Monday 25 March 2013

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်


ဒီနေ့တော့ Android Phone သုံးနေကြတဲ့ သူငယ်ချင်းများအတွက် Viber ဆိုတဲ့ Application  တစ်ခုနဲ့ မိတ်ဆက်

ပေးချင်ပါတယ်။ ကျွန်တော်တို့ ရိုးရိုးပဲ ဖုန်းခေါ်မယ်ဆိုရင် ပိုက်ဆံအရမ်းကုန်ပါတယ်။ ခဏ တစ်ဖြုတ်ဆိုရင်တော့

မသိသာပေမယ့် ကိုယ့်ကောင်မလေးနဲ့ ပြောတာတို့ ကောင်လေးနဲ့ ပြောတာတို့ဆိုရင်တော့ အကြာကြီးပဲ..

ကိုယ့်စိတ်ထဲတော့ ခဏလေးပဲ ထင်ရတာ.. ပြောလို့ကို မဝနိုင်ဘူးပေါ့ :D ဒါပေမယ့် ပိုက်ဆံက အရမ်းကုန်တယ်။


နိုင်ငံခြားကနေ မြန်မာပြည်ကို ခေါ်မယ်ဆို မစားသာဘူးဂျာ..။ မြန်မာပြည်အချင်းချင်းတောင် ၅ ရက် ၁ သောင်းဖိုး

အဲလောက် ပြောတဲ့လူတွေရှိတယ်..။ အဲလို ကိုယ့်ချစ်သူနဲ့ ပိုက်ဆံမကုန်ပဲ ဖုန်းတွေ တစ်ဝကြီးပြော မက်ဆေ့ဂ်ျတွေ

 ပို့ချင်တယ်ဆိုရင်တော့ သင့်ဖုန်းထဲမှာ ဒီ Viber ဆော့ဝဲလ်လေးကို ထည့်ထားသင့်ပါတယ်။ ဘယ်နိုင်ငံကိုမဆို Free

ဖုန်းခေါ်လို့ ရပြီး သင့်ဖုန်းမှာ အင်တာနက် ချိတ်ထားဖို့နဲ့ ကိုယ်ခေါ်ချင်တဲ့ ဖုန်းမှာလည်း ဒီ ဆော့ဝဲလ်ကို Install

လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ ကဲ စိတ်ဝင်စားတယ်ဆိုရင်တော့ Viber ကို  အောက်မှာ ဒေါင်းယူလိုက်ပါ။

Download: Viber for Android

အပေါ်မှာ တင်ပေးထားတာကို Download လုပ်ယူပြီးတော့ သင့်ဖုန်းထဲမှာ Install လုပ်လိုက်ပါ။ Viber ဆော့ဝဲလ်ကို

 ဖွင့်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Continue ကို နှိပ်ပေးပါ။



နိုင်ငံရွေးချယ်တဲ့ နေရာမှာ မြန်မာနိုင်ငံက သူငယ်ချင်းများက အောက်ပါအတိုင်းMyanmar ( +95 ) ကို

ရွေးပေးပါ။ အဲဒီနေရာကတော့ ကိုယ်နေတဲ့ နိုင်ငံကို ရွေးပေးရပါတယ်..။ ပြီးရင် သူ့အောက်မှာ ကိုယ့်ဖုန်းနံပါတ်ကို

ရိုက်ထည့်ပြီးတော့ Continue ကိုနှိပ်လိုက်ပါ။ သင့်ဖုန်းထဲကို  SMS [ Message ] တစ်စောင် ပို့ပေး ပါလိမ့်မယ်။



မြန်မာပြည်က သူငယ်ချင်းတွေတော့ မသိဘူး။ ဒီ ( မလေးရှား ) မှာတော့ ၁ မိနစ်တောင် မကြာဘူး ရောက်ပါတယ်။

Verification Code 4 လုံးပါတဲ့ Message ရောက်လာရင် အထဲက ဂဏန်းလေးလုံးကို အောက်က ဘောက်စ်လေးထဲ

ထည့်ပြီးတော့ Enter Viber ကို နှိပ်လိုက်တာနဲ့ Free ဖုန်းပြော၊ Free Message ပို့လို့ ရပါပြီခင်ဗျာ..။




တစ်ကယ်လို့ ကိုယ့်ဖုန်းထဲကို ခုနက SMS [ Message ] ရောက်မလာဘူးဆိုရင်တော့ အောက်မှာ အနီရောင်နဲ့

ဝိုင်းပြထားတဲ့ click here ကို နှိပ်လိုက်ပါ။ ဒါဆို သင့်ဆီကို ဖုန်းတစ်လုံးခေါ်လာပါလိမ့်မယ်။ သေချာ နားထောင်ပါ။

Verification Code ၄ လုံးကို အင်္ဂလိပ်လို ၂ ကြိမ်တိတိ ပြောပေးပါလိမ့်မယ်။ မှတ်ထားပြီးတော့ အောက်က Box မှာ

ထည့်ပြီး Enter Viber ကို နှိပ်လိုက်ပါ။ အဆင်ပြေပါပြီ....။




ကိုယ်ဖုန်းခေါ်ချင်တဲ့ သူမှာလည်း Viber ဆော့ဝဲလ်ကို Install လုပ်ပြီး ခုလို Verification Code ထည့်ထားမယ်ဆိုရင်

သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ..။ အင်တာနက်ဖိုး အနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခ

မကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး။

နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြပါစေ...

Credit to http://www.myanmarmobileapp.com/

အဲဒီဆိုဒ်မှာ ဖုန်းနဲ့ ပက်သက်တဲ့ ဆော့ဝဲလ် တော်တော်စုံပါတယ်။ သွားရောက် လေ့လာကြပါလို့...


1 comment: