Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

Saturday, 23 March 2013

Gmail ရဲ့ လျှို့ဝှက်ချက်များ



 Chatting လုပ်ဖို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့လို www.blogger.com ကနေ ကိုယ်ပိုင် ဝဘ်ဆိုဒ်လုပ်ချင်ရင်ပဲဖြစ်ဖြစ် ၊

Google က ဖန်တီးထားတဲ့ Products တွေကို အသုံးပြုမယ်ဆိုရင် ၊ ခုနောက်ပိုင်း Google Play က Android Apps

တွေ Download ချတဲ့အခါတွေမှာလည်း ဒီ Gmail က အဓိက အသုံးလိုအပ်နေပါတယ်။  အင်တာနက် သုံးနေတဲ့

လူတိုင်း Gmail Account တစ်ခုကတော့ အနည်းဆုံး ရှိပါတယ်။ ဒါပေမယ့် Gmail နဲ့ ပက်သက်တဲ့ အကြောင်းအရာ

တွေ ကိုတော့ သေချာ မသိကြတာက များပါတယ်။ ဒီစာအုပ်လေးထဲမှာ Gmail ရဲ့ လျှို့ဝှက်ချက်တွေကို စုစည်း

ဖော်ပြထားပါတယ်။ စိတ်ဝင်စားလို့ သေချာလေ့လာချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။

Download : Gmail ရဲ့ လျှို့ဝှက်ချက်များ

Friday, 22 June 2012

Google Search မှာ ပိုမိုပြည့်စုံအောင် ရှာချင်ရင်..

ဒီတစ်ခါတော့ ကျနော်တို့ အများဆုံးအသုံးပြုနေတဲ့ Google Search Engine မှာ ကျနော်တို့ ရှာချင်တဲ့ အကြောင်းအရာတွေ ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေး တစ်ခု မျှဝေချင်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်အသုံးဝင်တာ တွေ့ ရပါတယ်။ စမ်းကြည့်လိုက်ပါအုံးခင်ဗျာ။ ပထမဆုံး ကိုယ်ရှာချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပြီး Enter ပေးလိုက်ပါတယ်။ ဆိုပါတော့ .. အောက်က ပုံထဲကလို.. latest Myanmar News ဆိုပြီး ရိုက်ထည့်လိုက်ရင်.. News Links တွေတော့ အများကြီးတွေ့ရမှာပဲ။ ဒါပေမယ့်လို့ အဲဒီထက်ပြည့်စုံအောင်... ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာကို ဖော်ပြပေးနိုင်အောင် ဆိုရင်တော့ ကိုယ်ရှာလိုက်တဲ့ link ရဲ့ နောက်ဆုံးမှာ =&as_qdr=d စာသားလေး ထည့်ပေးလိုက်ပါ။ ပိုရှင်းအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါအုံး...

ဒီပုံထဲကအတိုင်း အပြာရောင်နဲ့ ပြထားတဲ့နေရာမှာ =&as_qdr=d ဆိုတဲ့ word လေးထည့်ပေးလိုက်ပါ။
သဘောပေါက်ကြမှာပါ။ အခုလိုရှင်းပြရတာက မသိသေးတဲ့ သူများအတွက် ဖြစ်ပါတယ်။ သိပြီးသားသူများအတွက် ကလေးကလားဆန်နေပါလိမ့်မယ်။
ဒီပုံကတော့ ပုံမှတ်အတိုင်း ရှာထားတဲ့ result ပါ။
ဒီပုံကတော့ အထက်ပါ စာလေး ထည့်ပြီး ပြန်ရှာလိုက်တဲ့ result ပဲ ဖြစ်ပါတယ်။
Ref: http://www.mmcfamily.org/

Friday, 30 March 2012

Google ကို ဟက်ကာဒီဇိုင်းနဲ့ သုံးကြည့်ကြမယ်




ဟက်ကာလို သုံးကြည့်ချင်သူများအတွက် မျှဝေပေးလိုက်ပါတယ် ဒီနေရာလေး ကနေ သွားလုပ်စမ်းလိုက်ပါ။
http://akarphyoe87.blogspot.com