Showing posts with label firefox. Show all posts
Showing posts with label firefox. Show all posts

Friday, 15 March 2013

Firefox Adds On: Multifox

Mozilla Firefox မှာ​ သုံး​လို့​ရ​နိုင်တဲ့ add-on ပေါင်း များစွာတွေထဲကမှ အကြိုက်တွေ့တာလေး တစ်ခုကို

ဝေမျှလိုက်ပါတယ်။ ပထမဆုံးဝေမျှ ချင်တာကတော့ multifox add-on ပါ။ gmail,facebook အစ​ရှိသြ​ဖ​င့်

username,password ထ​ည့်​​ရ​တဲ့ website မှန်သမျှ​ကို firefox browser တစ်ခု​ထဲ​မှာ  user များ​စွာ​အေ​န​နဲ​႔

တျ​ပိ​ဳင္နက္ထဲ log in ၀​င​္ျ​ပီး​သံုး​လို​႕​ရေ​စ​တဲ့ add on ေ​လး​ျ​ဖစ္ပါ​တ​ယ​္။ gmail ရဲ​႕ multiple sign in လို feature

မ်ိ​ဳး​ပါ​ပဲ။ account ေ​တြ​အမ်ား​ၾကီး​သံုး​တဲ​့ သူ​ေ​တြ​အတြက္ပဲ​ျ​ဖ​စ်ြ​ဖ​စ် ၊ browser တစ်ခု​ပဲ​ရှိ​တဲ့ ​စက်တစ်လုံး​ထဲ​မှာ

 လူနှ​စ်ေ​ယာက် အ​တူ​သုံး​တဲ့​ အခါ​မှာ​ပဲ ဖြစ်ဖြ​စ် multifox add on ကို install လုပ်ထား​ရ​င် အဆ​င်ြေ​ပေ​စ​မှာ​ပါ။

ဥပမာ firefox မှာ facebook user account နှစ်ခု​သုံးချင်ရ​င် တစ်ခု​ကို အရင်ဖွ​င့်ြ​ပီး​တဲ့​အခါ file menu က

Thursday, 26 July 2012

Firefox အတွက် Shortcuts လေးများ




Ctrl+T = Tab အသစ်ကိုခေါ်ယူတာ

Ctrl+PageDown = အရှေ့ Tab သို့ ကူးရင်သုံးတာ

Ctrl+PageUp = အနောက် Tab သို့ ပြန်ကူးတာ

Ctrl + (1-9) = Tab ကျော်ပီးခေါ်တာ ( ဥပမာ Tab သုံးခုဖွင့်ထားတယ်ဆိုရင် 1 ကနေ 3 ကိုကူးချင်ရင် Ctrl+9 ကိုနှိပ်ပီးတော့ သုံးကနေ တစ်ကို ကူးချင်တယ်ဆို ရင် Ctrl+1 ကိုနှိပ်ပါ.)

Ctrl + N = New Window ခေါ်ယူတာ

Ctrl + L or Alt + D or F6 = location bar ကိုသွားတာ

Ctrl + K or Ctrl + E = Search Bar ကိုသွားတာ.

Ctrl + O = local file ကိုဖွင့်တာ.

Ctrl + W = Close tab, or window ( Tab ဖွင့်ထားတာများရင် တစ်ခုချင်းပိတ်တာ.)

Ctrl + Shift + W = Close window ( Tab အများကြီးဖွင့်ထားတဲ့အခါ အကုန်လုံးကိုပိတ်တာ)

Ctrl + S = local file ရဲ့ Page ကို သိမ်းတာ


Ctrl + P = Print page

Ctrl + F or F3 = Open find toolbar.

Ctrl + G or F3 = Find next toolbar

Ctrl + Shift + G or Shift + F3 = Find previous toolbar

Ctrl + B or Ctrl + I = Open Bookmarks sidebar

Ctrl + H = Open History sidebar

Escape = Stop loading page

Ctrl + R or F5 = Reload current page.

Ctrl + Shift + R or Ctrl + F5 = Reload current page

Ctrl + U = View page source

Ctrl + D = Bookmark current page

Ctrl + Equals (+/=) or Ctrl + NumpadPlus = Increase text size

Ctrl + NumpadMinus or Ctrl + Minus = Decrease text size

Ctrl + Numpad 0 or Ctrl + 0 = မူလ text size အရွယ်အစားအတိုင်း

Alt + Left or Backspace = နောက်သို့

Alt + Right or Shift + Backspace = ရှေ့သို့

Alt + Home = Open home page

Ctrl + J = Open Downloads dialog

Shift + F6 = location Frame ကိုဖွင့်ချင်တဲ့အခါ

Apostrophe (’) = Location မှာ ရေးထားတဲ့ Link တွေကို ရှာတာ

Slash (/) = Find text as you type

Ref:http://myokokyaw.blogspot.com/

Thursday, 28 June 2012

မိမိရဲ့ FireFox ကိုအလှဆင်ရအောင်နော်

မိမိကွန်ပျုတာမှာ ရှိနေတဲ့ Firefox ကိုအသစ်အဆန်းလေးနဲ့တမျိုးထူးခြားတဲ့ပုံစံလေးနဲ့
အလှဆင်ကြည့်ရအောင်နော်..ထက်ထက်ရဲ့သူငယ်ချင်းမိန်းကလေးတွေအတွက်
အရောင်နုနုလေးတွေပါ ရှိတယ်နော် ပုံစံအမျိုးမျိုးနဲ့ဒီဇိုင်းပုံစံဆန်းဆန်းလေးတွေပါ
စိတ်ဝင်စားမယ်ဆိုရင်
ဒီနေရာလေးကို သွားကြည့်ရအောင်
Theme လှလှလေးတွေအများကြီးထဲက မိမိကြိုက်ရာကို Click ရွေးလိုက်ပါ။
Continue to Download ကိုအရင်ဆုံး Click နှိပ်လိုက်ပါ


+ Add to Firefox
ကိုထပ်နှိပ်လိုက်ပါ နောက်ဆုံး  ဒီလိုဘောက်စ်လေးထပ်ကျလာပါလိမ့်မယ်


Install Now ကို 
Click နှိပ်ပါ..
ပြီးရင် Shutdown ဘေးကဒေါင့်ကိုနှိပ်လိုက်ပါ   Restart Now ကိုထပ်နှိပ်လိုက်ပါ။
ပြန်တက်လာရင် အောက်ကပုံလှလှလေးတွေအတိုင်း တွေ့ရပါလိမ့်မယ်။


မိန်းကလေးတွေအတွက် အရောင်နုနုလေးတွေလည်းရှိပါတယ်နော် ဒီလိုလေးပေါ့..



မူရင်းလင့်
http://support.mozilla.org/en-US/kb/use-themes-change-look-of-firefox

သူငယ်ချင်းအားလုံးအဆင်ပြေပါစေနော်..မိမိရဲ့ ကွန်ပျုတာမှာရှိတဲ့ Firefox ကိုအလှဆင်နိုင်ပါစေ

Ref: mmitplace.com

Wednesday, 27 June 2012

Firefox ကို 3D Version နဲ့ အမြင်ဆန်းစေဖို့ FoxTab 1.4.5

 
ကျွန်တော် Add-ons လေးတွေကိုတစ်ခါမှမတင်ဖူးပါဘူးဗျာ။တင်ဖို့လည်းစိတ်ကူးမရှိခဲ့ပါဘူး ဒါပေမယ့်အခုတင်ပေးလိုက်တဲ့ Add-ons လေးက အရမ်းကိုလန်းလွန်းလို့ ကျွန်တော်မျှဝေပေးလိုက်ရတာပါ။ ဒီကောင်လေးက Firefox ကို 3D အနေအထားနဲ့
မြင်ရမှာဖြစ်ပါတယ်ဗျာ။Internet ကိုလန်းလန်းလေး သုံးချင်သူများအတွက်ရှယ်ပါဗျာ။
Link ကိုတော့ တိုက်ရိုက်ဘဲ ကျွန်တော်ပြန်တင်ပေးထားပါတယ်ဗျာ။
စမ်းကြည့်ချင်တဲ့သူငယ်ချင်းများအောက်က Link မှာ စမ်းသပ်နိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေဗျာ.....


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGHggYmWp23dYE8BsntE8jj6RPi8eQEGaCDYbXcaZdbkJjEJ_BpYhoVwt-3Vi0Mf9XxKHqKf6rIMqBgr-FvNM7tyqCdRuWDlgmREpSpCoc2v0OopkE7iF4cvWFUoe8VwP7kN_wv2IWOk/s1600/1.Download+Here.gif 
Ref: http://www.mm-flashsongs.com

Tuesday, 26 June 2012

Mozilaf Firefox ( မော်ဇီလာ) မှာ မြန်မာလိုစာလုံးမမြင်ရလျှင် ပြောင်းနည်း။




ဒီနည်းက ဖြစ်တော့ မဖြစ်ဖူးပါဘူး။
သူများတွေ မေးမြန်းလာတာတော့ မော်ဇီလာကို Update လုပ်ရင် ဖြစ်လာတယ်ပြောတာပဲ။
ပြန်ပြင်နည်းကတော့ လွယ်လွယ်လေးပါ။


Tools = Option - Contant ကနေ သွားပြင်ရတာ ပုံမှာတော့ ပြထားပါတယ်။
အဲ့ကနေ အများကြီး ထပ်လုပ်လို့ ရသေးတယ် ။
လမ်းကြောင်းကို ပြထားတာ တချို့  Tools ကိုမပေါ်တာ ရှိတယ် ။
အဲ့လိုအခါမှာ အပေါ်က ဆိုဒ်လိပ်စာဘေးကို R-click ထောက်ပြီး Menu bar ကို
အမှန်ချစ်လိုက်ရင် Tools ပေါ်လာပါတယ်။
အဲ့တော့လိုအပ်တဲ့သူတွေကို လမ်းညွှန်ဖို့ အတွက် တင်လိုက်ပါတယ်......
လိုအပ်ရင် လေ့လာကြည့်နိုင်ပါတယ်။


Friday, 22 June 2012

Youtube Video တွေ Auto Play တာကိုပိတ်ချင်ရင်


Youtube မှာ Video လင့်တွေကိုဖွင့်လိုက်ရင်ပဲ သူ့ဟာသူ Auto Play လုပ်ပါတယ်
ဒီဟာကိုမကြိုက်ရင် အခုကျွန်တော်ပေးတဲ့ Add-on လေးထည့်ပြီးသုံးနိုင်ပါတယ် ခင်ဗျာ
သူ့ကိုသုံးခြင်းအားဖြင့် ဘယ် Video ဖွင့်ဖွင့် Stop အနေထားနဲ့ပဲဖြစ်နေမှာဖြစ်ပါတယ်
ကျွန်တော်သုံးတာတော့ တော်တော်လေးအဆင်ပြေပါတယ် ... သူ့ကို Remove မလုပ်မခြင်းအလုပ်လုပ်နေမှာဖြစ်ပါတယ်
အားသာချက်တစ်ခုက သူ့ကိုသွင်းပြီးတာနဲ့ Firefox တောင် Restart ချစရာမလိုတာပါပဲ
Ref: http://www.mmitpalace.com/

Wednesday, 20 June 2012

မျက်စိနောက် သက်သာစေဖို့ Add On လေးတွေသုံးကြစို့.....:)


ဒီနေ့ ကျနော့သူငယ်ချင်းတွေကို အရမ်းကို အသုံးဝင်တဲ့ Browser Add On လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ......:)




 ကျနော်တို့ နေ့စဉ် အင်တာနက်ထဲမှာ စာတွေဖတ်ဖို့  Software တွေဒေါင်းယူဖို့ ရုပ်ရှင်တွေ ကြည့်ဖို့ တစ်ဆိုက်ဒ်ဝင် တစ်ဆိုက်ဒ်ထွက်နဲ့ လည်ပတ် လေ့လာ ရှာဖွေကြည့်ရှု့ကြတဲ့အခါ အင်တာနက်စာမျက် တစ်ခုဖွင့်လိုက်ရင် အပေါ်က ပုံလေးတွေထဲကလို ခုန်ပေါက်နေတဲ့ မျက်စိနောက်စရာ ကြော်ငြာ အမျိုးမျိုး တွေကို အားလုံးသတိထားမိကြမယ် ထင်ပါတယ်...စာလေး တစ်ကြောင်း နှစ်ကြောင်း ဖတ်ချင်လို့ ဝက်ဆိုက်ဒ် စာမျက်နှာလေး တစ်ခုဖွင့်လိုက်ပါတယ် လာပြန်ပြီေxာက် ကြော်ငြာ ....:)  တစ်ခုခုကို Download ဆွဲတော့မယ်ဆိုရင်လည်း Adf.ly ဆိုတဲ့ ဆိုက်ဒ် ကို ရောက်သွားရင် စာမျက်နှာ တစ်ခုလုံးမှာ မူးနောက်နေအောင် ကြော်ငြာလေးတွေ ခုန်ပေါက်နေကြပြန်ပါတယ်... ရုပ်ရှင်ကြည့်မလို့ YouTube ကိုသွားတော့လည်း ထို့အတူပါပဲ ...သူတို့လေးတွေကို သွားပြီး Click မိ ထိမိရင်လည်း သူတို့ရဲ့ ကြော်ငြာဆိုက်ဒ်ထဲကနေ တော်တော်နဲ့ ပြန်မလွှတ်တတ်ပါဘူး... Leave this page Yes (or) No ဘာညာဆိုပြီး Virus တွေရှိတဲ့နေရာကို အတင်းဆွဲခေါ်နေတတ်ပါတယ်....:(

အဲ့ဒီ မလိုအပ်တဲ့ ကြော်ငြာတွေကို ကိုယ်ဖွင့်နေတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ မပေါ်စေချင်ဘူး ဆိုရင် ဒီအောက်မှာ တင်ထားပေးတဲ့ Link လေးတွေကနေ တစ်ဆင့် မိမိတို့ရဲ့ သက်ဆိုင်ရာ Browser တွေမှာ Add ပေးလိုက်ပါ...Setting လေးတွေကိုတော့ မိမိ ကြိုက်သလို ပြင်လိုက်ပေါ့ဗျာ ကျနော်ကတော့ ဘယ် Setting ကိုမှ ပြင်မပေးတော့ဘဲ ဒီအတိုင်းသုံးနေပါတယ်...။
အရမ်း အရမ်းကိုလဲ မျက်စိနောက် သက်သာ သွားစေပါတယ်...:)

ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်ကတော့ အမှန်အကန် ကြိုက်သွားပြီဗျာ.....ဟီးးးး Add on ကိုပြောတာပါ....:D

 Chorme Browser အတွက်  ဒီနေရာ ကိုသွားပြီး ADD TO CHORME ကိုနှိပ်ပြီး Add ပေးလိုက်ပါ..။

Firefox Browsre အတွက်ကိုတော့ ဒီနေရာကို သွားပြီး Add To Firefox ကို နှိပ်ပေးလိုက်ပါ.. ပြီးရင် Firefox Browser ကို Restart လုပ်ပေးလိုက်ပါ..။

IE Browser အတွက်ကို ဒီနေရာက နေ Download Install လုပ်ပါ..။

Safiri Browser အတွက်ကိုတော့ ဒီနေရာ ကနေတစ်ဆင့် Add ပေးနိုင်ပါတယ်...။

Opera Browser အတွက်ကတော့ ဒီနေရာ လေးကို သွားလိုက်ပါ...။

ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်နော်.....:)

အားလုံးပျော်ရွှင်ခြင်းများဖြင့် ပြည်စုံကြပါစေ......


ဝင်းကမ္ဘာကျော် (Software နှင့် နည်းပညာ)


Ref: http://www.winkabarkyaw.co.cc

Wednesday, 21 March 2012

ကိုယ့်ဖွင့်တဲ့ site တွေမှ Code တွေကိုကြည့်နည်း


ဒီ Add-on ကတော့ မိမိတို့ Keyboard ကနေ ctrl+U ကို နိုပ်ပြီ web site တွေရဲ့ page

source တွေကိုကြည့်လို့ရပါတယ်။ နောက် view button ကနေ page source ကို click ပြီ ကြည့်လို့ရပါတယ်။

ကြည့်ပြီတော့ ကိုယ့်ရေးနေတဲ့ Blog တွေ web page တွေ အတွက် Html ကို လေ့လာနေတဲ့သူတွေ

အတွက် အသုံးဝင်ပါတယ်။ အပေါ်က နည်းတွေ အပြင် ကျွန်တော် တင်ပြမယ့် Add-on ကတော့

ပိုပြီကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ သူက Style တွေ layout တွေကိုပါ ကြည့်နိုင်ပါတယ်

အပိုင်းလိုက် ခွဲကြည့်လို့ အဆင်ပြေနိုင်ပါတယ်။လေ့လာလို့ရတာပေါ့ သူတို့ ဘယ်လိုရေးထာလဲဆိုတာ

1. ပထမ ဒီဆိုဒ်ကို click လိုက်ပါ။ https://addons.mozilla.org/en-US/firefox/addons/versions/1843

။ အောက်ပါအတိုင်းကျလာပါမည်။ အဲဒီမှာ version တွေ အများကြီးပါပါတယ်။ ကျွန်တော်ကတော့

အပေါ်က version ကိုဘဲရွေးလိုက်ပါတယ်။ ၀ိုင်းထားတဲ့နေရာမှ Add to Firefox ကို click လိုက်ပါ။




2. ကျန်တဲ့ အပိုင်းတွေကတော့ ပထမဆုံဖော်ပြခဲ့တဲ့ နည်းတွေလိုပါဘဲ Install Now ကို click လိုက် firefox ကို

restart ချလိုက်ရင် ပြီးပါပြီ။ အထက်ပါအဆင့်တွေပြီရင်တော့ firefox ရဲ့အောက်ခြေမှာ အကောင်

ပုံလေးတွေ့ရမှာပါ( ကျွန်တော်ကတော့ spider လို့ခေါ်လိုက်တယ်) ကိုယ့် ဖွင့်ထားတဲ့ ဆိုဒ်ရဲ့

code တွေကိုလေ့လာချင်ရင် အဲဒါလေးကို click လိုက်ရင် အောက်ပါအတိုင်းတွေ့ရမှာပါ။

ဘလော့ဂ်ရေးနေတဲ့သူတွေ web site ရေးနေတဲ့သူတွေအတွက် ပညာရတာပေါ့ခင်ဗျာ။

Saturday, 17 March 2012

Firefox မှာ Site ကို Block ထားချင်ရင်


firefox ကနေ ကိုယ် မကြည့်စေချင်တဲ့ Site ကို အချိန်ဘယ်လောက်ပိတ်ထားမလဲ .. ၁ နာရီလား ၂ နာရီလား ... ၁ ရက်လား ၁ပတ်လား စသဖြင့် အချိန်ပေးပြီးတော့လည်းပိတ်လို့ရပါတယ် .. အချိန်တိုင်းပိတ်ထားချင်ရင်လည်း ရပါတယ် .... ဒါပေမယ့် ဒီနည်း နဲ့ပိတ်ထားတယ်ဆိုရင်တော့ ကွန်ပျူတာအကြောင်းကို နည်းနည်းလောက်သိတဲ့သူတွေအနေနဲ့ ဆိုရင် ကိုယ် သွင်းထားတဲ့ add-on ကလေးကို ဖြုတ်ပြီးတော့ အလွယ်တကူပဲ ၀င်သွားမှာ ဖြစ်ပါတယ် ... :) ဒီနည်းကလေးကို လုပ်မယ်ဆိုရင်တော့ အရင်ဆုံး အောက်မှာပေးထားတဲ့ link ကလေးကနေပြီးတော့ စပြီးတော့ သွားပါ့မယ် ...


https://addons.mozilla.org/en-US/firefox/downloads/latest/4476


အဲဒီ့ add-on ကလေးကို အရင်ဆုံး Firefox ထဲမှာ ထည့်လိုက်ပါ.
ပြီးရင်တော့ firefox => tool => leechBlock => option ဆိုပြီးတော့ သွားလိုက်ပါခင်ဗျာ...
အဲဒါဆိုရင် အောက်က Box ပုံစံကလေးပေါ်လာပါ့မယ် .. အဲဒီ့မှာ ကိုယ် block ချင်တဲ့ site တွေကို ထည့်ပြီးတော့ အချိန်တွေဘာတွေထည့်ပြီးစမ်းကြည့်လိုက်ပါ.. အဆင်ပြေပါစေခင်ဗျာ .....

http://www.eainmatnanntaw.com

Thursday, 15 March 2012

အသုံးဝင်တဲ့ FirefoxAdd-On လေးများ

ကျွန်တော်တို့ Browser တွေထဲမှာမြန်မာဆိုဒ်တွေကိုဖတ်ဖို့ေ၇းဖို့အတွက်အဆင်အပြေဆုံးနဲ့လူသုံးအများဆုံး
ဖြစ်တဲ့ Firefox ၇ဲ့အသုံးဝင်တဲ့ Add-On လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်..။Firefox ကိုပုံမှန်အတိုင်းသုံး
နေတာထက်အခုလို Add-On လေးတွေနဲ့ပိုပြီးအဆင်ပြေအောင်သုံးကြည့်လို့၇ပါတယ်..။ကျွန်တော်တို့ Add
-On တစ်ခုခြင်း၇ဲ့အသုံးဝင်ပုံလေးတွေကိုလေ့လာကြည့်၇အောင်ဗျာ...

1.Cool Preview 

               ဒီ Add-On လေးကဘယ်နေ၇ာတွေမှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဖတ်ချင်တဲ့အကြောင်း
အ၇ာတစ်ခုကို Google ကနေ၇ိုက်ပြီး၇ှာတဲ့အခါမှာအဲ့ဒီအကြောင်းအ၇ာနဲ့ပါတ်သတ်ပြီးေ၇းထားတဲ့ Website
တွေအများကြီးပေါ်လာပါလိမ့်မယ်..။ကျွန်တော်တို့က Cool Preview ဆိုတဲ့ Add On လေးကို Install လုပ်
ထားလိုက်၇င် Website တွေကိုတစ်ခုခြင်းလိုက်ဖွင့်ကြည့်နေစ၇ာမလိုပဲ Cool Preview Button လေးကို
နှိပ်လိုက်ယုံနဲ့မိမိတို့ဖွင့်ကြည့်ချင်တဲ့ Website ကို Preview အနေနဲ့ကြည့်လို့၇မှာဖြစ်ပါတယ်..။အောက်မှာ
ကျွန်တော်ပုံလေးနဲ့လဲပြထားပါတယ်..
Cool Preview Add-On လေးကိုတော့  ဒီလင့်လေး  ကနေသွားပြီး Install လုပ်လိုက်ပါ.။Install လုပ်ပြီးပြီ
ဆို၇င် Firefox လေးကို Restart ချပေးလိုက်ပါ.။Firefox လေးပြန်ပွင့်လာပြီဆို၇င်တော့အခု Add-on လေး
ကိုသုံးလို့၇သွားပါပြီ..။
 

2. Web Mail Notifier
ဒီ Add-On လေးကတော့မိမိတို့၇ဲ့ G-Mail မှာ Mail အသစ်ဘယ်နှစ်စောင်ဝင်လာတယ်ဆိုတာကိုဒီ Add-On
လေးကို Install လုပ်ထားယုံနဲ့အလွယ်တကူသိ၇ှိနိုင်မှာဖြစ်ပါတယ်..။G-Mail အကောင့်ကိုဖွင့်ကြည့်နေစ၇ာ
မလိုပဲနဲ့ Firefox ၇ဲ့အောက်ဘက်မှာ၇ှိတဲ့ Mail Box ပုံလေးကိုကြည့်လိုက်ယုံနဲ့အလွယ်တကူသိ၇ှိနိုင်မှာဖြစ်ပါ
တယ်..။
Web Mail Notifier လေးကိုတော့ ဒီလင့်လေး  ကနေသွားပြီး Install လုပ်လိုက်ပါ...။
3. Read it Later 
ဒီ Add-On လေးကတော့မိမိတို့ဖတ်ချင်တဲ့ Webpage စာမျက်နှာများကိုအလွယ်တကူမှတ်သားပြီးကြိုက်တဲ့
အချိန်မှာအဆင်ပြေပြေနဲ့ဖတ်နိုင်မှာဖြစ်ပါတယ်.။အ၇င်ဆုံး Read it later လေးကိုမသုံးမှီအကောင့်တစ်ခု
ဖောက်ဖို့တော့လိုပါတယ်..။ဒီ Add-On လေးကို Install လုပ်ပြီးတဲ့အခါမှာ Firefox လေးကို Restart ချ
လိုက်ပါ.။Firefox လေးပြန်ပွင့်လာတဲ့အချိန်မှာ Sign in ၀င်ခိုင်းပါလိမ့်မယ်.။မိမိတို့ကအခုမှစပြီးသုံးမှာဖြစ်
တဲ့အတွက်စိတ်ကြိုက်နာမည်နဲ့အကောင့်တစ်ခုဖောက်ပေးလိုက်ပါ..။ပြီး၇င်တော့ကျွန်တော်အောက်မှာဖော်ပြ
ထားတဲ့နည်းလမ်းလေးအတိုင်းအဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်..။
Read it Later လေးကိုတော့ ဒီလင့်လေး  ကနေသွားပြီး Install လုပ်လိုက်ပါ..။
4.  Fastest Fox
  
ဒီ Add-On လေးကတော့မိမိတို့၇ှာချင်တဲ့ Link လေးကို Select  လုပ်လိုက်တာနဲ့ Copy , Paste လုပ်နေစ
၇ာမလိုပဲ Auto-Load လုပ်ပြီးနောက်ထပ်စာမျက်နှာတစ်ခုမှာအဆင်သင့်၇ှာပြီးသားဖြစ်နေတာကိုတွေ့ ၇မှာ
ဖြစ်ပါတယ်..။Google , Wiki Pedia , Duck Duck Go နဲ့ Surf Canyon တို့မှာ Search လုပ်ပေးမှာဖြစ်ပါ
တယ်..။ပြီး၇င်ဒီ Add-On လေးကို Install လုပ်ထားခြင်းဖြင့်အချို့သော Webpage စာမျက်နှာများကိုစာမျက်
နှာတစ်ခုချင်းလိုက်ဖွင့်နေစ၇ာမလိုပဲ Auto Show လုပ်ပေးနေမှာဖြစ်ပါတယ်..။
Fastest Fox လေးကိုတော့ ဒီလင့်လေး  ကနေသွားပြီး Install လုပ်ပေးလိုက်ပါ...

Uninstall လုပ်နည်း

ကျွန်တော် Firefox Add-on လေးတွေကိုဘယ်လိုသုံး၇မယ်ဆိုတာ၇ှုင်းပြပြီးပြီဆိုတော့ဒီကောင်လေးတွေကို
မသုံးချင်တော့လို့ပြန်ပြီး Uninstall လုပ်ချင်သူများအတွက်လဲဘယ်လို Uninstall လုပ်၇မလဲဆိုတဲ့နည်းလမ်း
လေးကိုပါတစ်ခါထဲပြောပြပေးသွားပါမယ်..။အ၇င်ဆုံး Firefox ၇ဲ့ Menu Tab ထဲက Tools ကိုသွားပါ..။ပြီး၇င်
ဆက်လုပ်၇မဲ့နည်းလမ်းလေးကိုတော့ပုံလေးတွေနဲ့ပြပေးထားပါတယ်..။



အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ...

                                                    http://www.nayminmaung.info/

Facebook အပါအဝင် ပုံများကို Zoom ဖြင့် ကြည့်ရအောင်

ပထမဦးဆုံး ပြောချင်တာကတော့ ဒီပို့စ်ဟာ Mozilla Firefox သုံးသူများ အတွက်သာ ဖြစ်ပါတယ်။ ကျန်သော ဘရောက်ဇာများ အတွက် မဟုတ်ပါဘူး။ ဒါကြောင့် တခြားသော ဘရောက်ဇာ သုံးသူများကိုတော့ ကြိုပြီးတော့ တောင်းပန် ထားရမှာပါပဲ။

       ဒါဆိုရင် မော်ဇီလာ သုံးသူများ အတွက်ကို ပြောပြပေးပါ့မယ်။ ဒါလေးကို ဘာကြောင့် သုံးသင့်လဲ ဆိုတော့ အထူးသဖြင့် နှေးကွေး လေးလံလှသော မြန်မာနိုင်ငံရဲ့ အင်တာနက် အနှေးနှုန်းနဲ့ ဆိုရင် google မှာ ကိုယ်ရှာနေသော ပုံတစ်ပုံကို မြင်ရအောင် ၊ Facebook မှာ ကိုယ်ကြည့်ချင်သော ပုံတစ်ပုံကို ကြည့်လို့ရအောင် ဆိုတာ ထိုပုံဆီကို ရောက်အောင် သွားနေတာနဲ့ အချိန် အလွန်ကုန်ပါတယ်။
     ဒါကြောင့် ဒီပုံပြီး နောက်တစ်ပုံကို သွားကြည့်တဲ့ အချိန်ဟာ အလွန်ကြာလို့ Facebook အပါအဝင် တခြားသော နေရာများမှ ပုံများကို အသေးစိတ် မြင်ဖို့ အတွက် တစ်ပုံပြီး တစ်ပုံ ကလစ်နှိပ်ကာ သွားရောက် ကြည့်ရှု့ရန် မလိုတော့ခြင်းပါပဲ။ မောက်စ်ရဲ့ ကာဆာလေးကို ကိုယ်ကြည့်ချင်သော ပုံလေးပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သူ့ဖာသာ Zoom ဆွဲပြီး ပုံကြီး ချဲ့ပေးမှာ ဖြစ်ပါတယ်။
     ဒီမှာ ကိုယ်ကြိုက်တာကို ရွေးခြယ်ခွင့် ရှိပါတယ်။ အခု သုံးစွဲမဲ့သူဟာ Facebook မှ ပုံတွေကိုပဲ Zoom ဆွဲကြည့်မှာလား ၊ ဒါမှမဟုတ် google image မှ ပုံတွေ အပါအဝင် တခြားသော ( ၁၇ ) မျိုးသော နေရာများမှ ပုံတွေကို Zoom ဆွဲကြည့်မှာလား ဆိုတာကိုတော့ ကိုယ့်ဖာသာ ရွေးရပါလိမ့်မယ်။ ဒီအတွက် ပထမဦးဆုံး အောက်က ပုံလေးကို နှိပ်ပြီး အဲဒီနေရာကို သွားလိုက်ပါ။

      အဲဒီနေရာကို ရောက်ပြီ ဆိုရင် များလှစွာသော add on တွေထဲမှ ရွေးစရာ နှစ်ခု ရှိပါတယ်။ အပေါ်ဆုံးသော နှစ်ခုကိုပဲ ကျွန်တော်တို့ အသုံးပြုပါ့မယ်။ အောက်က ပုံလေးကို ထပ်ကြည့်ပါ။
     
      ဒီနေရာကို ရောက်ပြီ ဆိုရင် ကိုယ်က Facebook အတွက်ပဲ သုံးမယ် ဆိုရင်တော့ အပေါ်က ကျွန်တော် နံပါတ် ( ၁ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။ ဒီလို မဟုတ်ဘဲ ကိုယ်ကတော့ Facebook , google , Twitter , Wikipedia အစရှိသော ( ၁၇ ) မျိုးသော ဆိုက်တွေမှာ ရှိတဲ့ ပုံတွေကို Zoom ချဲ့ကြည့်ဖို့ သုံးမယ် ဆိုရင်တော့ ကျွန်တော် နံပါတ် ( ၂ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။     

       ကျွန်တော်ကတော့ Facebook တစ်ခုတည်း အတွက် မဟုတ်ဘဲ ၊ ( ၁၇ ) မျိုးလုံး ကြည့်ဖို့အတွက် ဆိုတော့ နံပါတ် ( ၂ ) ကိုပဲ နှိပ်လိုက်ပါမယ်။ အားလုံးကိုလည်း နံပါတ် ( ၂ ) ကိုပဲ နှိပ်ဖို့ အကြံပြုလိုပါတယ်။        ဒါဆိုရင် အောက်က ပုံပါ အတိုင်း Install လုပ်ရန် အကွက်လေး ထပ်ပေါ်လာပါ့မယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပုံလေးနဲ့ အောက်မှာ ထပ်ရှင်းပြထားပါတယ်။
      
        ဒါလေးကို နှိပ်လိုက်တယ် ဆိုရင် သူ့ဖာသာ Install လုပ်ပါလိမ့်မယ်။ Install လုပ်လို့ ပြီးရင် ဒီအတိုင်း သုံးလို့ မရသေးပါဘူး။ အခု ဖွင့်ထားသော မော်ဇီလာကို Restart လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီ Add on လေးကို သွင်းတော့မယ် ဆိုရင် ကိုယ့်ဖွင့်ထားတဲ့ မော်ဇီလာက အရာတွေကို ( ဥပမာ - ဘလော့ ရေးနေရင် အရင် save ထားဖို့ လိုပါတယ်။ ) ခဏ မသုံးတာ ကောင်းပါတယ်။         ဒီနေရာမှာ ကျွန်တော် ခဏခဏ ပြောနေရလို့ နည်းနည်းလောက် ပြောချင်ပါတယ်။ မော်ဇီလာ Restart ဖြစ်တယ် ဆိုတာ စက်ကြီးပိတ်ပြီး Windows Restart ဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်ဖွင့်ထားသော ဘရောက်ဇာ မော်ဇီလာသာ Restart ဖြစ်သွားမှာ ဖြစ်ပါတယ်။  ပိုရှင်းရန် အောက်က ပုံလေးကို ကြည့်ပါ။
    
       ဒါဆိုရင် မော်ဇီလာ ဘရောက်ဇာက ဖွင့်ထားသမျှတွေကို သူ့ဖာသာ ပိတ်ပြီးတော့ သူ့ဖာသာ Restart လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ခုနက ကိုယ်ဖွင့်ထားသမျှ Tab တွေ အတိုင်း မော်ဇီလာ ပြန်ပွင့်လာပါလိမ့်မယ်။ ဒါဆိုရင် သုံးလို့ အဆင်သင့် ဖြစ်ပါပြီ။ မော်ဇီလာရဲ့ Navigation Toolbar မှာ အပြာရောင်နဲ့ Z ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ အဲ . . . Navigation Toolbar ဆိုတာ www. ဆိုပြီး ရှာတဲ့  Reload , Stop , Home , Address စတာတွေ ပါတဲ့ ဘာတန်းလေးပေါ့ဗျာ။ အခုတော့ အိမ်ပုံစံလေးရဲ့ ဘေးမှာ အပြာရောင်လေးနဲ့ Z ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။
    
           ဒါဆိုရင် Photo Zoom ကို စပြီး သုံးလို့ ရပါပြီ။ ဒီ Z ကလေးရဲ့ ညာဘက်ဘေး အောက်စိုက်နေတဲ့ မြားလေးကို နှိပ်လိုက်မယ် ဆိုရင် သူ့မှာ ပါတဲ့ အသုံးဝင် အလုပ်လုပ်သော ဆိုက်တွေကို ဖော်ပြထားပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။
       
      ဒီလို ပေါ်လာရင်တော့ အဲဒီဘောင်လေးရဲ့ အောက်ဆုံးမှာ ရှိတဲ့ Setting ကို နှိပ်လိုက်ရင်တော့ အောက်က ပုံလေး အတိုင်း ပေါ်လာမှာပါ။

       ဒါဆိုရင်တော့ ကိုယ်က ဘယ်ဆိုက်က ပုံကိုတော့ Zoom နဲ့ ကြည့်မယ်။ ဘယ်ဆိုက်ကိုတော့ မကြည့်ဘူး ဆိုပြီးတော့ အမှန်ခြစ်လေးတွေ ခြစ်လိုက် ဖြုတ်လိုက် လုပ်ပြီးတော့ ချိန်းလို့ ရပါတယ်။ အပေါ်မှာလည်း Setting အနေနဲ့ ပါပါသေးတယ်။ ဒါတွေက သိပ်မလိုအပ်လို့ ဘာမှ မရေးတော့ပါဘူး။ ကိုယ့်ဖာသာ ကလိကြည့်ပါ။        ဒါဆိုရင် Add on Install လုပ်လို့ အလုံးစုံ ပြီးပြည့်စုံသွားပါပြီ။ ဒါကို ကျွန်တော်တို့ အသုံးပြုတဲ့ အခါမှာ ဘယ်လို အသုံးဝင်တယ် ဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်။ ပထမဦးဆုံး Facebook နဲ့ စမ်းကြည့်ရအောင်။ Facebook ရဲ့ Home မှာ ပေါ်နေတဲ့ ပုံတွေပါ။ အောက်က ပုံကို ကြည့်ပါ။

      မူရင်းမြင်နေရသော ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာ မြားလေးကို တင်ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ်တင်လိုက်တဲ့ ပုံက အလိုလို Zoom ဆွဲပြီး တတ်လာပါလိမ့်မယ်။ အောက်က ပုံလေး အတိုင်းပေါ့။

       ဒီပုံကတော့ ပုံတွေ သိမ်းထားတဲ့ ဖိုင်တစ်ခုကို ဖွင့်လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း ပုံတွေ ရှိသလောက် အသေးလေးတွေနဲ့ ပြထားပါလိမ့်မယ်။  အောက်က ပုံအတိုင်းပေါ့။

        ဒါကို ပုံကြီးနဲ့ ကြည့်ချင်တယ် ဆိုရင် ပုံကို ကလစ်နှိပ်ပြီး  ချဲ့ကြည့်ရပါမယ်။ အခုတော့ မလိုတော့ပါဘူး အဲဒီလို မြင်နေရတဲ့  ပုံသေးသေးလေးတွေပေါ်မှာ မောက်စ်ရဲ့ ကာဆာကို တင်လိုက်တာနဲ့ ပုံတွေက အလိုလို  Zoom ဆွဲပြီး ကြီးလာပါလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။

      လူတစ်ယောက်ရဲ့ Profile Picture ကိုလည်း မသဲကွဲလို့ ၊ အပြည့်မပေါ်လို့ ဆိုပြီး ကလစ်နှိပ်ကြည့်စရာ မလိုပါဘူး။ အခုလိုပဲ မောက်စ် ကာဆာလေး တင်လိုက်တာနဲ့ သူက Zoom ဆွဲပြီး အကြီး ချဲ့ပေးပါတယ်။

        အိမ်မှာ ချက်ပြုတ်ပြီး Facebook မှာ ချက်ပြုတ်ထားသမျှတွေကို တင်ကာ သူများတွေကို သွားရည်ကျစေသော ပုံများကိုလည်း အခုလို မောက်စ် ကာဆာလေး တင်ကာ သွားရည်ကျနိုင်ပါတယ်။ အွန်လိုင်းပေါ်မှ နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ :) :)

      ဒီလောက် ဆိုရင် Facebook မှ ပုံတွေ အတွက် အဆင်ပြေလောက်ပြီလို့ ယူဆပါတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။ အတော်ကို ကောင်းမွန်ပြီး လွယ်ကူတာ တွေ့ရပါလိမ့်မယ်။ တစ်ခု ရှိတာက “ အဓိက ကတော့ အင်တာနက် ကွန်နက်ရှင် အနှေး ၊ အမြန်ကို လိုက်ပြီးတော့ ပုံတွေ ပေါ်ဖို့ကတော့ ကြာပါလိမ့်မယ် ” ဆိုတာကိုတော့ အထူး ပြောဖို့ မလိုပေမဲ့ ထပ်ပြီးတော့ သတိပေး ပြောလိုက်ပါရစေ။    

     ဒါဆို အခု ထပ်ပြီးတော့ Google Image က ပုံတွေကို စမ်းကြည့်ရအောင်။ ထုံးစံ အတိုင်း Google ကို ဝင်ပါ။ ပြီးရင် Images ကို ထပ်သွားပါ။ ရောက်ပြီ ဆိုရင် ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးပြီး ရှာလိုက်ပါ။ ကျွန်တော်ကတော့ ပုရွက်ဆိတ် ဆိုပြီး ( ant ) လို့ပဲ ရှာလိုက်ပါတယ်။ ဒီတော့ ပုရွတ်ဆိတ်နဲ့ ပတ်သတ်တဲ့ ပုံတွေ အကုန် ကျလာပါလိမ့်မယ်။      

      အဲဒီလို ပုံတွေထဲက ကိုယ်ကြည့်ချင်တဲ့ ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာလေး ချလိုက်ရင် သူ့အလိုလို Google Image က Zoom ဆွဲကာ ပုံကို ချဲ့ပြပါလိမ့်မယ်။ ဒါပေမဲ့ သူချဲ့ပြတဲ့ ပုံက အနည်းငယ်သာ ဖြစ်လို့ သေးငယ်ပါတယ်။ ဒါကို ဒီ Add on လေး ထည့်ထားရင်တော့ သူက Google Image က ချဲ့ပေးတဲ့ Zoom ထက် တင်ထားသော ပုံရဲ့ နဂိုမူလ အရွယ်အစားအတိုင်း ချဲ့ပြပါလိမ့်မယ်။ အောက်က ပုံကတော့ Google Image မှ ချဲ့ပြထားသော ပုံနှင့် ထပ်၍ ချဲ့ရန် အတွက် Loading လုပ်နေသော ပုံလေးပဲ ဖြစ်ပါတယ်။

       ဒီပုံကတော့ Google Image မှ ချဲ့ပေးသော ပုံနှင့် Z Zoom က ချဲ့ပေးသော ပုံကို ယှဉ်ပြထားတာ ဖြစ်ပါတယ်။

         ဒီ Add on လေးကို ဘာလို့ သုံးရလဲဆို အဓိက အားဖြင့်တော့ စာမျက်နှာ တစ်မျက်နှာမှ တစ်မျက်နှာသို့ ကူးပြောင်းသော  အချိန်ကုန်မှုကို သက်သာစေပါတယ်။ တန်းစီ မြင်နေတဲ့ ပုံတွေပေါ်မှာ မောက်စ်ရဲ့  ကာဆာလေးကို တင်လိုက်တာနဲ့ သူ့ဖာသာ Zoom ဆွဲပြီး ချဲ့ပေးတာကို  ကြည့်နိုင်ပါတယ်။ ပုံတစ်ပုံကို အကြီးချဲ့ပြီး မြင်ရအောင် စာမျက်နှာ တစ်မျက်နှာကနေ နောက်ထပ် တစ်မျက်နှာ ပြောင်းနေစရာ မလိုတော့ဘူးပေါ့။       

        ကျွန်တော့် အတွက်ကတော့ အရမ်းကို အဆင်ပြေပါတယ်။ အားလုံးကိုလည်း အဆင်ပြေပြေ နဲ့ အချိန်ကုန် သက်သာစွာ အင်တာနက် သုံးစေချင်လို့ ဒီ Add on လေးကို သုံးစေချင်ပါတယ်။ စမ်းသုံးကြည့်ပါ။       

         သုံးလို့ အဆင်မပြေဘူး ဆိုရင် အရှေ့က မော်နီတာကို တူနဲ့ ထုပါ။ အဆင်ပြေတယ် ဆိုရင်တော့ “ ကျေးဇူးတင်ပါတယ် ကိုဇော် ” လို့ ပြုံးပြီး ပြန်ပြောခဲ့ယုံပါပဲ။ ဘယ်ကို ရောက်နေနေ ကျွန်တော့် ဘလော့ကို ဝင်မရရင်လည်း အဆင်ပြေအောင်လို့ ကျွန်တော် pdf လေးပါ လုပ်ပြီး တင်ပေးထားပါတယ်။ လိုချင်သူများ ဒေါင်းပြီး သိမ်းထားလိုက်ပါ။ pdf မှာ ရှိနေတဲ့ လင့်တွေကို နှိပ်ပြီးတော့လည်း လိုရာကို ရောက်နိုင်ပါတယ်။

pdf ဖြင့်
             

အားလုံးပဲ အဆင်ပြေကြပါစေ။
လေးစားစွာဖြင့်
ကိုဇော်
26.2.2011

Friday, 9 March 2012

Proxy ရိုက်ပြီး ကျော်ကြည့်စရာ မလိုပါ

တစ်ချို့ဝက်ဆိုက်တွေကို မြန်မာ့ဆက်သွယ်ရေးက ပိတ်ထားတာတွေ ရှိပါတယ်။ ဘလော့တော်တော် များများကိုလည်း ပိတ်ထားတဲ့အတွက် မိမိတို့ ကြည့်ချင်တဲ့ ဘလော့များ၊ ၀က်ဆိုက်များ မကြည့်ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းပေးချင်ပါတယ်။ အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။


၁) အရင်ဦးစွာ ဒီဖိုင်လေးကို ဒေါင်းလုပ်ယူပါ။
၂) မိမိစက်ထဲရောက်ပါက Open With နှင့် Mozilla Firefox ဖြင့် ဖွင့်ပါ။ ထိုသို့ ဖွင့်လိုက်ပါက Install လုပ်ရမည့် Box လေး ပေါ်လာပါလိမ့်မည်။ Install လုပ်လိုက်ပါ။ ပြီးလျှင် ပိတ်ထားသော ၀က်ဆိုက်တစ်ခု၊ ဘလော့တစ်ခုကို ဖွင့်ကြည့် လိုက်ပါ။ အောက်ပါပုံအတိုင်း ပေါ်နေပါလိမ့်မည်။



၃) ကွင်းဝိုင်းထားသော အမှတ်ကလေးကို နှိပ်လိုက်ပါက Proxy ကျော်ပြီးသာ ဖြစ်သွားပါလိမ့်မည်။ Proxy address တစ်ခု ရိုက်ပြီး ကျော်ကြည့်စရာ မလိုတော့ပါ။


ဝက်ဆိုက်တိုင်း၊ ဘလော့တိုင်းကို ကြည့်၍ ရမည် ဖြစ်ပါသည်။ အဆင်ပြေကြပါစေ။


မောင်စေတနာ

Tuesday, 6 March 2012

အကောင်းဆုံး Firefox Add-On (10) မျိုး


Firefox 3.5 အတွက် အကောင်ဆုံး The Best Themes တွေကို ကျွန်တော် တင်ပြမှာဖြစ်ပါတယ်။ Firefox မှာ အကောင်းဆုံးနဲ့ အလှပဆုံးလေးတွေ သုံးချင်တယ်ဆိုရင်တော့ အောက်မှာ အကောင်းဆုံးလို့ ပြောထားတဲ့ The Best Themes (10) ခုကို ကျွန်တော်တင်ပြမှာဖြစ်ပါတယ်။ စမ်းစမ်းလေးသုံးချင်တဲ့သူလေးတွေ မှုလအတိုင်း သုံးရတာ အားမရတဲ့ သူငယ်ချင်းများအတွက် ကျွန်တော် အကောင်းဆုံးလို့ဆိုထားတဲ့ Add-On တွေကို ကျွန်တော် တင်ပြမှာဖြစ်ပါတယ်။
နည်းလမ်း(၁)(Silvermel Add-On)
1. ဒီ Link ကို click လိုက်ပါ။ Add-On ဆိုတာကို click လိုက်ပြီ Install လုပ်လိုက်ပါ။ (မှက်ချက်။ ။ လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုတော့ ကျွန်တော် ရှေ့ပိုင်းမှာ တင်ပြပြီဖြစ်တဲ့အတွက် ကျွန်တော် အသေးစိတ်မပြတော့ပါဘူး အောက်မှာ ပြထားတဲ့ Link ကို Install ကို လုပ်လိုက်ရင် အောက်က ပုံစတိုင်းလိုမျိုး ဖြစ်သွားရမှာဖြစ်ပါတယ်။
2. https://addons.mozilla.org/en-US/firefox/addon/7517 ဒါကို click ပြီ အရင် Post တွေမှာ တင်ပြခဲ့တာတွေကို ပြန်ကြည့်ပြီ Firefox Add-On လုပ်နည်းအဆင့်ဆင့်ကို ကြည့်ပြီလုပ်ဆောင်ပါ။




နည်းလမ်း(၂)(Gradient iCool (Blue) Add-On)
1. https://addons.mozilla.org/en-US/firefox/addon/7403 ဒါလေးကတော့ အတော်လှတယ်ဗျ။ မိုက်လဲ မိုက်တယ်။



နည်းလမ်း(၃) (Noia 2.0 (eXtreme) )
1. https://addons.mozilla.org/en-US/firefox/addon/72 ဒါလေးကတော့ အတော်ကောင်းသေးတာဘဲဗျ။( ဟီးဟီး)


နည်းလမ်း(၄) (NASA Night Launch )
1. https://addons.mozilla.org/en-US/firefox/addon/4908 ဒါလေးကလဲ ကောင်းတယ်ဗျ။



နည်းလမ်း (၅)( Vista-aero)
1. https://addons.mozilla.org/en-US/firefox/addon/4988 ဒါလေးလဲ ကောင်းတယ်ဗျ။


နည်းလမ်း (၆)( myFireFox)
1. https://addons.mozilla.org/en-US/firefox/addon/4129 ဒါလေးလဲကောင်းတယ်ဗျ။


နည်းလမ်း(၇)
1. https://addons.mozilla.org/en-US/firefox/addon/10674 ဒါလေးလဲ လန်းတယ်ဗျ။


နည်းလမ်း(ဂ)
1. https://addons.mozilla.org/en-US/firefox/addon/2311 အတော်ကောင်းတယ်တဲ့ သူငယ်ချင်းကပြောတယ်။


နည်းလမ်း(၉)
1. https://addons.mozilla.org/en-US/firefox/addon/7379 ဒါလေးကတော့ ရိုးရှင်းတယ်ဆိုပေးမဲ့ ကောင်းတယ်ဆိုဘဲ။


နည်းလမ်း(၁၀)
1. https://addons.mozilla.org/en-US/firefox/addon/5394 ဒါကလဲ ကောင်းတယ်နော်။
tensiontension