Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

Sunday, 27 October 2013

Bigasoft Facebook Downloader



Facebook ကို နေ့တိုင်းလိုလို အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေဆိုရင် ကိုယ်ကြိုက်တဲ့ Music Video တွေနဲ့ တစ်ခြား

Video ဖိုင်တွေကို ကိုယ့်သူငယ်ချင်းတွေ ကြည့်ရှု နားထောင်လို့ရအောင် Facebook မှာ တင်ပေးတတ်ကြပါတယ်။

အဲဒီအထဲက ကိုယ်အရမ်း ကြိုက်တဲ့ Video ဖိုင်တွေကို ဒေါင်းလုပ်ဆွဲပြီး ကြည့်ချင်တာတို့ ၊ Music Video တွေဆိုရင်

Wednesday, 24 July 2013

Softwares For Flash Song Creators !

ခုနောက်ပိုင်း Flash Song လုပ်တာကို စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ တော်တော်များလာတာကို တွေ့ရပါတယ် ။

ဟိုအရင်တုန်းကတော့ Double Tun ရဲ့ Multiply ဆိုဒ်မှာ တင်ပေးထားတာတွေ တော်တော်စုံပါတယ်။ခုနောက်ပိုင်း

သူတင်ပေးထားတဲ့ ဆော့ဝဲလ်တွေ၊ Effect တွေ၊ Ebook တွေ၊ Video ဖိုင်တွေ အားလုံးလိုလို လင့်ပျက်ကုန်ပါပြီ။

ခုတော့ ကျွန်တော် Flash Song ဖန်တီးချင်တဲ့ သူငယ်ချင်းများအတွက် SWiSH Max ဆော့ဝဲလ်တွေနဲ့ Effect တွေ၊

Double Tun တင်ပေးထားတုန်းက ဒေါင်းခဲ့တာလေးတွေ အားလုံးကို အသစ် ပြန်လည် Upload တင်ပေးလိုက်ပါပြီ။

သွားရောက် ဒေါင်းယူရမယ့် ဆိုဒ်လင့်ကတော့ http://flashsongcreators.blogspot.com ဖြစ်ပါတယ်။





Tuesday, 28 May 2013

FastStone Capture 7.3 Full Version



ကျွန်တော်တို့ နည်းပညာ ဘလော့လေးတွေ ရေးတဲ့အခါ စာတွေနဲ့ချည်း ပြောပြရင် သိပ်နားမလည်ကြပါဘူး။ လုပ်ပုံ၊

လုပ်နည်းလေးတွေကို ဓါတ်ပုံရိုက်ပြီး ပုံလေးတွေနဲ့ သေချာရှင်းပြမှ မသိသေးတဲ့လူတွေအတွက် ပိုပြီးတော့ နားလည်

သဘောပေါက် လွယ်တာပါ။ ပုံလေးတွေနဲ့ဆိုတော့ ကိုယ်ရေးတဲ့ ပို့စ်လေးကိုလည်း ပိုပြီး စိတ်ဝင်စားမှု ဖြစ်စေပါတယ်။

Screen Capture ဆော့ဝဲလ်တွေထဲမှာတော့ FastStone Capture ကို အကြိုက်ဆုံးပါပဲ။ ပုံတွေ Screenshot ရိုက်လို့

ရတယ်။ ပြီးတော့ ပုံလေးတွေကို ဘောင်ခတ်တာ၊ မြားလေးတွေထိုးပြတာ၊ နောက်ထပ် ပုံလေးတွေ ထပ်ထည့်တာ၊

Wednesday, 1 May 2013

Advanced Deface Creator v2



ဒီဆော့ဝဲလ်လေးကို Hacker တွေပဲ အသုံးများပါတယ်။ ဝဘ်ဆိုဒ်တစ်ခုကို Hack လို့ ရသွားပြီဆိုရင်

ကိုယ့် Logo ပုံနဲ့ ကိုယ်ပြောချင်တာတွေကို ကုတ်တွေနဲ့ရေးပြီး တင်ထားတာကို Deface လို့ ခေါ်ပါတယ်..။

ဒီကောင်လေးက အဲလို Deface တွေ ကိုယ့်စိတ်ကြိုက် ဖန်တီးလို့ ရပါတယ်။ဒေါင်းပြီး စမ်းကြည့်ကြပေါ့။

Advanced Deface Creator ကို Run ဖို့အတွက် သင့်စက်ထဲတွင် Microsoft .NET Framework အား

Install လုပ်ထားရန် လိုအပ်ပါတယ်။ Download ဖိုင်ထဲမှာ အသုံးပြုနည်းရော အစုံထည့်ပေးထားပါတယ်..။

Download: Advanced Deface Creator v2

Update: Download Link Update On 13/10/2013

Saturday, 27 April 2013

Blogger များအတွက် CSS Tab Designer v2

ကိုယ့်ဘလော့ရဲ့ ဆိုဒ်ဘားမှာ ကိုယ်ထည့်ချင်တဲ့ လင့်လေးတွေကို လှလှပပလေးနဲ့ တင်ထားချင်တယ်။

 ဆိုဒ်ခေါင်းစီးမှာ ကိုယ့်ဘလော့က ပို့စ်လင့်တွေ ဆော့ဝဲလ်၊ နည်းပညာ စတဲ့ ဘလော့ Label လင့်တွေ

 ထည့်တင်လည်း ရပါတယ်။ ဒီဆော့ဝဲလ်လေးထဲမှာ လှပတဲ့ Tab Menu ဒီဇိုင်းပေါင်း မြောက်မြားစွာ ပါရှိပါတယ်။


SWF to EXE Converter



 Flash Song တွေ  Flash Game [ SWF ] ဖိုင်တွေကို EXE ဖော်မက်ပြောင်းချင်ရင် ဒီဆော့ဝဲလ်လေးကို သုံးလိုက်ပါ။

Convert လုပ်ရတာလည်း မြန်ပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်။

Download: SWF to EXE Converter

Update: Download Link Update On 13/10/2013

CCleaner V4.01 Portable


ကွန်ပျူတာသုံးရတာ လေးနေတယ်။ အင်တာနက်သုံးရတာ လိုင်းနှေးနေတယ် ဆိုရင် ဒါလေးနဲ့ ရှင်းကြည့်လိုက်ပါ။

ဆိုဒ်တွေမှာသွားပြီး အင်တာနက်သုံးတဲ့ သူငယ်ချင်းတွေ ဝဘ်ဆိုဒ်တွေကို Sign In လုပ်ပြီး တစ်ခုချင်းစီ လိုက်ပြီးတော့

ပြန်ထွက်ဖို့ မေ့နေမှာစိုးရင်ပဲဖြစ်ဖြစ် ကိုယ့်ဝင်ထားတဲ့ မေးလ်လိပ်စာတွေ၊ ကိုယ်အင်တာနက်ပေါ် ရှာဖွေထားတဲ့ စာတွေ၊

မပေါ်စေချင်တော့ရင် ဒီကောင်လေးနဲ့ ရှင်းနိုင်ပါတယ်။ ကိုယ့်စက်ထဲက မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ဖျက်ချင်ရင်ရော

လွယ်ကူပါတယ်။ နောက်ထပ် အသုံးဝင်တာတွေ အများကြီး ရှိပါတယ်။ သုံးရလွယ်လို့ အများကြီး မပြောတော့ဘူးနော်..

ခုနောက်ပိုင်းထွက်တဲ့ Version 4.01 ကို Portable လေးတင်ပေးလိုက်ပါတယ်။ လိုချင်ရင် အောက်မှာ ဒေါင်းသွားလိုက်ပါ။

Download:  CCleaner V4.01 Portable

Update: Download Link Update On 07/10/2013

Saturday, 13 April 2013

SWiSH Max2 Portable [ New Version ]


Flash Song တစ်ပုဒ်မှာဆိုရင် သီချင်း စာသားကလည်း အတော်လေးကို အရေးကြီးပါတယ်။ အချိန်အပေးရဆုံးနဲ့

စိတ်ရှည်မှု အလိုဆုံးလို့ပြောရင်လည်း မမှားပါဘူး။ စာသား အဝင်အထွက် မှန်ကန် တိကျအောင် လုပ်ဖို့က အနည်းဆုံး

Effect ကို ၂ ခါလောက် စမ်းကြည့်မှ သိရပါတယ်။ SWiSH Max3 နဲ့SWiSH Max4 က သီချင်းစာသား ထည့်ပြီး

စမ်းတဲ့နေရာမှာ Loading အမြဲ ဖြစ်လေ့ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သီချင်းတစ်ပုဒ်လုပ်ရင် လိုအပ်တာထက်

အချိန်တွေ ပိုကုန်နေရပါတယ်။ SWiSH Max2 ကတော့ အဖက်ကို Play လုပ်လိုက်တာနဲ့ ချက်ချင်း တန်းလာပါတယ်။

အဲဒါက SWiSH Max2 ရဲ့ အဓိက အားသာချက် ပါပဲ။ Flash Song လုပ်တာ ကျွမ်းကျင်တဲ့သူတွေရဲ့ ပြောပြချက်အရ

သူတို့ကတော့ သီချင်းတစ်ပုဒ်လုပ်ရင် SWiSH Max2 နဲ့ စာသားထည့်ပြီး တစ်ခြား Flash Effect တွေ Animation ပုံတွေ၊

စာသား Text-Shadow တွေကို SWiSH Max4 နဲ့ ထည့်ပြီး လုပ်တာပါတဲ့။ SWiSH Max2 က Version နိမ့်တဲ့အတွက်

Friday, 12 April 2013

SWF FLV to MP3 Converter Portable



Flash Song [ SWF ] ဖိုင်တွေနဲ့ Youtube က ဒေါင်းထားတဲ့ ဗွီဒီယို [ FLV ] ဖိုင်တွေကို Mp3 အဖြစ်ပြောင်းချင်ရင်

ဒီ SWF FLV to MP3 Converter လေးကို သုံးကြည့်လိုက်ပါ။ အသုံးပြုရလွယ်အောင် ကျွန်တော် Portable လေး

လုပ်ပေးထားပါတယ်။ Install လုပ်စရာမလိုပဲ ဒေါင်းပြီးတာနဲ့ တန်းသုံးလို့ ရပါတယ်။ ဖိုင်ဆိုဒ်ကလည်း 1MB တောင်

မရှိပါဘူး။ စိတ်ဝင်စားသူများ အောက်မှာ ဒေါင်းသွားနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ....

Download: SWF FLV to MP3 Converter Portable

Update: Download Link Update On 13/10/2013

Thursday, 11 April 2013

Play Store က Download ဆွဲသူတိုင်း ဆောင်ထားသင့်တဲ့ Go Backup ဆော့ဝဲလ်

Android ဖုန်း ကိုင်နေတဲ့ သူငယ်ချင်းတွေ Play Store မှာ လိုချင်တဲ့ ဆော့ဝဲလ်လေးတွေ သွားပြီးတော့

ဒေါင်းကြတယ်။ အဲဒီအထဲကမှ တစ်ချို့ဆော့ဝဲလ်လေးတွေဆို ကောင်းလွန်းလို့ ကိုယ့်သူငယ်ချင်းတွေကို

ပြန်ရှယ်ချင်တယ်ဆိုရင် ၊ ဆော့ဝဲလ် Apk ဖိုင် ရှိမှ Bluetooth နဲ့ဖြစ်ဖြစ်၊ Upload တင်ပြီးတော့ ဖြစ်ဖြစ်

လုပ်ပေးလို့ ရပါတယ်။ ခုဒီ Go Backup လေးနဲ့ ကိုယ်ဖုန်းထဲမှာ Install လုပ်ထားတဲ့ ဆော့ဝဲလ်တွေကို

Backup လုပ်ထားလိုက်ရင် Apk ဖိုင်လေးတွေနဲ့ သိမ်းထားလို့ ရပါတယ်။ ကိုယ်က ဖုန်းကို Reset လုပ်

လိုက်လို့  Install လုပ်ထားတဲ့ ဆော့ဝဲလ်တွေအားလုံး ပျက်သွားတယ်ဆိုရင်လည်း အချိန်မရွေး ပြန်ပြီး

Install လုပ်ပြီး သုံးလို့ လွယ်ကူပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Android ဖုန်းက သီချင်းသံကို ၂ ဆ ကျယ်လာစေမယ့် Sensor music player


Android ဖုန်းတွေမှာ သီချင်းဖွင့်နားထောင်လို့ အသံတိုးနေတယ်ဆိုရင် Sensor Music Player လေးကို

သုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရိုးရိုး Player နဲ့ ဖွင့်တာထက် အသံနှစ်ဆ ပိုကျယ်တဲ့အပြင်

သီချင်းဖွင့်ထားတဲ့အချိန် နောက်တစ်ပုဒ်ကျော်ချင်ရင် ခလုတ်တွေ လိုက်နှိပ်စရာမလိုပဲ ဖုန်း Screen ပေါ်ကို

လက်ကလေးဝှေ့လိုက်တာနဲ့ ပြောင်းတာ၊ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရင်း ပုတ်လိုက်တာနဲ့

ပြောင်းတာ၊ စားပွဲပေါ်တင်ထားရင်း တစ်ချက်ထုလိုက်တာနဲ့ နောက်တစ်ပုဒ် ပြောင်းတာတွေပါ ပါဝင်ပါတယ်။

Wednesday, 3 April 2013

ရှားပါး မြန်မာ Computer Gadget များ



တော်တော်များများ သုံးဖူးမယ်တောင် မထင်ဘူး။ ကျွန်တော် ရထားတာ မနည်းတော့ ကြာနေပြီ။

မြန်မာနိုင်ငံအလံနဲ့ နာရီလေးက ပထမဦးဆုံး ရထားတာ။ မြန်မာပြက္ခဒိန်တွေက ဒီနေရာက ရတာပါ။

ရှားပါး Gadget လေးတွေဖြစ်ပြီး မြန်မာဆန်ဆန်လေးဆိုတော့ အားလုံးပဲ ကြိုက်ကြမယ်လို့ ထင်ပါတယ်။

အောက်ဆုံးက တစ်ခုက ကွန်ပျူတာ Shut Down Gadget ပါ။ ကျွန်တော် ရှာတွေ့တာ ၃ ရက်လောက်ပဲ

ရှိသေးတယ်။ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းသွားနိုင်ပါကြောင်း...။

Download: Computer Gadgets

ဒီပို့စ်ကို တစ်ခြားဆိုဒ်တွေမှာ ပြန်လည်မျှဝေမယ်ဆိုရင် ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးပါ။

Update: Download Link Update On 13/10/2013

Monday, 1 April 2013

ပုံတွေကို ကိုယ်လိုချင်တဲ့ ဖော်မက်ပြောင်းဖို့ Pixillion Image Converter

မနေ့က Wallpaper ပုံလေး တစ်ပုံ လုပ်လိုက်တာ။ ပုံဆိုဒ်က 900KB လောက်ဆိုတော့  တအားကြီးနေတယ်။

ဖော်မက်ပြောင်းကြည့်လိုက်မယ်ဆိုရင်တော့ ပုံဆိုဒ်သေးသွားမလားဆိုပြီး စဉ်းစားမိတာနဲ့ Google မှာ

တစ်ချက်ရှာကြည့်လိုက်တော့  Pixillion Image Converter လေး တွေ့တယ်။ လုပ်ကြည့်တာ အဆင်ပြေတယ်။

မူရင်း ပုံဆိုဒ်က 900KB ကို GIF ဖော်မက်ပြောင်းကြည့်တာ 300KB လောက်ပဲ ကျန်တော့တယ်။ ဒါပေမယ့်

ပုံက အရမ်းမှုန်ဝါးသွားပြီး သိပ်ကြည့်မကောင်းတော့ဘူး။ JPEG နဲ့ ပြောင်းကြည့်တော့ 500KB ကျန်တယ်။

တစ်ဝက်နီးပါးလောက်ကို သေးသွားတယ်။ ကွာလတီလည်း မူရင်းပုံနဲ့ အတူတူပဲ။  ကျွန်တော်တို့ Website နောက်ခံ

[ Background ] အတွက် သုံးမယ့်ပုံတွေဆိုရင် ဒီလို ပုံဆိုဒ်ကို အတတ်နိုင်ဆုံး သေးထားလိုက်တဲ့အခါကျတော့

လင့်ထုတ်ရတာလည်း မြန်တယ်။ နောက် ဆိုဒ်မှာ ထည့်သုံးမယ်ဆိုရင်လည်း နောက်ခံပုံပေါ်တာ မြန်တယ်။

လိုအပ်မယ်ထင်တာနဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်ရှယ်ပေးလိုက်တာပါ။ ပုံ ဖော်မက်ပြောင်းမယ်ဆိုရင်

ဆော့ဝဲလ်ကို ဖွင့်ပြီးတော့ အောက်ကပုံလေးအတိုင်း လုပ်လိုက်ပါ။ အရမ်းကို လွယ်ပါတယ်နော်..။

Keylogger တွေရဲ့ ရန်ကို ကာကွယ်ဖို့ Neo's SafeKeys v3

အင်တာနက်သုံးပြီး ကွန်ပျူတာကိုင်နေကြတဲ့ သူငယ်ချင်းတွေ Keylogger ရဲ့အကြောင်းကို သိထားသင့်ပါတယ်။

ကီးဘုတ် ကြိုးအရင်းမှာ တပ်ပြီး သုံးတဲ့ Keylogger ဆိုတာနဲ့ ဆော့ဝဲလ်ကို စက်ထဲမှာ  Install လုပ်ပြီး သုံးတာ

၂ မျိုးရှိတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီကွန်ပျူတာကို လာသုံးသူတွေရဲ့ Mail Account နဲ့ Password တွေခိုးဖို့၊

တစ်ခြား သူတို့ သိချင် လိုချင်တဲ့အရာတွေ ရယူဖို့အတွက်ပါ။ သူက ကီးဘုတ်မှာ ရိုက်သမျှစာတွေအားလုံးကို

မှတ်ထားပေးပါတယ်။ ကိုယ်က ဘာမှန်းမသိ ညာမှန်းမသိ Gtalk, Gmail ကို သုံးဖို့ပဲ ဖြစ်ဖြစ် ဝဘ်ဆိုဒ်တွေကို

ဝင်ဖို့ Mail နဲ့ Password ရိုက်ဝင်လိုက်ရင် ကုန်ပြီပေါ့ဂျာ။(စေတနာရှိလို့ ပေးလိုက်ရတာက ကုသိုလ်ရဦးမယ်။)

အဲလို Keylogger တွေရဲ့ ရန်ကို ကာကွယ်ဖို့ Neo's SafeKeys v3 ကို  ပြန်ရှယ်ပေးလိုက်တယ်။ ဒီကောင်လေးက

Password ရိုက်ဝင်မယ်ဆိုရင် ကိုယ်ရေးချင်တဲ့ စာတွေကို မောက်လေးနဲ့ လိုက်နှိပ်ပြီးတော့ ကော်ပီကူးယူလိုက်ရုံပဲ။




ရိုးရိုးအတိုင်း ရိုက်မယ်ဆိုရင်တော့ ကိုယ်ရေးလိုက်တာကို ကြယ်ပွင့်ပုံလေးတွေနဲ့ပဲ ပေါ်မှာပါ။ စာလုံးတွေကို

Sunday, 31 March 2013

ကွန်ပျူတာမှာ Android APK Logo တွေ ကြည့်လို့ရတဲ့ ဆော့ဝဲလ်


ပုံမှန်အတိုင်းဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Android Apps APK ဖိုင်တွေကို ဒေါင်းလုပ်ချပြီး

ပြန်ကြည့်မယ်ဆိုရင် ဖိုင်အဖြူရောင်လေးတွေပဲ မြင်ရပါတယ်။ ဖိုင်နာမည်တွေကလည်း တစ်ချို့က

ပြောင်းရေးထားကြတော့ ဘယ် ဆော့ဝဲလ်က ဘယ်ဟာမှန်းမသိ ဖြစ်တတ်ကြပါတယ်..အဲဒီတော့

ကိုယ့် ကွန်ပျူတာမှာ Android APK Logo တွေ ကြည့်လို့ရဖို့အတွက် အောက်ပါဆော့ဝဲလ်လေးကို

Install လုပ်ထားဖို့ လိုအပ်ပါတယ်။ ဆော့ဝဲလ်ကတော့ အင်္ဂလိပ်လိုတော့ မဟုတ်ဘူးဗျ..

ဂျပန်စာလား တရုတ်စာလားတော့ မသိဘူး။ သူပေါ်လာပေးတဲ့အတိုင်းသာ လိုက်လုပ်ပေးလိုက်ပါ။

ပြီးရင် ကိုယ်ဒေါင်းထားတဲ့ apk ဖိုင်တွေကို ဖွင့်ကြည့်မယ်ဆိုရင် အပေါ်ကပုံလေးလို မြင်ရပါတယ်။

သူငယ်ချင်းတို့ သဘောကျတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Download: ANDROID APK LOGO

မှတ်ချက်။      ။ 01/10/2013 တွင် ဒေါင်းလုပ်လင့်အသစ် ပြန်တင်ပေးထားပါသည်။ ဒေါင်းလို့ရပါပြီနော်..။

Friday, 29 March 2013

Mp3 Cutter ဆော့ဝဲလ်များ..


Download: mp3DirectCut


Download: Mp3 Cutter Joiner Free


Download: Mp3 Ringtone Maker

သူငယ်ချင်းတစ်ယောက် Mp3 Cutter လေး လိုချင်တယ်ဆိုလို့ ကျွန်တော့်မှာရှိတာ အကုန်တင်ပေးလိုက်ပါတယ်။

Mp3 သီချင်းတွေထဲက ကိုယ်မလိုချင်တဲ့နေရာတွေ ဖြတ်ထုတ်ချင်တာတို့ လိုချင်တဲ့ နေရာလေးတွေလောက်ပဲ

ဖြတ်ထုတ်ချင်တာတို့ Ringtone လုပ်ချင်ရင်ပါ အဆင်ပြေပါတယ်။ လွယ်တာရယ် အချိန်မရတာကြောင့်

အသုံးပြုနည်းကိုတော့ မရေးတော့ပါဘူး။ ကိုယ်တိုင်သာ ဒေါင်းယူပြီး သုံးကြည့်လိုက်ကြပါနော်..

Update: Download Link Update On 13/10/2013

Wednesday, 27 March 2013

HTML Portable Editor










Download: HTML Portable Editor

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
<html>

<head>

<title>Test Coding! </title>

<style>

Add CSS Code Here

</style>

</head>

<body>

Add HTML Code Here

</body>

</html>

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Read >> HTML,CSS
Update: Download Link Update On 13/10/2013

Monday, 25 March 2013

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်


ဒီနေ့တော့ Android Phone သုံးနေကြတဲ့ သူငယ်ချင်းများအတွက် Viber ဆိုတဲ့ Application  တစ်ခုနဲ့ မိတ်ဆက်

ပေးချင်ပါတယ်။ ကျွန်တော်တို့ ရိုးရိုးပဲ ဖုန်းခေါ်မယ်ဆိုရင် ပိုက်ဆံအရမ်းကုန်ပါတယ်။ ခဏ တစ်ဖြုတ်ဆိုရင်တော့

မသိသာပေမယ့် ကိုယ့်ကောင်မလေးနဲ့ ပြောတာတို့ ကောင်လေးနဲ့ ပြောတာတို့ဆိုရင်တော့ အကြာကြီးပဲ..

ကိုယ့်စိတ်ထဲတော့ ခဏလေးပဲ ထင်ရတာ.. ပြောလို့ကို မဝနိုင်ဘူးပေါ့ :D ဒါပေမယ့် ပိုက်ဆံက အရမ်းကုန်တယ်။

Saturday, 23 March 2013

1st Myanmar Browser & MyanBrowser



ခုနောက်ပိုင်း Android ဖုန်းတွေ အရမ်းကို ခေတ်စားလာပြီးတော့ Google Play မှာဆိုရင် Android Apps တွေ

တစ်ပုံကြီးကို ပေါ်နေပါပြီ။ ကိုယ်လိုချင်တာတွေ အားလုံးကို သွားရောက်ရှာဖွေ ဒေါင်းယူလို့ ရပါတယ်။

အဲဒီအထဲကမှ Android ဖုန်းတွေကနေ အင်တာနက် သုံးတဲ့အခါ Facebook နဲ့ တစ်ခြား မြန်မာဝဘ်ဆိုဒ်တွေကို

ဝင်ကြည့်တဲ့အခါ မြန်မာစာတွေ ဖတ်ရတာ အဆင်ပြေစေဖို့အတွက် ဒီ 1st Myanmar Browser & MyanBrowser

၂ ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကိုယ့်ဖုန်းထဲမှာ ဇော်ဂျီ မြန်မာဖောင့်မရှိလည်း ဒီ Browser တွေအသုံးပြုပြီး

ကြည့်မယ်ဆိုရင် မြန်မာစာတွေ ဖတ်လို့ ရပါတယ်..။ အသေးစိတ်ကိုတော့ ဒီနေရာ နဲ့ ဒီနေရာတွေမှာ အသေးစိတ်

သွားရောက် လေ့လာနိုင်ပါတယ်။ ဒေါင်းရလွယ်ချင်ရင်တော့ အောက်မှာပဲ ယူသွားလိုက်ပါ..။

မြန်မာပြည်က ဖုန်းဆိုင်တွေမှာ ဒီလို Android Apps တွေကို ဈေးကြီးကြီးနဲ့ ရောင်းစားပါသတဲ့ :)


Download: 1st Myanmar Browser
Download: MyanBrowser

Update: Download Link Update On 13/10/2013

IDM 6.15 Double click only

IDM [ Internet Download Manager ] ဆို လူတိုင်းလိုလို သိကြပါတယ်။ တော်ရုံ တန်ရုံ အင်တာနက်လိုင်း သိပ်

မကောင်း ဖြစ်နေတာဆိုရင်တောင် ဒီ IDM ကို အသုံးပြုပြီး Download ဆွဲမယ်ဆိုရင် အရမ်းကို အဆင်ပြေပါတယ်။

အရင်တုန်းက IDM [ Internet Download Manager ] တင်ထားတာတွေဆိုရင် Full Version ရယ်လို့ မရှိပါဘူး။

Patch ဖိုင်သုံးပြီး လုပ်မှပဲ သုံးလို့ ရကြတာပါ။ ခု ဒီ IDM IDM 6.15 ကတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကနေ

Patch ချိုးစရာမလိုပဲ သုံးလို့ရအောင်၊ Full Version ဖြစ်အောင် လုပ်ထားတာဖြစ်ပါတယ်။လိုချင်တဲ့သူများ

အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။

Download:  IDM 6.15 Double click only

Update: Download Link Update On 13/10/2013