်ထပ် message တွေ ထပ်မံဝင်ရောက်နိုင်အောင်ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Hotmail, Yahoo mail နဲ့ အခြား ဂျီမေးလ်လိုပဲ မေးလ်အသုံးပြုလို့ရတဲ့ နေရာတွေကနေ တဆင့်ဆွဲယူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အရင်ဦးဆုံး တော့ ဂျီမေးလ်ရဲ့ Setting ထဲကို ၀င်ရောက်လိုက်ပါ။ account and import ထဲမှာရှိတဲ့ add pops email account ဆိုတဲ့ဟာလေးကို ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ ဒီလုပ်ဆောင်ချက်ဟာ အဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမယ့် မေးလ်တွေရောက်လာမယ့်ပုံစံကတော့ မူလမေးလ်ဆာဗာထဲကနေ ကော်ပီအနေနဲ့သာ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။
 Sign into two accounts at once
သင့်အတွက် ဂျီမေးလ်ဟာ တခြားဝန်ဆောင်မှုတွေထက် ပိုမိုသာလွန်တဲ့ လုပ်ဆောင်ချက်တစ်ခု အပိုပေး အပ်ထားပါတယ်။  ဥပမာပြောရမယ်ဆိုရင် သင့်မှာ အလုပ်အတွက် အသုံးပြုရမယ့် account တစ်ခု ကိုယ့်ရဲ့ ကိုယ်ပိုင် account တစ်ခုလည်းရှိတယ်ဆိုပါစို့။ ဒီaccount နစ်ခုကို တပြိုင်တည်းသုံးစွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ အဲဒီလိုပြုလုပ်လို့ရသွားပါပြီ။
 Swtich to priority inbox
ဂျီမေးလ် Inbox ထဲကို ၀င်ရောက်လာနေတဲ့ message တိုင်းဟာ သင့်အတွက် အရေးပါတဲ့ စာသားတွေချည်းပဲ မဖြစ်နိုင်တာတော့ သေချာပါတယ်။ အဲဒီအတွက် ဂျှီမေးလ်းရဲ့ Label ထဲမှာ အရေးကြီးတဲ့ အရေးပါအရာရောက် တဲ့ message တွေကို တစုတစည်းတည်း စုထားလို့ရပါတယ်။ အမြဲတမ်းအတွက် အရေးပါနေတဲ့ Setting ထဲကို ၀င်ရောက်ရမှာ ဖြစ်ပါတယ်။ Priority Inbox ထဲမှာ တွေ့ရမယ့် show priority inbox ကလစ်နှိပ်ပြီး Save လုပ် ပေးလိုက်ပါ။ နောက်ဆို သင့်အတွက် အရေးပါမယ်လို့ထင်တဲ့ message တွေ အဓိကထားဖော်ပြပေးသွားပါလိမ့် မယ်။
 Buy Extra Storage
ဂျီမေးလ်ဟာ သင့်အတွက် အကောင်းဆုံးပေးဆပ်မှုတစ်ခုကို ပေးအပ်ထားတယ်ဆိုတာ သိပါသလား။ အဲဒါက တော့ သင်ပိုင်ဆိုင်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ 7.5GB အထိ သိမ်းဆည်းထားနိုင်စေဖို့ ဖရီး ၀န်ဆောင်မှုပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Google Docs နဲ့ Picasa Web Albums လို နေရာမျိုးတွေက နေလည်း အချက်အလက်တွေကို ပြန်လည်ဝေမျှပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် ပိုမိုသိမ်းဆည်းချင်တယ် ဆိုရင်တော့ ဂျီမေးလ်ဆီမှာ အခကြေးငွေပေးဆောင်ပြီးတော့မှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
 Combine Labels with Filters
ဂျီမေးလ်ရဲ့ စာညွန်းတွေကို အရောင်သတ်မှတ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ထားလို့ရနိုင်သလို နောက်ထပ်တစ် နည်းလည်းရှိပါသေးတယ်။ အဲဒီနည်းလမ်းကတော့ စာညွန်းတွေကို ဖီတာနဲ့ ပေါင်းစပ်အသုံးပြုနိုင်တဲ့ နည်းလမ်း လေးပါပဲ။ ဂျီမေးလ်အတွက် စာညွန်းတွေကို ကြည့်ရှု စေနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးမို့ စမ်းသပ် သုံးစွဲကြည့်လိုက်ပါဦး။ အားလုံးရဲ့ ပင်မဖြစ်တဲ့ ဂျီမေးလ်ရဲ့Setting ထဲက Filters ထဲက Create a new filter ကို သွားရောက်ပြင် ဆင်ရမှာ ဖြစ်ပါတယ်။
 Apply Coloured labels to emails
သင့်ရဲ့သီးသန့်စာညွန်းတွေကို အရောင်လေးတွေ သတ်မှတ်ပြုလုပ်ထားလို့ရတယ်ဆိုတာကို သိပါသလား။ ဒါဟာလည်း ဂျီမေးလ်ရဲ့ နောက်ထပ်ကောင်းကွက်တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ ဂျီမေးလ်းကို ၀င်ရောက်လိုက် တာနဲ့ သင်ပြင်ဆင်အသုံးပြုနေတဲ့ စာညွန်းတွေအတွက် အရေးကြီးတဲ့ စာညွန်းတွေအတွက်ဆို အနီရောင် (ဒါမှမဟုတ်) အ၀ါရောင်ဆိုပြီး သီးသန့်သတ်မှတ်ထား လို့ရပါတယ်။ အရေးမကြီးတဲ့ စာညွန်းတွေဆိုရင်တော့ ကျန်တဲ့အရောင်တွေ သတ်မှတ်လိုက်ပေါ့နော်။
 Find old attachments
ဂျီမေးလ်ရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေထဲက တစ်ခုထပ်ပြီးပေါ်လာပြန်ပြီလို့တောင် ပြောလို့ရပါ တယ်။ သင် ကနေ တခြားသူတွေဆီကို ပို့လိုက်တဲ့ စာသားတွေနဲ့အတူ attach file တွေပါ ပူးတွဲဝင်သွားတတ်ပါလိမ့်မယ်။ အခု အဲဒီအရာလေးဟာ attachements အဟောင်းတွေကို ပြန်လည်ရှာဖွေပေးနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါ တယ်။ သင့်အနေနဲ့ attachement အဟောင်း တွေကို ရှာဖွေတဲ့နေရာမှာ အလျင်မြန်ဆုံးနဲ့ အလွယ်ကူဆုံး ရှာ ဖွေနိုင်အောင် ကူညီပေးပါလိမ့်မယ်။  ဂျီမေးလ်ရဲ့ အပိုလုပ်ဆောင်ချက်ဖြစ်တဲ့ Search Operators ပဲ ဖြစ်ပါ တယ်။

ဒီတစ်ခါတော့ Gmail ကို ဘယ်လို Control Your Sending မလဲ နှင့် အခြားသိမှတ်ဖွယ်ရာများ

Control Your Sending
Stop sent message being delivered
သူငယ်ချင်းတစ်ယောက်၊ မိတ်ဆွေတစ်ယောက်ဆီကို Message တွေမှားယွင်းပို့လိုက်မိတဲ့အတွက် စိတ် ထိခိုက် ၀မ်းနည်းနေတယ်ဆိုရင်တော့ ဒါဟာ ဂျီမေးလ်းရဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဂျီမေးလ်ရဲ့ ၀န်ဆောင်မှုတွေထဲမှာ ပို့ပြီးသားမေးလ်တွေကို ရပ်ပစ်လိုက်လို့ရတဲ့ လုပ် ဆောင်ချက်တစ်ခု ပါဝင်ပါတယ်။ Undo ဆိုတာလေးဖြစ်ပြီး သင့်အတွက် မေးလ်မှားပို့လိုက်လို့ ဖြစ်ပေါ်လာမယ့် ထိတ်လန့်မှုအတွက် ဖြေဖျောက်ပေးနိုင်ပါလိမ့်မယ်။ ၁၀စက္ကန့်အတွင်းသာ လုပ်ဆောင်နိုင်မယ်ဆိုတာကို သိထား ဖို့လိုပါတယ်။ ဒါပေမယ့် Time ကိုတော့ ပြောင်းပေးနိုင်ပါလိမ့်မယ်။
 Send automatic replies
သင့်ဂျီမေးလ်ကို အသုံးမပြုတဲ့အချိန်မှာလည်း သူငယ်ချင်းတွေကို သတိတရနဲ့ စာပြန်ပေးလို့ရပါတယ်။ ချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက် အင်တာနက်ကို အသုံးပြုမယ့်အချိန်နဲ့ကိုက်ညီပြီး သင့်ရဲ့ မတ်ဆေ့ခ်ျတွေကို ရောက်သွားအောင် ပြုလုပ်ထားလို့ရပါတယ်။ Compose mail ကနေ တဆင့် သင်ပို့ပေးစေချင်တဲ့ စာသားတွေ ကို အရင်ဦးဆုံး ၀င်ရောက်ရေးထားထားလိုက်ပါ။ နောက်တဆင့် အနေနဲ့ menu bar ပေါ်မှာရှိတဲ့ canned reponse ကို ကလစ်နှိပ်ပြီး new canned response ကို ရွေးချယ်ပေးလိုက်ပါ။ တခုသတိထားရမှာက သင်ပို့ ပေးချင်တဲ့ သူငယ်ချင်းရဲ့နာမည်ကို ရွေးပေးထားလိုက်ပါ။ ဘယ်လောက်ကောင်းလဲဆိုရင် စမ်းသုံးကြည့်မှသာ သိပါလိမ့်မယ်။
 Send email from another address
သင့်မှာ ဂျီမေးလ် account နှစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုပါစို့။ ဥပမာဆိုရင် မောင်မောင်ဆိုတဲ့နာမည်နဲ့တမျိုး အောင်အောင်ဆိုတဲ့ နာမည်နဲ့တမျိုး နှစ်ခုပိုင်ဆိုင် ထားတယ်ဆိုရင် ဒီလိုရှိထားခြင်းအားဖြင့် သင့်မှာ အခွင့်အ လမ်းများစွာရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဂျီမေးလ်းရဲ့ နောက်ထပ် ပေးထားတဲ့နည်းလမ်း အရ မောင်မောင်ဆိုတဲ့ account ကို ရောက်လာသမျှ မတ်ဆေ့ခ်ျတိုင်းကို အောင်အောင်ဆိုတဲ့ account ကို အလိုအလျောက် ရောက်လာ အောင်ပြုလုပ်ထားလို့ရတဲ့  အတွက်ကြောင့်ပါပဲ။
 Pause sending emails you might regret
စိတ်ညစ်ဖွယ်၊ စိတ်ကုန်ဖွယ် သင်ပို့လိုက်မိတဲ့ ဂျီမေးလ်တွေကို အချိန်မီတားဆီးလို့ရပါတယ်။ လူတစ်ယောက် ဟာ အမြဲတမ်းလန်းဆန်းတက်ကြွတဲ့ အချိန်တွေကို တွေ့ကြုံနေရတာ မဟုတ်ပါဘူး။ စိတ်ညဉ်းညူစရာအချိန် တွေကိုလည်း တွေ့ကြုံရပါတယ်။ တခါတရံမှာ အရမ်းပင်ပန်းလို့ပဲ ဖြစ်ဖြစ် ခေါင်းမထောင်နိုင်လောက်အောင် အရက်တွေသောက်ထားတဲ့အချိန်တွေမှာ တချို့ မတ်ဆေ့ခ်ျတွေကို မှားယွင်းပြီး ပို့လိုက်မိသွားပါလိမ့်မယ်။ သင့် အတွက် နောက်ထပ် အဖော်မွန်ကောင်းအနေနဲ့ နေမယ့်လုပ်ဆောင်ချက်ကောင်းတခုမို့ စမ်းသပ်လိုက်ပါဦး။
 Send an empty message
တခါတရံမှာတော့ သင်ဟာ အရမ်းအရေးကြီးတဲ့ ကိစ္စတွေအတွက် စာသား မတ်ဆေ့ခ်ျတွေကို ပေးပို့တဲ့အခါ ဂျီမေးလ်ရဲ့ subject နေရာမှာသာ စာသားတွေထည့်ပြီးတော့ Send ကို ကလစ်နှိပ်မိပါလိမ့်မယ်။ ဒါဟာ မှား ယွင်းမှု တစ်ခုပါပဲ။ သင်သတိမထားမိလို့ဖြစ်သွားတဲ့ အမှားအတွက် ဂျီမေးလ်က ၀င်ရောက်ဖြေရှင်းပေးပါလိမ့် မယ်။ နည်းကတော့ သင်ဘာကြောင့် အဆုံးစာသားတွေ မထည့်လိုက်တာလဲဆိုတာကို လှမ်းသတိပေးတဲ့ နည်း လမ်းပဲဖြစ်ပါတယ်။
 Write email in a separate window
ဂျီမေးလ်မှာ ကျနော်တို့ မသိသေးဘဲ ကွယ်ဖျောက်ထားတဲ့ အသုံးဝင်လုပ်ငန်းဆောင်တာတွေ အတော်များများ ရှိပါတယ်။ မေးလ်တွေပို့တဲ့အခါမှာ အသုံးပြုရတဲ့ Compose mail ကိုသာကြည့်ပါ။ ကျနော်တို့အတွက် အသွင် မတူတဲ့ပုံစံနဲ့ နောက်ထပ် ၀င်းဒိုးတစ်ခု ပေါ်ထွက်လာသလိုပြုလုပ်ပေးထားတဲ့အတွက်ပဲ ဖြစ်ပါတယ်။ Chrome Browser မှာ ပိုမိုသိသာလွန်းပြီး အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ သူ့ထမြှာ ပါရှိနေသေးတာကို တစ်သီး တစ်သန့်ဖော်ပြထားသလိုပါပဲ။
 Read and Write Message offline
ဂျီမေးလ်ဟာ သင့်အတွက် ဘယ်လောက်တောင် အသုံးဝင်သလဲဆိုရင် အင်တာနက်ကွန်နက်ရှန် မရှိတဲ့အချိန် မှာတောင် access ပြုလုပ်နိုင်စေဖို့အတွက် အထောက်အပံ့ပေးထားတဲ့ အထိပါပဲ။ offline ဂျီမေးလ်သုံးရတယ် ဆိုတာ တကယ်ကိုပဲ ဆရာကျလွန်းတယ်လို့တောင် ယူဆနိုင်ပါတယ်။ ဂျီမေးလ်ရဲ့ setting ထဲကို ၀င်ရောက် သွားလိုက်ပါ။ offline Tab ကို ကလစ်နှိပ်ပြီး Enable offline အသုံးပြုအတွက် အရမ်းကြီးမားတဲ့ attachement ဖိုင်တွေကိုတော့ ပို့ပေးနိုင်မှာ မဟုတ်ပါဘူး။
 Make sure you’ve got the right recipient
ဂျီမေးလ်ရဲ့ Labs မှာပဲ နောက်ထပ်ပါဝင်လာတဲ့ လုပ်ဆောင်ချက်ကောင်းလေးပဲဖြစ်ပါတယ်။ Got the wrong Bob? ဆိုတာလေးပဲ ဖြစ်ပါတယ်။ သင်ဟာ မေးလ်တွေကို လက်ခံရရှိသူတစ်ယောက်အနေနဲ့ မှန်ကန်တိကျတဲ့ သူငယ်ချင်းတွေဆီက မေးလ်တွေကို တွေ့မြင်ချင်မိမှာ အမှန်ပါပဲ။
 Ensure everyone gets included
ဂျီမေးလ်ရဲ့ Labs မှာ အသစ်ပါဝင်လာတဲ့ Don’t forget Bob ဆိုတဲ့ လုပ်ဆောင်ချက်လေးပဲဖြစ်ပါတယ်။ သင့် အတွက် ဂျီမေးလ်မှာ မဖြစ်သင့်တာတွေကို မဖြစ်ရအောင် ကာကွယ်ပေးမယ့် နည်းလမ်းပဲဖြစ်ပါတယ်။ ဂျီမေးလ် မှာရှိနေတဲ့ သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင် ပြုလုပ်ပေးပါလိမ့်မယ်။
 Customize Gmail
Apply Different themes
ဂျီမေးလ်ရဲ့ အပြင်အဆင်ကို ဒီထက်ပိုမိုလန်းသွားတာကို မေးလ်အသုံးပြုသူတိုင်း မြင်ချင်မိကြလိမ့်မယ်ထင် တယ်။ ဂျီမေးလ်ရဲ့ အပြင်အဆင်ကို စိတ်ကြိုက်ပုံစံတွေနဲ့ ပြင်ဆင်သတ်မှတ်ထားနိုင်ဖို့အတွက် Setting ထဲကို သာ ၀င်ရောက်လိုက်ပါ။ Themes ဆိုတဲ့နေရာကနေ ကြိုက်နှစ်သက်တဲ့ ပုံစံတစ်ခုပေါ်ကလစ်တချက်နှိပ် Apply လုပ်လိုက်တာနဲ့ လှပတဲ့အပြင်အဆင်လေးတစ်ခု သင့်ဂျီမေးလ်ရဲ့ နောက်ခံဒီဇိုင်းအနေနဲ့ဖြစ်ပေါ်လာပါလိမ့် မယ်။ တကယ်လို့ အသစ်လုပ်လိုက်တဲ့ ဒီဇိုင်းလေးကို မကြိုက်တော့ဘူးဆိုရင်လည်း နောက်ထပ်ပုံစံတစ်ခုကို ထပ်မံပြောင်းလဲနိုင်ဦးမှာ ဖြစ်ပါတယ်။
 Switch to basic HTML View
တခါတရံအင်တာနက် ကွန်နက်ရှန်မကောင်းတဲ့ အချိန်တွေမှာ ပုံမှန်ကြည့်နိုင်ဖို့ ခက်ခဲပါတယ်။ အဲဒီအခါမှာ ဒီ လုပ်ဆောင်ချက်လေးက သင့်ကို မေးလ်တွေ ဖွင့်ဖတ်နိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဂျီမေးလ်ရဲ့ အောက် ဆုံးနားမှာရှိနေတဲ့ HTML View အနေနဲ့ ကြည့်နိုင်ဖို့အတွက် တခုစီစဉ်ပေးထားပါတယ်။ Basic HTML ကို ကလစ်နှိပ်လိုက်ပါ။ သင့်အတွက်အဆင်ပြေစွာနဲ့ ဂျီမေးလ်ကို အသုံးပြုနိုင်ပါလိ့မ်မယ်။
 Create a To-do List
ဂျီမေးလ်မှာ ပါဝင်ထားတဲ့ လုပ်ဆောင်ချက်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ တကယ်တမ်း ဂျီမေးလ်ကိုသာ သေချာနားလည်သွားမယ်ဆိုရင် မေးလ်အသုံး ပြုနေရတဲ့ အချိန်တွေဟာ ပျော်စရာအချိန်တွေဖြစ်လာပါလိ့မ် မယ်။ မဖြစ်မနေနဲ့ အဓိကထားလုပ်ဆောင်ထားသင့်တဲ့ To- do list ကို ပြုလုပ်ထားလိုက်ပါ။ အသေချာဆုံး သော လုပ်ဆောင်ချက်တွေ အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဂျီမေးလ်ရဲ့ လုပ်ဆောင်ချက်တစ်ခုမို့ စမ်းသပ် သုံးစွဲကြည့်လိုက်ပါဦး။
 Search google docs from gmail
ယခုအခါတွင် ဂျီမေးလ်၌ တော်တန်ရုံအရွယ်အစားရှိသော ဖိုင်များကို အလွယ်တကူပေးပို့နိုင်ပြီဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်စေရေးအတွက် ဂျီမေးလ်တွင် Sign in ၀င်ရောက်ပြီးသော အခါ Google DOCS (https://docs.google.com) ကို ၀င်ရောက်လိုက်ရုံသာဖြစ်သည်။ ထိုသို့ ၀င်ရောက်ပြီးသည်နှင့် DOCS ဖိုင်များ ကို ရှာဖွေနိုင်၊ ဖွင့်ဖတ်နိုင်အောင် ပြုလုပ်ထားနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ Search Mail and DOCS လုပ်ဆောင်ချက်ကို Enable ပြုလုပ်ထားရပါမယ်။
 Turn off Labs Features
တကယ်သော ဂျီမေးလ် Labs ဟာ ကျနော်တို့အတွက် မဖြစ်မနေစမ်းသပ်အသုံးပြုသင့်တာတွေကိုသာ ပေးအပ် ထားတဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ တခါတလေမှာ တော့ တခြားဝန်ဆောင်မှုတွေဟာ သူကောင်းတယ် ကိုယ်ကောင်းတယ်ဆိုပြီး ငြင်းခုံခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာတွေ ဘယ်လိုတိုးတက် လာခဲ့တယ်လို့ဆိုဆို Gmail Labs ကတော့ မေးလ်သုံးစွဲသူတိုင်းအတွက် မစွန့်ခွါသင့်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ပါပဲ။
 Use gmail as an MP3 player
ဂျီမေးလ်ဟာ သုံးစွဲတတ်သူတွေအတွက်ဆိုရင် အမှန်တကယ်အသုံးဝင်အရာရောက်တဲ့ နေရာလေးတစ်ခု အဖြစ် သတ်မှတ်ထားကြပါတယ်။ 7.5GB အထိသိမ်းဆည်း ထားနိုင်မယ်ဆိုတာ အရမ်းကို ကောင်းလွန်းတဲ့ နေရာ လေးတစ်ခုပါပဲ။ အခုအဲဒီ ဂျီမေးလ်ကိုပဲ သီချင်းတွေသိုလှောင်သိမ်းဆည်းထားစရာ ပြန်လည်နားဆင်ချင်တဲ့ အခါတွေမှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၀န်ဆောင်မှုကောင်းတစ်ခုဖြစ်တဲ့အတွက် စမ်းသပ်သုံးစွဲကြည့်သင့်ပါ တယ်။ နည်းလမ်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ကိုယ်တင်လိုက်တဲ့ သီချင်းဖိုင်လေးကိုပဲ Play ဒါမှမဟုတ် Download ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
 Turn off Conversation view
ဂျီမေးလ်းမှာ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုရတာကို နှစ်သက်တဲ့သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တောင် တခါတလေသင်နဲ့ မသိတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံမိ တဲ့အခါကျရင် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါ တယ်။ အဲဒီအတွက် သူငယ်ချင်းတွေနဲ့ (Group ထဲမှာရှိနေသူ) ပြောဆိုမဆက်ဆံချင်တော့ဘူးဆိုရင် ဒီလုပ် ဆောင်ချက်လေးကို ပြုလုပ်ထားလိုက်ပါ။ ကိုယ်မသိတဲပ့သူတွေနဲ့ပြောဆိုဆက်ဆံရတာ ခေါင်းရှုပ်စရာကောင်း တာကြောင့်လည်း ပါပါတယ်။ ဂျီမေးလ်ရဲ့ General tab ထဲမှာရှိတဲ့ Conversation view off ကို ရွေးချယ်လိုက် တာနဲ့ သင့်ရဲ့စိတ်ရှုပ်စရာကိစွတွေ ကွယ်ပျောက်သွားပါလိ့မ်မယ်။
 Hide Contacts and Tasks
ဂျီမေးလ် ထဲမှာ Setting တစ်ခုအနေနဲ့ပါဝင်နေတဲ့ Contacts နဲ့ Tasks တို့ကို ကွယ်ဖျောက်ထားလို့ရပါတယ်။ မေးလ်ရဲ့ အပြင်အဆင်ထဲမှာ မျက်စိသိပ်ရှုပ်လာလို့ မမြင်တွေ့ချင်တော့ဘူးဆိုရင် မေးလ်ဆိုတဲ့ ဘေးနားမှာ ရှိနေတဲ့ အမှတ်အသားလေးပေါ် ကလစ်နှိပ်လိုက်လို့ +Sign လေးပေါ်လာရင် ပြန်လည်ဖော်ထုတ်ပေးပြီး Minus Sign လေးဆိုရင်တော့ ကွယ်ဖျောက်ပေးတာပဲဖြစ်ပါတယ်။ ဂျီမေးလ်ရဲ့ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေထဲ က နောက်တခုမို့ အပျင်းပြေစမ်းသပ်ကြည့်လိုက်ကြပါဦး။
 ဒီတစ်ခါတော့ Gmail ရဲ့ အကောင်းဆုံး ADD – ONS 10 ခုကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ ဆက်လက် လေ့လာကြည့်ပြီး ပြုလုပ်ကြည့်ကြပါ။
10 Best Gmail Add- Ons
Google မှာ သူ့ရဲ့ကိုယ်ပိုင်လုပ်ဆောင်ချက်ကောင်းတွေရှိပါတယ်။ ဒါ့အပြင် ဒီထက်ပိုကောင်းအောင်ပြုလုပ်နိုင် မယ့် နည်းလမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အခုအောက်မှာ ရေးသားပေးထားတဲ့ Add – ONS လေးတွေကတော့ Google ကို အကောင်းဆုံးအရည်အသွေးတွေ တိုးတက်လာစေမှာ အမှန်ပါပဲ။
 Integrated gmail
မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေမယ့် Add-on ကောင်းလေးတစ်ခုကို ရရှိလိုက်သလိုပါပဲ။ သင့်အတွက် ဂျီမေးလ်နဲ့ Google အခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Calendar, Reader, Picassa တို့နဲ့ ပေါင်းစပ်ပေးမှာ ဖြစ်ပါ တယ်။
 Active inbox
Gmail ကို လန်းသွားအောင်ပြုလုပ်ပေးနိုင်မယ့် Active inbox လေးပဲဖြစ်ပါတယ်။ Firefox နဲ့ Chrome မှာ အသုံးပြုနိုင်စေဖို့ သွားရောက် Install ပြုလုပ်နိုင်ပါတယ်။
 Google mail checker plus
Chrome extension တစ်ခုဖြစ်ပြီး Google အသုံးပြုသူတွေအတွက် သီးသန့်ဝန်ဆောင်မှုပေးထားတာပဲ ဖြစ်ပါ တယ်။
 Hide Gmail Ads
Gmail ရဲ့ Message တွေနဲ့အတူ ၀င်ရောက်လာမယ့် ကြော်ငြာတွေကို မလာအောင်တားဆီးလို့ရမယ့် Add on ကောင်းလေးပဲဖြစ်ပါတယ်။ Firefox နဲ့ Chrome တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 Remember the milk for gmail
သင့်အတွက် အကောင်းဆုံးအချိန်တွေကို သတိရစေဖို့အတွက်ဆိုရင် ဒီ Add on လေးကို မဖြစ်မနေ သုံးစွဲရပါ လိမ့်မယ်။ Google Calendar နဲ့ ချိတ်ဆက်ပြီး သင့်လုပ်ငန်းဆောင်တာနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို အသိ ပေးမှာ ဖြစ်ပါတယ်။
 Boomerang for gmail
Gmail အတွက် နောက်ထပ် Add on ကောင်းလေးတစ်ခု ဖြစ်ပြီး Firefox နဲ့ Chrome မှာ ထည့်သွင်းအသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ဖို့အတွက်တော့ အပေါ်ကပေးထားတဲ့ Links မှာ ၀င်ရောက်ပြုလုပ်ရမှာပါ။
 Better Gmail 2
Firefox အတွက်ပြုလုပ်ပေးထားတဲ့ Add on ကောင်းလေးဖြစ်ပြီး Gmail ကို သုံးစွဲတဲ့နေရာမှာ အကောင်းဆုံး အရည်အသွေးနဲ့ သုံးစွဲနိုင်အောင်ပြုလုပ်ပေးပါလိမ့်မယ်။
 Gmail Drive
Google အတွက် အကောင်းဆုံးပေးစွမ်းနိုင်မယ့် နေရာကောင်းတွေထဲက တစ်ခုဖြစ်ပြီး ဂျီမေးလ်ကိုပဲ နောက် ထပ် နည်းလမ်းကောင်းလေးတစ်ခုနဲ့ အသုံးချနိုင်မှာ ဖြစ်ပါ တယ်။
 Minimalist for gmail
Gmail ရဲ့အသွင်အပြင်ကို ပြောင်းလဲကြည့်ရှုနိုင်အောင် ပြုလုပ်ပေးမယ့် Add on လေးပဲ ဖြစ်ပါတယ်။ Chrome extension အနေနဲ့လည်း ရရှိနိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုတဲ့သူတွေအတွက် အဆင်ပြေစေပါလိမ့်မယ်။
 Gmail for Android
Google ရဲ့ တချို့လုပ်ဆောင်ချက်တွေဆိုရင် အများသူမမြင်တွေ့နိုင်ပါဘူး။ အသေးစိတ်သေချာလေ့လာနိုင်မှ သာ နားလည်သိရှိသွားတာတွေရှိပါတယ်။ အခု ဒီဝက်ဘ်ဆိုဒ်လေးကလည်း အဲဒီလိုပါပဲ။ သုံးကြည့်လိုက်မှသာ သိသွားပါလိမ့်မယ်။

Gmail Preview

ဒါကတော့ Gmail ရဲ့ Feature အသစ်ပါ။ ရာသီဥတုကြောင့်၊ Computer တွေ Loading ဝိုင်းဆွဲနေတာကြောင့် စတဲ့ စတဲ့ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် Internet
နှေးကွေးလေးလံနေတဲ့ အခါမျိုးမှာတောင် သုံးလို့ရပါတယ်။
သူက Gmail ကို Loading ဆိုပြီး စောင့်နေရတဲ့ အချိန်အတောအတွင်းမှာ ကိုယ့် Inbox ထဲမှာ ဘယ်သူ့ဆီက ဘယ်လိုအရေးကြီးတဲ့ စာတွေရောက်နေသလဲဆိုတာကို
ကြိုပြီးဖော်ပြပေးမယ့် Feature လေးပါပဲ။ ဒါကြောင့် မိုးလင်းတာနဲ့ E-mail စစ်၊ ပြီးမှ ဝင်စာတွေ အရေးကြီးရင် ကြီးသလို ဆုံးဖြတ်ပြီး အလုပ်ဆက်လုပ်ရမယ့် လူတွေအတွက်တော့ အဆင်ပြေသွားပြီလို့
ဆိုနိုင်ပါတယ်။ ဒီ Feature လေးကြောင့် Gmail ကို ဘယ်လိုမှ ဖွင့်လို့မရလို့ ဘာစာရောက်နေမှန်းမသိ၊ ဘာမှလည်း မလုပ်နိုင်ဘဲ တစောင့်စောင့်လုပ်နေရတဲ့ အဖြစ်မျိုး မဖြစ်နိုင်တော့ပါဘူး။
Gmail ကို Loading လုပ်နေချိန်မှာ ကိုယ့်ဆီကို နောက်ဆုံးရောက်နေတဲ့ စာ(၁၀)စောင်ကို ဖော်ပြပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ တကယ့် Inbox မြင်ကွင်းကို ကြိုကြည့်လို့ရတဲ့
သဘောပါပဲ။ သုံးချင်တယ်ဆိုရင်တော့ -
Gmail ==> Setting ==> Labs ==>
Inbox Preview
ဆိုပြီး အဆင့်ဆင့် ဖွင့်သွားပါ။ Labs ထဲရောက်ရင် Inbox Preview ဆိုတာကို ရှာပြီး enable ဆိုတာကို
COLOR=red>Click လုပ်ပေးလိုက်ရုံပါပဲ။ ဒါ့အပြင် မိတ်ဆွေတို့အနေနဲ့ Loading တက်မလာတာကို ပြန်ထွက်ချင်ရင် ထွက်လို့ရအောင် Preview နဲ့အတူ Sign Out button ကိုပါ
တစ်ပါတည်း ထည့်ပေးထားပါသေးတယ်။

မိတ်ဆွေတို့အနေနဲ့ Google ကို အကြံပြုချင်တယ်ဆိုရင်တော့ အပေါ်မှာ ပြောခဲ့အတိုင်း Inbox Preview ကို enable လုပ်လို့ရတဲ့ နေရာကိုထပ်သွားပြီး Feedback ပေးလို့လည်း
ရပါသေးတယ်။

Friday, 16 March 2012

Gmail မှတ်စုတိုလေးများမှ......ဗဟုသုတ..တစ်ရပ်

1.jpg
မိမိအကောက်ပြုလုပ်ခဲ့တဲ့ရက်စွဲကိုသိချင်ရင်အရင်ဆုံး... Gmail ကိုဖွင့်ပါ
ခွေးသွားစိတ်ပုံစံ 1 Setting icon ကိုနှိပ်ပါ  2 Mail setting  ကိုနှိပ်  3 forwarding and POP/IMAP ကိုနှိပ်

ကိုနှိပ်
2.jpg
3  since 00/00/00 သည် မိမိအကောက်စတင်ပြုလုပ်သည့်ရက်စွဲဖြစ်သည်။
မိမိအကောက်တွင်ရှိသော အကောက်ငါးခုကိုမှတ်သားပါ။
security question  ကိုမှတ်သားထားပါ။မိမိအကောက်ကိုပိုလုံခြုံစေချင်ရင်
security question ကိုမြန်မာလို
ပြောင်းလိုက်ပါ answer ကိုလည်းမြန်မာလိုပေးပါ။
Recover Email ကိုမှတ်သားထားပါ။
ကီးလှော်ကာရန်မှဝေးခြင်၇င်အ၇င်ဆုံး memory stick တစ်ခုတွင် notepad လေးပြုကာ
password နှင့် username ကိုရိုက်ထည့်ပါ။....
ချက်ခါနီး copy , paste နည်းပညာဖြင့်သုံးပါ...အကောက်ဝင်ပါ။
hacking များစမ်းသပ်လိုလျှင် Deep freeze ကိုတပ်ပြီး antivirus software ကိုဖြုတ်ထားပါ။
သူများအတင်းလုပ်ခိုင်းသောအရာကိုမလုပ်ပါနှင့်ဥပမာဒါလေးစမ်းကြည့်ပါလားညာလေးစ
စမ်းကြည့်ပါလား စသဖြင့်ပေါ့... အကောက်ဝင်ခါနီးတိုင်း address bar ကိုတစ်ချက်ကြည့်ပါ။..
Gmail>setting >mail setting မှ    always use https ကိုေ၇ွးပြီး save change နှိပ်ပါ။
သီချင်းဖိုင်၊ဓာတ်ပုံဖိုင်၊ဗီဒိုယိုဖိုင်များမဖွင့်မီ...တွင်  file types ကိုတစ်ချက်စစ်ဆေးပါ။
ှုဥပမာ သီချင်းအတွက်... yonelay.mp3 ဆိုလျှင်  file types သည် mp3ဖြစ်သည်။
yonelay.exe ဆိုလျှင် သီချင်းလည်းနားဆင်ရမည်ဖြစ်သလို...ဟက်ကင်းဖိုင်ဖြစ်သည်အတွက်
မိမိပတ်စဝေါ့ပါသွားနိုင်သည်။  မိမိ၏အကောက်နှင့်ပတ်စဝေါ့ပေးရသော ဟက်ကာ ဆော့ဝဲမျိုးကိုမစမ်းသပ်မိပါစေနှင့်..
မိမိကသူများကိုမဟက်ပဲ မိမိသာပြန်အဟက်ခံရတတ်သည်။ FTP နည်းမျှသာစမ်းသပ်မှအဆင်ပြေမည်။...
အမြဲတမ်းစစ်ဆေးဖို့.. အတွက် ဘလော့ပို့များတွင် archives ကိုနှိပ်ပြီး မိမိအကောက်တကယ်ပဲအဟက်
ခံနေရပြီးလား ဘလော့ပို့စ်ကိုတစ်ချက်ပြန်စစ်ဆေးပါ....
ယောင်အဲလင်းဟက်ကင်းနည်းပညာမှကူယူပေါ်ပြသည်။

Saturday, 3 March 2012

Gmail New Style



http://cache.lifehacker.com/assets/resources/2008/08/googleredesigned.png


http://gallery.techarena.in/data/516/Gmail_login_screen.jpg

http://www.browserland.com/images/2008/08/gred_gmail.bmp

http://www.globexdesigns.com/img/gr/screenshots/04.jpg

ပထမဦးဆုံး Stylish Add-On ကို အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ ပြီးမှ Gmail Redesigned ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။

နောက် Style တစ်ခုကတော့ Dark Shiny Blue ဖြစ်ပါတယ်။ သူလည်း Design လှပါတယ်။

http://7.mshcdn.com/wp-content/uploads/2008/04/gmail_dark_shiny_blue.png

Dark Shiny Blue ကတော့ Gmail အပြင် Facebook မှာ လည်း ရပါတယ်။

မိမိမှာ Styllish မရှိသေးဘူးဆိုရင် ပထမဦးဆုံး Stylish Add-On ကို အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ ပြီးမှ Facebook အတွက် ဒီနေရာကနေ ယူပါ။ Gmail အတွက် ဒီနေရာကနေ ယူပါ။


Better Gmail 2 – Fe Mails

ဒီ ဒီဇိုင်းကတော့ မိန်းကလေးတွေအတွက်ပါ။

http://9.mshcdn.com/wp-content/uploads/2008/04/gmail_fe_mails.png


မိမိမှာ Styllish မရှိသေးဘူးဆိုရင် ပထမဦးဆုံး Stylish Add-On ကို အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ ပြီးမှ Gmail အတွက် ဒီနေရာကနေ ယူပါ။

Mac Gmail skin:

    gmail brushed

မိမိမှာ Styllish မရှိသေးဘူးဆိုရင် ပထမဦးဆုံး Stylish Add-On ကို အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ ပြီးမှ Gmail အတွက် ဒီနေရာကနေ ယူပါ။

Google Reader for Snow Leopard 2

Before
After

Gmail အတွက် ဒီနေရာကနေ ယူပါ။
                                                                                            Thank You

Thursday, 1 March 2012

Ning Websiteများမှ check out နှင့် လှုပ်ရှားမှု့အသိပေး email များကို folder ခွဲထားနည်း

မသိသေးသူတွေအတွက်သာဖြစ်ပါတယ် 


အထက်ပါပုံမှာ ပြထားသလို သင်ဝင်ထားသော ning website မှ မျှဝေမေးတခုကို အမှန်ခြစ်ပေးလိုက်ပါ ပြီးလျှင် more action တွင် Filiter Messages Like These ကိုရွေးပေးလိုက်ပါ
အထက်ပါပုံတွင်ဖော်ပြထားသည့်အတိုင်း အီးမေးအကောင့် တခုရှိနေမှာပါ Next Step ကိုကလစ်ပေးလိုက်ပါ

မျှားထောက်ပြထားသော နေရာများတွင် အမှန်ခြစ်ဖြည့်ပေးလိုက်ပါ New Label ကိုရွေးပေးပြီး ဆိုဒ်နံမည်ပေးလိုက်ပါ

Create Filter ကိုကလစ်ပေးလိုက်ပါ

အထက်ပါပုံကတော့ Ning Website တွေကနေ သင်လှုပ်ရှားမှု့ အသိပေး အီးမေးများကို ခွဲထုတ်ရန်ဖြစ်ပါတယ် သင်ဝင်ထားတဲ့ ning website တခုခုက မျှဝေမေးမဟုတ်တဲ့ အီးမေးတခုခုကို အမှန်ခြစ်ပေးလိုက်ပါ
အရင်ဖော်ပြထားသောနည်းလမ်းအတိုင်း more action မှ နေ၍ filter messages like theseရွေးပေးပါ
အထက်ပါပုံအတိုင်း ပေါ်လာမည်ဖြစ်ပါတယ် next stepကလစ်၍ အရင်ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်၍ နံမည်တခုတပ်ပေးလိုက်ပါ

အထက်ပါပြထားသော ပုံအတိုင်း ning website များမှ အီးမေးများကို inboxတွင် မ၀င်စေပဲ လွယ်ကူရှင်းလင်းစွာ သင်ဖတ်ရှု့နိုင်မှာဖြစ်ပါတယ်

အထက်ပါနည်းလမ်းအတိုင်း တခြားဝက်ဆိုဒ်များမှ အီးမေးများကိုလည်း Folder ခွဲထုတ်ထားနိုင်ပါတယ်
ပျော်ရွှင်ပါစေ

Wednesday, 29 February 2012

Gmail စတိုင် အသစ်

ပထမဆုံး လင့်ထဲကို ဝင်လိုက်ပါ ပြီး၇င် Install လုပ်လိုက်ပါ
https://addons.mozilla.org/en-US/firefox/addon/stylish/

Install မလုပ်တက်ဘူးဆို၇င်အောက်က ပုံတွေကြည့်ပြီးလိုက်လုပ်လိုက်ပါ



ဒုတိအဆင့် လင့်ထဲကိုဝင်လိုက်ပါ ပြီး၇င် Install လုပ်လိုက်ပါနော်......

http://www.globexdesigns.com/gr/

အောက်ကပုံတွေကိုကြည့်ပြီးလိုက်လုပ်လိုက်ပါ




Gmailအတွက် Install လုပ်လိုက်ပါ

http://userstyles.org/styles/4374



ဆူးက ဒီဆိုဒ်မှာ အသစ်ပေါ့နော်....... ဒါပိုစ်လေးကရှိပြီးသားလား မရှိသေးဘူးလားတော့မသိပေမယ့် မသိသေးတဲ့သူငယ်ချင်းတွေအတွက် ဗဟုသုတရအောင် တင်ပေးလိုက်တာပါနော်........

G-MAIL မှာ သူငယ်းချင်းတွေ နဲ့စုပြီးချက်ကြရအောင်......

ကျွန်တော်လဲ သိတာလေးတွေ ရှိလာရင် မနေတက်ဘူးဗျ
အားလုံးကိုပြောပြချင်နေတာလေ..အဲတာကြောင့်ကျနော်သိသမျှလေး
ပြောပြလိုက်တယ်ခင်ဗျ..သိပြီးသားဆိုရင်တော့သည်းခံပြီးနေပေးကြပါခင်ဗျာ..
..အဲလွဲတာလေးရှိရင်လဲ  သင်ပြပေးကြပါခင်ဗျာ....ကဲစပြီနော်အရင်ဆုံး
သူငယ်ချင်း  တို့ရဲ့  G-MAIL ကို ဖွင့်ရမှာပါခင်ဗျာ...အဲ ကြိုပြောမည်နော်  G -MAIL မှာပဲသုံးရတယ်ခင်ဗျာ
G-TALK မှာဆိုရင်လဲရပါတယ်..ဒါပေမဲ့G-TALKကဆိုရင် တခါတရံ မြန်မာလို မမြင်ရပါဘူးခင်ဗျာ..
 တော်တော်လေးကြုံထားလို့ပါ ခင်ဗျာ..ကဲ စပြီ
အရင်ဆုံး သယ်ရင်းတို့G-MAIL ကို SIGN IN လုပ်လိုက်ပါ...။
ပြီးရင် သူရင်းတို့  ချက်ခင်တဲ့သယ်ရင်းလေးတွေ ကို ကလစ်လိုက်ပေါ့.....ကျနော်ကတော့ ကလစ်လိုက်ပြီ

ကြည့်တော့အဲတာမျိုးလေးပေါ်လာတယ်ဟုတ်.....အဲတာဆိုရင် သယ်ရင်းတို့က သူနဲ့အပြင် တခြားသူငယ်ချင်းတွေရော တခါတည်းချက်လို့ရပါတယ်
ကြည့်....ဘယ်လိုထည့်ရမလဲဆိုတာအဲနေရာလေးကိုနှိပ်လိုက်ရင်...ဒါမျိုးလေးပေါ်လာပါလိမ့်မည်အဲအကွက်လေးထဲမှာ...ကိုယ်ပေါင်းထည့်ချင်တဲ့ သယ်ရင်းလေး အကောင့် ရိုတ်ထည့်ပေးပါ ခင်ဗျာ..ဥပမာ
အကောင့်တစ်ခု ပေးလိုက်မည်ဗျာ..အဲတာပြီးရင်တော့ invite လုပ်ပြီး ချက်နိုင်ပါပြီ...လူဦးရေ ကတော့ အကန့်အသက်မရှိဘူးဗျ၊။ဒါပေမဲ့သယ်ရင်းတို့အက်လိုက်တဲ့သူက
လက်ခံဖို့လိုတယ်နော်....ဗျ
အဲG -MAIL မှာပဲသုံးရတယ် နော်....
မေ့နေမှာစိုးလို့ဗျ.....
  မြန်မာလိုမမြင်ရရင်တော့  သုံးနေတဲ့သူက G-talk ကနေဖြစ်လိမ့်မည်ဗျ။
....ကဲအားလုံးတပျော်တပါးကြီးချက်နိုင်ကြပါစေဗျာ...။

Gmail မှမဖတ်ရသေးသောစာများရှာနည်း

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် နော်။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားရှင်။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့။ Gmail ကိုဖွင့်ပြီးရင် search box (အပေါ်ဆုံးမှာရှာပါ)ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ်.......

Tuesday, 28 February 2012

GMail ကို Backup လုပ်ကြရအောင်

မေလ်းအဟောင်းလေးထဲကနေ မန်ဘာအသစ်တွေအတွက်ရည်ရွယ်ပါတယ်တစ်ချိန်က ၀ါးတားတားလားမသိတော့ဘူးတင်ခဲ့ဖူးတဲ့ပိုစ့်ပါအဆုံးသတ်လေးဖြည့်ရေးပေးချင်တာနဲ့လဲပြန်တင်လိုက်ခြင်းဖြစ်ပါတယ်ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြလုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ မသိနားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း အားလုံးသိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင် ဖော်ပြလိုက်ရပါတယ်။

ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာစစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲကအကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ
မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာမဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝမသုံး တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။

ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်ကအဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။

Email ကို Back up လုပ်တဲ့ စနစ်လေးပါ။

အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကိုတစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲနာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download
ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။

ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို ပေးထားတတ်တဲ့သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။ မိနစ်ပိုင်းအတွင်းမှာ ကိုယ့်ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email address password ကိုသိနေတဲ့တစ်ခြားလူတစ်ယောက်က download ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ
ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။ ဥပမာပြောရရင် sample@gmail.com က ကိုယ့်ရဲ့mail ထားပါတော့ အခြား မသမာသူ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification codeပါတဲ့ mail တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူတစ်စုံတစ်ယောက်ကပဲ ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင်မသိလိုက်ရပဲ အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူးနောက်ထက် အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို download ချနေမှာပါ။


ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော
့ (၁) မသိသူများအတွက် အသိတစ်ခု တိုးစေဖို့၊
(၂)ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့
(၃) ကိုယ့်ရဲ့ Email တွေကိုback up လုပ်လိုသူများ လုပ်နိုင်ဖို့ အတွက်ပါ။

သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail အသစ်တစ်ခု လုပ်ပါ။

ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကိုအသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။

2. Setting ကို သွားပါ။

3. Account and Import tab ထဲကို ဝင်လိုက်ပါ။


4. Add POP3 email account button ကို click ပါ။


5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ
ခြင်းခံရမည့် account)။

6. Next Step ကို click ပါ။

7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင်
အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။

8. Add Account ကို click ပါ။

9. Next Step ကို ဆက်သွားပါ။

10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။

11. Send Verification botton ကို click ပါ။

12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။
Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span
mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။

13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။

နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။ အားလုံးပဲ
မှန်ကန်စွာအသုံးချနိုင်ကြပါစေ။

မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်းအသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Dataတွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက်
ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့ တစ်ယောက်ယောက် က
ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ သွားပြီ ဆိုပါဆို့။အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကိုတားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားလို့တော့ ရပါသေးတယ်။ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့် ပြည့်စုံကြပါစေ။


ဒါလေးတော့ကျွန်တော်ဖြည့်ရေးလိုက်ပါ့မယ် နောက်ထပ်ကို့မေလ်းတွေကို bck up ချလို့မရတော့အောင်
မိမိဂျီမေးလ် settingိကိုသွားပါ forwarding and POP/IMAP ကိုသွားပါdisable POP ကို အမှန်ခြစ်ပေးလိုက်ပါ save changes ကိုနှိပ်ပါမိမိ ဂျီမေလ်းကို Post Of Protocol (POP) server ကနေ ၀င်ခွင့်ကိုပိတ်လိုက်မှာဖြစ်လို့
bck up ချမဲ့သူက နောက်ပိုင်းမေလ်းတွေကို ရရှိတော့မှာမဟုတ်ပါဆက်လုပ်ရင်လဲ မိမိဂျီမေလ်းအကောင့်ကို သူ bck up လုပ်ရန် ရိုက်လိုက်တာနဲ့Access Denied for this user name & password ဆိုပြီးဖြစ်နေပါ့မယ်

အားလုံးအဆင်ပြေပါစေဗျာ

Monday, 27 February 2012

Facebook , Gmail , Twitter တွေကိုဒီလိုသုံးရအောင်


Pokki လေးနဲမိတ်ဆက်ပေးချင်တယ် ၊ ဒီဟာကတော့ Software လေးလို Gmail , Facebook , Twitter

တွေကို Pokki ဒေါင်းပြီးတော့ Computer မှာလှလှပပသုံးတဲ့အရာလေးပါပဲ။ ဒီ Pokki အကြောင်းလေး

နည်းနည်းရှင်းပြချင်ပါတယ် ဒီ Software ကိုဒေါင်းပြီး Install လိုက်ရင်တော့ အောက်ပုံကိုကြည့်ပေးပါ။

အဲလိုပေါ်လာပါလိမ့်မည်။
ဒီလိုပေါ်လာရင်တော့ အမည်းရောင်လေးနဲ့ပြထားတဲဟာကို  မြင်မယ်လို့ထင်ပါတယ်။ အဲဒါကို Click

လိုက်ပါပြီးရင်တော့ အောက်ပုံလေးလိုပေါ်လာလိမ့်မယ်။ တွေရင်တော့ ကိုယ်ကြိုက်တဲ့ဟာကို ဒေါင်းပါ။

Facebook လား Gmail လား Twitter လာကိုကြိုက်တာကို ဒေါင်းပါ။

Game တွေလဲဒေါင်းလို့ရတယ်။အရမ်းကိုကောင်းပါတယ်။
ဒီဟာကတော့ Twitter လေးပါကြည်ကြည့်ပါအရမ်းလှပါတယ်နော်

Facebook လေးပါအရမ်းကိုကောင်းတယ်။

ဒီဟာကတော့ Gmail လေးပါ။

လိုချင်ရင်တော့ဒေါင်းကြပါအရမ်းကောင်းတယ်။

Pokki ကို ဒီမှာဒေါင်းပါ။

http://dingnoeizolen.blogspot.com

Sunday, 26 February 2012

♥ Gmail IP Spy တဲ့ဗျာ

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခု က Spypig ပါ။

၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။

၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။

၃ ။ Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။

၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။

၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။

ကဲ..အင်တာနက်မှာစိတ်ကွယ်ရာမရှိပါဘူးဗျာ...

မေးလ် မှာ website လင်.လေးတွေတည်.ပြီးသိမ်းထားမယ်

မေးလ်ထဲမှာ website လင်. လေးတွေ သိမ်းကြမယ်သူငယ်ချင်းတို့
website တစ်ခုသိလာပြီးရင် အဲဒီလင်.လေး ဟိုထားဒီထားနဲ့အလုပ်ရှပ်တဲ.ကြပါတယ်
အဲဒီအလိုအလုပ်မများရလေးအောင်ဒီနည်းလေးသုံးကြည်.မယ်
သူငယ်ချင်းတို့အစဉ်ပြေကြာမှာပါ*************

http://www.google.com.my/#hl=en&cp=15&gs_id=8&xhr=t&...
ဒီလင်.လေးကိုအရင်ဝင်လိုက်ပါ
ပြီးရင်အောက်ပါပုံတိုင်:ပေါ်လာပါမည်


ပုံမှာပြထားတဲ.ပန်ရောင်ရှယ်ထားတဲ.

google bookmark ကိုကလစ်ပေးလိုက်ပါ
ဝင်ပြီးသွားရင်ဒီပုံပေါ်လာပါမည်
ပုံမှာပြထားတဲ.အတိုင်:ပဲသူငယ်ချင်းတို့ရဲ့အကောင်.လေးကိုတည်.လိုက်ပါ
ပြီးရင်ဒီပုံလေးပေါ်လာပါမည်


create a new list
ဆိုတာလေးကလိုက်ပေးလိုက်ပါ
ဒီပုံလေးပေါ်လာပါမည
name ဆိုတဲ.နေရာမှာသူငယ်ချင်းကြိုက်တဲ.နမ်မည်ပေးလိုရပါတယ်

Create list ကိုက လိုက်ပေးလိုက်ပါ


ဒီပုံလေးရပါမည်
add ဆိုနေရာလေးမှာသူငယ်ချင်းရဲ့website လင်.လေးကိုတည်.လိုက်ရုံနဲ့သိမ်းထားပြီးသားပါ
ကြိုက်တဲ.website လင်. ကိုပေးသိမ်းပေးပါတယ်

သူငယ်ချင်းများအားလုံးအစဉ်ပြေပါစေဗျာ
သိသလောက်လေးတင်ပြလိုက်ပါတယ်