Showing posts with label Websites. Show all posts
Showing posts with label Websites. Show all posts

Thursday, 6 June 2013

Web Design HTML and CSS

အင်တာနက်ပေါ်က Web Page တွေကို ဘယ်လို ဖန်တီး တည်ဆောက်သလဲဆိုတာကို ဖော်ပြထားပြီး

အခြေခံအကျဆုံး HTML , CSS Programming အကြောင်း ရေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။

ကိုယ်ပိုင် Web Site ရှိသူတွေ ၊ Web Design တွေ ဖန်တီးတာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက်

ဒီစာအုပ်လေးက အရမ်းကို အထောက်အကူဖြစ်စေမှာပါ။ သေချာလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

Download: Web Design HTML and CSS

Monday, 1 April 2013

Blogger များအတွက် Comments ဒီဇိုင်းအလန်းလေး

ကိုယ့်ဘလော့မှာ ပေးသွားတဲ့ Comment တွေကို အပေါ်လို ဒီဇိုင်းအလန်းလေး ထည့်ထားချင်ရင်ပေါ့။

သူငယ်ချင်းတွေလည်း ကြိုက်ကြမယ်ထင်ပါတယ်။ ဒီလို ပုံစံ ဒီဇိုင်းလေးကို သုံးတဲ့လူ အရမ်းများပါတယ်။

အောက်က ကုတ်လေးကို ဘလော့ ဆိုဒ်ဘားထဲက  HTML/JavaScript မှာ ထည့်ပြီး Save လုပ်လိုက်ရုံပါပဲ။

ပုံတွေကို ကိုယ်လိုချင်တဲ့ ဖော်မက်ပြောင်းဖို့ Pixillion Image Converter

မနေ့က Wallpaper ပုံလေး တစ်ပုံ လုပ်လိုက်တာ။ ပုံဆိုဒ်က 900KB လောက်ဆိုတော့  တအားကြီးနေတယ်။

ဖော်မက်ပြောင်းကြည့်လိုက်မယ်ဆိုရင်တော့ ပုံဆိုဒ်သေးသွားမလားဆိုပြီး စဉ်းစားမိတာနဲ့ Google မှာ

တစ်ချက်ရှာကြည့်လိုက်တော့  Pixillion Image Converter လေး တွေ့တယ်။ လုပ်ကြည့်တာ အဆင်ပြေတယ်။

မူရင်း ပုံဆိုဒ်က 900KB ကို GIF ဖော်မက်ပြောင်းကြည့်တာ 300KB လောက်ပဲ ကျန်တော့တယ်။ ဒါပေမယ့်

ပုံက အရမ်းမှုန်ဝါးသွားပြီး သိပ်ကြည့်မကောင်းတော့ဘူး။ JPEG နဲ့ ပြောင်းကြည့်တော့ 500KB ကျန်တယ်။

တစ်ဝက်နီးပါးလောက်ကို သေးသွားတယ်။ ကွာလတီလည်း မူရင်းပုံနဲ့ အတူတူပဲ။  ကျွန်တော်တို့ Website နောက်ခံ

[ Background ] အတွက် သုံးမယ့်ပုံတွေဆိုရင် ဒီလို ပုံဆိုဒ်ကို အတတ်နိုင်ဆုံး သေးထားလိုက်တဲ့အခါကျတော့

လင့်ထုတ်ရတာလည်း မြန်တယ်။ နောက် ဆိုဒ်မှာ ထည့်သုံးမယ်ဆိုရင်လည်း နောက်ခံပုံပေါ်တာ မြန်တယ်။

လိုအပ်မယ်ထင်တာနဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်ရှယ်ပေးလိုက်တာပါ။ ပုံ ဖော်မက်ပြောင်းမယ်ဆိုရင်

ဆော့ဝဲလ်ကို ဖွင့်ပြီးတော့ အောက်ကပုံလေးအတိုင်း လုပ်လိုက်ပါ။ အရမ်းကို လွယ်ပါတယ်နော်..။

Wednesday, 27 March 2013

HTML Portable Editor

Download: HTML Portable Editor

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
<html>

<head>

<title>Test Coding! </title>

<style>

Add CSS Code Here

</style>

</head>

<body>

Add HTML Code Here

</body>

</html>

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Read >> HTML,CSS
Update: Download Link Update On 13/10/2013

Deface Page Maker

Download: Deface Page Maker

How to Use.. Watch Video

Friday, 15 March 2013

Firefox Adds On: Multifox

Mozilla Firefox မှာ​ သုံး​လို့​ရ​နိုင်တဲ့ add-on ပေါင်း များစွာတွေထဲကမှ အကြိုက်တွေ့တာလေး တစ်ခုကို

ဝေမျှလိုက်ပါတယ်။ ပထမဆုံးဝေမျှ ချင်တာကတော့ multifox add-on ပါ။ gmail,facebook အစ​ရှိသြ​ဖ​င့်

username,password ထ​ည့်​​ရ​တဲ့ website မှန်သမျှ​ကို firefox browser တစ်ခု​ထဲ​မှာ  user များ​စွာ​အေ​န​နဲ​႔

တျ​ပိ​ဳင္နက္ထဲ log in ၀​င​္ျ​ပီး​သံုး​လို​႕​ရေ​စ​တဲ့ add on ေ​လး​ျ​ဖစ္ပါ​တ​ယ​္။ gmail ရဲ​႕ multiple sign in လို feature

မ်ိ​ဳး​ပါ​ပဲ။ account ေ​တြ​အမ်ား​ၾကီး​သံုး​တဲ​့ သူ​ေ​တြ​အတြက္ပဲ​ျ​ဖ​စ်ြ​ဖ​စ် ၊ browser တစ်ခု​ပဲ​ရှိ​တဲ့ ​စက်တစ်လုံး​ထဲ​မှာ

 လူနှ​စ်ေ​ယာက် အ​တူ​သုံး​တဲ့​ အခါ​မှာ​ပဲ ဖြစ်ဖြ​စ် multifox add on ကို install လုပ်ထား​ရ​င် အဆ​င်ြေ​ပေ​စ​မှာ​ပါ။

ဥပမာ firefox မှာ facebook user account နှစ်ခု​သုံးချင်ရ​င် တစ်ခု​ကို အရင်ဖွ​င့်ြ​ပီး​တဲ့​အခါ file menu က

Tuesday, 12 March 2013

CSS HTML Notepad [ Portable ]

ကိုယ်ပိုင် Web Page တွေ ဖန်တီးချင်တဲ့ သူငယ်ချင်းများအတွက် ဒီဆော့ဝဲလ်လေးက  HTML, CSS နဲ့

ပက်သက်တဲ့ Tools တွေ အတော်ကို စုံလင်ပြီး အရမ်းကို အသုံးဝင်ပါတယ်။ Code တစ်ခုခု စမ်းချင်တဲ့အခါ

ဒီကောင်လေးနဲ့ သုံးပြီး လုပ်ကြည့်လို့လည်း အဆင်ပြေပါတယ်။ လိုချင်သူများ အောက်မှာ ဒေါင်းယူလိုက်ပါ။

Download: CSS HTML Notepad [  Portable ]

Update: Download Link Update On 13/10/2013

Sunday, 24 February 2013

ဝက်ဘ်ဆိုဒ်များကို လျင်မြန်စေနိုင်သည့် အလေ့အကျင့်ကောင်းများ

ကိုယ်ပိုင် ဝဘ်ဆိုဒ် ထောင်ထားတဲ့ သူငယ်ချင်းတွေအတွက် ဒီစာအုပ်လေးက ဝဘ်ဆိုဒ်တွေကို လျင် မြန်လာအောင်

ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းပေါင်း မြောက်မြားစွာ ဖော်ပြပေးထားပါတယ်။ ဝဘ်ဆိုဒ်တွေနဲ့ ပက်သက်ပြီး

သိထားသင့်တဲ့ ဗဟုသုတတွေ အများကြီး ပါပါတယ်။ စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင်တော့ အောက်မှာ

ဒေါင်းသွားနိုင်ပါတယ်။ မူရင်းကတော့  http://www.mmshare.org/ ကပါ။

Download: How to Speed Up Our Websites

လိုင်းပေါ်မှာတင် ဒါရိုက် ဖတ်ချင်ရင် ဒီနေရာလေးကို  နှိပ်ပြီး ဖတ်နိုင်ပါတယ်။

လာရောက်ဖတ်ရှူ အားပေးကြတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

Wednesday, 23 January 2013

HTML နဲ့ CSS လေ့လာလိုသူများ အတွက်

ကိုယ်ပိုင် ဝဘ်ဆိုဒ် ထောင်ထားတဲ့သူတွေ၊ ဝဘ်ဆိုဒ်တွေကို ကလိတာ ဝါသနာပါတဲ့ သူငယ်ချင်းတွေဆိုရင်

HTML , CSS ကုတ်တွေ သိထား နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်ဝဘ်ဆိုဒ်ကို ကိုယ့်စိတ်တိုင်းကျ

လှပအောင် ပြင်နိုင်မှာပါ။ ကျွန်တော် ခုတင်ပေးတဲ့ စာအုပ် ၂ အုပ်ကတော့ မြန်မာလို ရေးသားပေးထားတဲ့အတွက်

သေချာ ဖတ်ကြည့် လေ့လာလိုက်တာနဲ့ အကုန်လုံးကို နားလည် သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

စိတ်ဝင်စားသူများ အောက်မှာ ဒေါင်းသွားနိုင်ပါတယ်။ ဟိုတုန်းက ဒေါင်းထားခဲ့တာလေးကို ပြန်တင်ပေးလိုက်တာပါ။

အားလုံးပဲ အဆင်ပြေပါစေဗျာ.. ကျွန်တော့်ဘလော့လေးကို လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်...

Update: Download Link Update On 13/10/213

Thursday, 26 July 2012

Cbox မှာ စာတွေ ရေးကြမယ်

သူငယ်ချင်းတို့  Website တော်တော်များများမှာ Cbox လေးတွေကို တွေ့ ဖူးမှာပါ...

ဒီနေ့ Cbox မှာ စာလေးတွေ ဘယ်လိုရေးရတယ်ဆိုတာ ပြောပြချင်ပါတယ်...

ပထမဆုံး Cbox မှာ အောက်ဖော်ပြပါပုံလေးအတိုင်း မြင်ရမှာပါ...
Cbox
name နေရာမှာ ကိုယ့်နာမည်လေး ရေးရပါ့မယ်...
e-mail/url နေရာမှာ ကိုယ့်စာမျက်နှာကို ရောက်သွားစေချင်ရင် ကိုယ့်စာမျက်နှာရဲ့ Link ကို ရေးပေးရပါတယ်...
Link ဆိုတဲ့နေရာမှာ MM Flash Songs က မိမိစာမျက်နှာမှ မဟုတ်ပါဘူး...
blogspot.com ရဲ့ ကိုယ့်စာမျက်နှာရဲ့ Link ထည့်ထားရင် Cbox မှာ ကိုယ့်နာမည်လေးဟာ အပြာရောင်နဲ့ ပေါ်လာပြီး ကိုယ့်နာမည်လေးကို Click လုပ်တာနဲ့  ကိုယ် Link ပေးထားတဲ့ Page ကို ရောက်သွားမှာ ဖြစ်ပါတယ်...

message နေရာမှာ ကိုယ်ရေးချင်တဲ့အကြောင်းအရာလေးတွေ ရေးပြီး Go ကို Click လုပ်တာနဲ့  Cbox မှာ ကိုယ်ရေးတဲ့အကြောင်းအရာဟာ နာမည်လေးနဲ့ တွဲပြီး ပေါ်လာမှာဖြစ်ပါတယ်...
လွမ်းရေးထားတဲ့ နမူနာပုံလေးပါ...
Edited Cbox
Cbox ရဲ့ ညာဘက်အောက်ခြေမှာ smilies ဆိုတာလေးရှိပါတယ်...
Click လုပ်ကြည့်ရင် ပုံလေးတွေ တွေ့ ရမှာပါ... ကိုယ်ထည့်ချင်တဲ့ပုံလေးကို Click လုပ်ပြီး ထည့်လို့ ရပါတယ်...

ပုံလေးကို ၂-ခု ၃-ခု ရွေးထည့်ချင်တယ်ဆိုရင်တော့ ပုံကိုရွေးတဲ့အခါမှာ Shift Key လေးဖိပြီး Click လုပ်ရင် smilies window လေးက ပိတ်မသွားပဲ ဆက်ရွေးလို့ ရနေမှာပါ...
ဒီတစ်ခါ message ဆိုတဲ့နေရာမှာ ဘယ်လိုလေးလှအောင်ရေးရတယ်ဆိုတာ မျှဝေပေးချင် ပါတယ်...
လွမ်းဟာ Cbox မှာ စာရေးလေ့ရှိပါတယ်... တစ်ရက်မှာ သုဏော်စိုင်းဟာ စာလေးကို အရောင်လေးနဲ့  Scroll ဖြစ်အောင် ရေးထားတာတွေ့ လိုက်ရပါတယ်... သိချင်ရင် သူ့ ကို ဆက်သွယ်ပါ တဲ့... ဘယ်ရမလဲ... ချက်ခြင်းဆက်သွယ်တာပေါ့... အသစ်အဆန်းဆို လွမ်းက ပညာရချင်တာပဲ... သူကလဲ လွမ်းကို ဘယ်လိုရေးရတယ် ဆိုတာ မျှဝေပေးပါတယ်...
လွမ်းက ထပ်ဆင့်မျှဝေပေးတာပါ...
* Bold အနေနဲ့ ရေးချင်ရင် [b] Text [/b] ဆိုပြီးရေးထည့်ပါ...
* Italisc အနေနဲ့ မြင်ချင်ရင် [i] Text [/i] ဆိုပြီးရေးထည့်ပါ...
* Underline တားချင်ရင် [u] Text [/u] ဆိုပြီးရေးထည့်ပါ...
* မျဉ်းဖြတ်ချင်ရင် [s] Text [/s] ဆိုပြီးရိုက်ထည့်ပါ...
* အပေါ်ကျကျလေးပေါ်စေချင်ရင် [sup] Text [/sup] ဆိုပြီးရိုက်ထည့်ပါ...
* အောက်နားကျကျလေပေါ်စေချင်ရင် [sub] Text [/sub] ဆိုပြီးရိုက်ထည့်ပါ...
* အလယ်ကောင်မှာပေါ်စေချင်ရင် [center] Text [/center] ဆိုပြီးရိုက်ထည့်ပါ...
* စာလုံးအကြီးနဲ့ ပေါ်စေချင်ရင် [big] Text [/big] ဆိုပြီးရေးထည့်ပါ...
* အသေးနဲ့ ပေါ်စေချင်ရင် [small] Text [/small] ဆိုပြီးရိုက်ပါ...
* Scroll နဲ့ ပေါ်စေချင်ရင် [scroll] Text [/scroll] ဆိုပြီးရိုက်ထည့်ပါ...
* စာရိုက်နေရင်း အောက်တစ်ကြောင်းဆင်းချင်ရင် [br] ကိုခံရိုက်ပါ...
* Text color ပြောင်းချင်ရင် [color=red] Text [/color] ဆိုပြီးရိုက်ပါ...
* လင့်ကလေးတွေကို တိုက်ရိုက်မပေးပဲ လှတပတပေးချင်ရင် [url=http://address] ဆိုဒ်အမည် [/url] ဆိုပြီးရိုက်ထည့်ပါ...
Text ဆိုတဲ့နေရာမှာ ကိုယ်ရေးချင်တဲ့စာသားကို ရေးရမှာဖြစ်ပါတယ်...
ဥပမာ... လာလည်သွားပါတယ်ဆိုတာကို စာလေးပြေးနေအောင်ရေးချင်ရင်-
[scroll] လာလည်သွားပါတယ် [/scroll]
အဲလိုလေးရေးရမှာဖြစ်ပါတယ်...
တကယ်လို့  စာလေးကို အရောင်လေးနဲ့ ပြေးနေအောင် ရေးချင်ရင်-
[scroll][color=red] လာလည်သွားပါတယ် [/color][/scroll]
အဲလိုလေးရေးပေးရမှာပါ...
အင်တာနက်အသုံးပြုရင်း အသိဥာဏ်ပညာတိုးတက်ကြပါစေ...

Cbox မှာ သူငယ်ချင်းတို့  ဆန်းသစ်စွာ ရေးနိုင်ကြပါစေ...

Ref: http://www.mm-flashsongs.com/

icon ပုံလှလှလေးတွေရှာမယ်

အားလုံးပဲမင်္ဂလာပါနော်
မသိသေးတဲ့သူငယ်ချင်းတွေအတွက် ဆိုဒ်လေးတစ်ခုလမ်းညွန်ပေးလိုက်ပါတယ်
icon ပုံလှလှလေးတွေကို အလွယ်တကူရှာဖွေနိုင်တဲ့ဆိုဒ်လေးပါ
ဆိုဒ်လိပ်စာက http://www.iconfinder.com ပါ
ရှာပုံရှာနည်းကတော့ google မှာရှာသလိုပါပဲ ကိုယ်လိုချင်တာရိုက်ထည့်ရှာယုံပါပဲ
ကျွန်တော်ကခု မရှာတတ်တဲ့ သူငယ်ချင်းတွေအတွက် အောက်မှာပုံလေးနဲ့ရှင်းပြလိုက်တယ်နော်
http://www.iconfinder.com ကိုသွားပါအဲမှာ ကိုယ်ရှာချင်တဲ့ icon နာမည်ကိုရိုက်ထည့်ပါပြီးရင် enter ခေါက်ပါ
ကျွန်တော်ကခု music iconလေးတွေရှာပြထားတယ်နော် (အောက်ကပုံ ကိုကြည့်ပါ)
ပုံ ၁

ဒါကရှာလို့တွေ့တဲ့ icon ပုံလှလှလေးတွေပါ (အောက်ကပုံ ကိုကြည့်ပါ)
ပုံ ၂

 Icon ပုံလေးကိုသိမ်းချင်တယ်ဆိုရင် ကိုယ်သိမ်းချင်တဲ့ icon ပုံပေါ်မှာ right click နှိပ်ပြီး save image as ကနေသိမ်းနိုင်ပါတယ်(အောက်ကပုံ ကိုကြည့်ပါ)
ပုံ ၃

အားလုံးပဲ လွယ်လွယ်ကူကူ နဲ့ အဆင်ပြေစွာ icon ပုံလေးတွေ ရနိုင်ပြီနော်

Ref: http://www.fusarshinlay.com/

Friday, 22 June 2012

ရေးရခက်သည့် စာလုံးများအတွက် မြန်မာလက်ကွက်အလွယ်

   အားလုံးမင်္ဂလာပါ။အွန်လိုင်းမှာ အကြောင်းမျိုးစုံနဲ့စာရေးနေကြသူတွေအတွက်ပါ။
ချက်တင်ထိုင်ရင်း၊ဘလောရေးရင်း၊ဒါမှမဟုတ် ပါဠိဘာသာ စကားလုံးများထည်သွင်း
ရေးလိုသောအခါမှာသော်၎င်း  ၊နောက်တခုက
                         ဪ  ဤ  ဿ ၌  ၍  ၎င်း  ဏ္ဍ  ဋ္ဋ ဣ ကမ္ဘာ
စသော ရေးရခက်သည့် စာလုံးများမရေးတတ်တဲ့အခါမှာသော်၎င်း အားလုံးအစဉ်ပြေစေဖို
ဒါလေးက လွယ်ပါတယ်။ လက်ကွက်ပုံလေးပေါ် မောက်ကလေးနဲ့ထောက်ကာ ရေးလိုက်ရုံပါပဲး။
ဘေးက ကွက်လပ်လေးမှာ ရေးလိုက်သောစာတွေပေါ်ပါတယ်။
        အဲးဒီရေးပြီးသားကို copy လုပ်ပြီး ကိုယ်ရေးချင်တဲ့နေရာမှာ past ချလိုက်ရုံပါပဲ။
စာအများကြီးရေးချင်ရင်တောင် တခါတည်းအပြီးရေးသွားလိုရပါတယ်။
ရေးကြည့်ချင်တယ်ဆိုရင် ဒါလေးနိပ်လိုက်ပါ။

 ဒါလေးကိုတော့ မှတ်ထားဖိုလိုတယ်နော။
 မိမိ ဝက်ဆိုဒ်၊ မိမိ ဘလော့မှာ ထည်ေးထားရင်
 ရေးရခက်နေသူများအတွက် များစွာ အစဉ်ပြေစေပါတယ်။

 ရေးရခက်သောစာလုံးများ အတွက် ခေါင်းစားနေသူများ အစဉ်ပြေပါစေ...။

                                                           လေးစားစွာဖြင့်   ....  မောင်မြင့်

Thursday, 31 May 2012

toolbar လုပ်နည်း

toolbar လုပ်နည်းလေး သိချင်လို့ ပါ ဆိုသူများ အတွက် toolbar ဆော့ဝဲပုံ .. ကွန်တော်သိသောနည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ် .. တကယ်တော့ ဆော့ဝဲရေးတာမဟုတ်ပါဘူး ဆိုဒ်တစ်ခုကိုသွားပြီး အဖွဲ့ ဝင် ပြီး သွားလုပ်ရတာပါ ဆိုဒ်တစ်ခုပြုစု သလိုပါပဲ ဘာမှခက်ခက်ခဲခဲ မဟုတ်ပါဘူးဗျာ
   ပထမ ဆုံး ဒီနေရာလေးကို  နှိပ်ပြီး ၀င်လိုက်ပါ ။

ပုံထဲကအတိုင်း ဖောင်ဖြည့်ပြီးမှတ်ပုံတင်လိုက်ပါ ပြီးသွားရင် သင့်မေးလ် ထဲကို မေးလ်တစ်စောင်ပို့ လိမ့်မယ် မေးလ် ကိုဖွင့်ပြီး သူပေးလိုက်တဲ့ လင့်ကနေတဆင့် log in လုပ်လိုက်ပါ
( သင့်မေးလ်ဟာ blogspot.com ဘလော့ပြုလုပ်ထားပြီးမဖြစ်ရ ၊blogspot.com ပြုလုပ်ထားပြီးမေးလ် များဖြင့်ပြုလုပ်၍မရပါ ၊ အသစ်ဖြစ်ကပိုကောင်း၏)
log in ၀င်ပြီးသွားရင်ဆိုရင်တော့ အောက်ကပုံလေးကိုဆက်ကြည့်ရအောင်
အဲလိုလေး ပေါ်လာပါလိမ့်မယ် ... အဲထဲက Home ဘေးနားက Edit toolbar ဆိုတာလေးကိုနိုပ်လိုက်ပါ ..

အဲလိုလေပေါ်လာပါ့မယ် ၊ ခုကျွန်တော်ပြထားတာကလုပ်ပြီးသားပါ ၊ ဘယ်ဘက်က paletwa ဆိုတဲ့နေရာမှာ (addyourlogo)ဆိုပြီး ပေါ်နေပါလိမ့်မယ် အဲဒါလေးကိုမောက်ထဲ့ထောက်လိုက်ရင် menu လေးပေါ်လာပါလိမ့်မယ် အဲထဲက Edit ကိုနှိပ်လိုက်ပါ ၊
အပေါ်ဆုံး Text နေရာမှာတော့ သင့်ဆိုဒ်နာမည်ပေါ့ ပြီးရင်အောက်မှာ အရောင်တွေနဲ့ မိမိထားလိုတဲ့လိုဂိုပုံစာသားအရောင်ကိုရွေးပေးလိုက်ပေါ့ ၊ အဲဒီကဟုမကြိုက်ရင်လဲ အောက်က နေပြီးတော့ သင့်ကွန်ပြူတာထဲမှာ လိုဂို ကိုထည့်နိုင်ပါတယ် ၊ပြီးရင်အောက်က
နေရာမှာတော့ သင့်ရဲ့ ဆိုဒ်လင့်ကိုထည့်ပေးပါ ၊၊ Hint: မှာတော့ သင့်လိုဂိုကိုမောက်နဲ့ ထောက်ရင် စာသားလေး ပေါ်နေတာလေးပါ နှစ်သက်ရာရေးပါ ၊၊ ပြီးရင် Save ပေါ့ ၊ လိုဂိုအပိုင်းတော့ပြီးသွားပြီ
နောက်ထပ် menu လေးထည့်နည်းထပ်ရှင်းပြပါ့မယ် (ကျန်တဲ့ဟာတွေကလွယ်နေလို့ ပါ) သင့်Toolbar မှာ menu လေးထည့်ထားချင်တယ်ဆိုရင်

Add, enrich and customize. ရဲ့ အောက်မှာ Basic ဆိုတာရှိပါတယ်  အဲဒီ ထဲမှာ Menu Button ဆိုတာလေးက်ုနှိပ်လိုက်ပါ ၊

your menu ကိုနှိလိုက်ရင်ဘေးမှာ Edit နဲ့  Add ပေါ်လာလိမ့်မယ် Edit ကိုနိုပ်ပြီး 

Name နေရာမှာ Menuအမည် ပေါ့ ပုံထဲကအတိုင်းလုပ်ပေးလိုက်ပါ ပြီးရင် Save ပေါ့ ၊ နောက်တစ်ဆင့်

အောက်က Edit link 1 ကိုနှိပ်လိုက်ပါ >>နောက်ထပ် Edit ပြီးရင်အောက်ပုံ 

Item name: မှာ လင့် ခေါင်းစဉ် (အမည်)

URL: မှာ သင်သွားစေချင်သောလင့်

Hint: မှာရေးချင်ရေးမရေးချင်နေ 

ပြီးရင် Save >>>>  publish  ဒါပါပဲ 

 အဆင်ပြေကြပါစေ ၊။

နမူနာ အစမ်းသုံးကြည့်ချင်ရင် ဒီနေရာမှာ နှိပ်လိုက်ပါ ၊။
http://www.palatwa.co.cc/2012/05/toolbar.html မှလာပါ၏

Tuesday, 3 April 2012

♦ဘာဖောင့်နဲ့ဘဲရေးရေး ရအောင်ဖတ်မယ် ♦

ကျွန်တော်က ဘာမှတော့ သိပ်မသိပါဘူး..သိတာလေး နဲနဲကိုဘဲ ပြန် ရှယ်ချင်လို့ပါ…သူများရေးတာတွေဘဲ

ဖတ်နေရတာ..အားနာလို့လေ…

ခု..ကျွန်တော် ပြောချင်တာက တချို့ဆိုဒ်တွေက ဇော်ဂျီအပြင်၊ ယူနီကုတ် တို့ နဲ့

အခြားကုတ်တွေကိုအသုံးပြုလာကြပါပြီ… ဆိုင်မှာသုံးတဲ့သူတွေ ကျ..ဆိုင်မှာ ထဲ့ထားတဲ့ ဖောင့်ဘဲ

 ကြည့်လို့ရမှာလေ

ကိုယ်ကြည့်ချင်တဲ့ ဆိုဒ် က ဆိုင်မှာမရှိတဲ့ဖောင့်နဲ့ရေးထားရင်..ဂွမ်းပြီလေ..

အဲ့ဒီလို..မျိုးဖြစ်နေရင် http://bookmarklet.saturngod.net ကိုသွားပြီး ကိုယ်ပြောင်းချင်တဲ့ လင့်ကို

bookamarks လုပ်ထားလိုက်ပါ။

ပြီးရင် ဥပမာ ယူနီကုတ် နဲ့ရေးထားတဲ့ ဆိုဒ်ကို ဖတ်မယ်ဆိုရင် Zawgyi-Unicode ကို ကလစ်လိုက်တာနဲ့

 …အဆင်ပြေသွားမှာပါ..သူငယ်ချင်းများအားလုံး ပျော်ရွှင်ပါစေ…

Tuesday, 20 March 2012

အခမဲ့ မြန်မာပြည်TV လိုင်းကြည့်မလား?

အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping

စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar

International, Myanmar Entertainment  မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV

လိုင်းတွေ ဘဲကြည့်မလား.  GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး 

တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar

လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင်

Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့

ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ်

.အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install

စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။

SBSangpi(စံပီး)

Monday, 19 March 2012

Google Home page တွင် မိမိစိတ်ကြိုက်နောက်ခံပုံများဖြင့် အသုံးပြုနိုင်ပြီ…

(၆.၆.၂၀၁၀)တွင် Google မှ feature အသစ်တစ်ခုကို သုံးစွဲသူများထံ ချပြခဲ့ပြန်ပါပြီ Google Home page အား နောက်ခံအဖြူရောင်ကြီးအဖြစ်သာ အသုံးပြုခဲ့ရသော
အသုံးပြုသူများအား ယခုအခါမိမိစိတ်ကြိုက် နောက်ခံပုံများ
ဝေေ၀ဆာဆာဖြင့်အသုံးပြုနိုင်ရန် Google မှ ထိုသို့သော feature အသစ်တစ်ခုကို
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခင်ကအသုံးပြုခဲ့ရသော Google Home page

အသုံးပြုရန်မှာလဲ အလွန်လွယ်ကူလှပြီး မိမိစိတ်ကြိုက်ပုံများကို Google Home page မှာလှလှပပ တွေ့မြင်ရတော့မည် ထိုကဲ့သို့ပြုလုပ်နိုင်ရန် အတွက် အောက်ပါနည်းများအတိုင်း လွယ်ကူစွာပြုလုပ်နိုင်ပြီ
၁) ပထမဦးစွာ မိမိ Gmail အား Sign In ၀င်ရောက်လိုက်ပါ

၂) Sign In ၀င်ရောက်ပြီးသည်နှင့် Google Home page သို့သွားရောက်ကာ Change background image ဟူသော ဘယ်ဘက်ထောင့်ရှိစာတန်းလေးကို တွေ့မြင်နိုင်ပါမည် ကလစ်တစ်ချက်နှိပ်ကာ ၀င်ရောက်လိုက်ပါ

၃) ၀င်ရောက်လိုက်သည်နှင့် အောက်ပါအတိုင်း ဘောက်လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ် ပေါ်လာတဲ့ Box လေးပေါ်မှာ မိမိစိတ်ကြိုက်ပုံများကို ရွေးချယ်နိုင်ပါတယ် ရွေးချယ်ဖို့ကလဲ
လှပသောပုံများစွာ အဆင်သင့်ရှိယုံ သာမက မိမိကွန်ပြူတာအတွင်းရှိသော
မိမိနှစ်သက်ရာပုံများကိုလည်း ရွေးချယ်နိုင်ပါတယ် ပထမဦးစွာ
မိမိကွန်ပြူတာမှ မိမိစိတ်ကြိုက်တင်နိုင်ရန် From my computer
ကိုကလစ်နှိပ်ပြီး Browse မှတစ်ဆင့် မိမိကွန်ပြူတာထဲရှိ ဖိုင်များကို
မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ် မိမိစိတ်ကြိုက်ရွေးချယ်ပြီးပါက
အောက်ပါပုံမှ မျှားပြထားသော Upload ကိုကလစ်နှိပ်ကာတင်နိုင်ပါတယ်။

၎)နောက်တစ်ခုကတော့ သင်သည် ဘလောခ့်ကာတစ်ယောက်ဖြစ်နေပါသလား သင့်ဘလောခ့်အတွင်းရှိ ပုံများကို သင့်စိတ်ကြိုက် Google Home page တွင်တင်နိုင်ပါသေးတယ် အဲ့လိုတင်ဖို့ My Picasa web photos ဟူသော
စာတန်းလေးကိုကလစ်လိုက်ပါ အဲ့ဒီ့နောက်မှာ မိမိဆိုဒ်ထဲမှာရှိတယ် ပုံတွေ
ကျလာမှဖြစ်ပါတယ် စိတ်ကြိုက်ရွေး ချယ်ပြီး Select ကိုကလစ်ကာ Google Home
page ပေါ်တင်နိုင်ပါတယ်

၅)နောက်တစ်ခုအနေနဲ့ Public gallery မှပုံများစွာကို ရရှိနိုင်ပါသေးတယ် ပုံများကို Google Search မှရှာနိုင်သလို အရန်သင့်အသုံးပြုရန်ပေးထားသော ပုံများစွာကိုလဲတွေ့ရမှာဖြစ်ပါတယ် ထိုသို့တွေ့ရှိနိုင်ရန် Public gallery
ဟူသောစာတန်းကိုကလစ်တစ်ချက်နိုပ်လိုက်ပါက အရန်သင့်ပုံများပေါ်လာမှာပါ

ထိုပုံများမဟုတ်ပဲ တခြားမိမိစိတ်ကြိုက် Google မှရှာဖွေချင် ပါက Search တွင်မိမိရှာချင်သော ပုံများကို ရိုက်ထည့်ကာ  Google မှစိတ်ကြိုက် ရှာဖွေနိုင်ပါသေးတယ် ရှာဖွေပြီးပါက ပုံကိုရွေးချယ်ပြီး Select ကိုကလစ်
လိုက်ပါက Google home page တွင်
မိမိစိတ်ကြိုက်နောက်ခံပုံလှလှလေးရမှာဖြစ်ပါတယ်

၆)နောက်တစ်ခုကတော့ Google ကအရည်အသွေးကောင်းမွန်သော အဆင့်သင့်အသုံးပြုနိုင်ရန် ပုံများစွာကို စုပေးထားတာပါ Editor’s picks လေးပါ Google ကလက်ရွေးစင် ပုံလေးတွေလို့လဲပြောလို့ရပါတယ် ဒါတွေကို
ယူသုံးချင်တယ်ဆိုရင်တော့ Editor’s picks
ဆိုတာလေးကိုကလစ်နှိပ်ပြီးရွေးချယ်လိုက်ပါ ရွေးချယ်ပြီး သွားပါက Google
၏လက်ရွေးစင်ပုံများကို မိမိစိတ်ကြိုက်ရွေးချယ်ကာ Select ကိုကလစ် လိုက်ပါက
Google home page တွင် Google ၏လက်ရွေးစင် နောက်ခံပုံလှလှလေးရမှာဖြစ်ပါတယ်။

အဆင့်တိုင်းအဆင့်တိုင်းမှာ မိမိစိတ်ကြိုက်ပုံများရွေးချယ်ပြီး Select ခလုပ်လေးအား ကလစ်လိုက်ပါက Image Loading တက်လာမည်ဖြစ်ပါတယ် စက္ကန့်အနည်းငယ်မျှစောင့်ဆိုင်းလိုက်ပါ

ထိုအဆင့် ပြီးမြောက်ပြီးရင်တော့ Google Home page တွင်နောက်ခံပုံထည့်နည်းကို မိမိကိုယ်တိုင် လွယ်ကူစွာ ပြုလုပ်ပြီးပြီဖြစ်ပါတယ် ထိုအခါမှာတော့ မိမိကိုယ်ပိုင် Google Home page
ကို မိမိစိတ်ကြိုက်ပြောင်းထားသော ပုံလေးဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါတယ်
ယခု Google မှ feature အသစ်ဖြင့် Google Home Pageတွင်နောက်ခံပုံထည့်သွင်းထားခြင်း

မိမိတစ်ယောက်တည်းအသုံးပြုသော ကိုယ်ပိုင်ကွန်ပြူတာတွင်ပဲဖြစ်ဖြစ် ရုံးသုံးကွန်ပြူတာများတွင်ပဲဖြစ်ဖြစ် အင်တာနက်ကဖေးများတွင်ပဲဖြစ်ဖြစ် ထိုနည်းလမ်းများအတိုင်း လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်
ဒါလေးကိုဒီနေ့မနက်ကတွေ့လိုက်တာပါ ဒါနဲ့ ဆိုဒ်ကသူငယ်ချင်းများ
မသိရမရှိလေအောင် ပုံပေါင်းများစွာ နဲ့ပြုလုပ်ပုံပြုလုပ်နည်းအဆင့်ဆင့်ကို
သတင်းတစ်ပုဒ် Update အနေနဲ့ တင်ပေးလိုက်ပါတယ်။

ဂျွန်ဖြိုးမှ ပြန်လည်မျှဝေသည်
netcrazy.boy9@gmail.com

Account ဖျက်, Website ဖျက်ချင်သူများအတွက်..။

Facebook မှာ အကောင့်ဆောက်ဖို့လွယ်တယ်။ မလိုချင်လိုဖျက်မယ်ဆိုရင်ခေါင်းစားရပါတယ်။

သက်လိုအခက်အခဲကို ဖြေရှင်းပေးမှာက www.accountkiller.com/en ပါ။သည်ဆိုက်မှာ Facebook,Skype,

Google စတဲ့ လူသုံးများတဲ့ Website အကောင့်ဖျက်နည်းတွေကို ပြောပြထားတယ်။ အကောင့်တစ်ခုကိုဖျက်ဖို့

ဘယ်လောက်လွယ်ကူသလဲ၊ခက်ခဲသလဲဆိုတဲ့ အဆင့်တွေကို အရောင်နဲ့ဖော်ပြထားတယ်။အမည်းဆိုရင် ဖျက်

လို့လုံးဝမရဘူး။ မီးခိုးရောင်ဆိုရင် နည်းနည်းလွယ်တယ်။အဖြူရောင်ဆိုရင် ဖျက်ဖို့အလွန်လွယ်ပါတယ်တဲ့။

ဖျက်ပုံဖျက်နည်းအပြင် အကောင့်ကို တိုက်ရိုက်ဖျက်နိုင်တဲ့ Link

ကိုပါပေးထားပါတယ်။ကဲ..ဖျက်ကြပေတော့ဗျို့။

Sunday, 18 March 2012

Google အစား မိမိနာမည်လေးနဲ့ သုံးရအောင်

အောက်မှာပုံလေးနဲ့ နမူနာပြထားတယ်နော် ..လုပ်နည်းကတော့လွယ်လွယ်လေးပါ..

ကြိုက်တယ်ဆို ခုလုပ်လို့ရတယ်နော် ဒီလင့်လေး ကနေသွားလုပ်လိုက်ပါ။

အမြဲတမ်း သုံးချင်တာဆိုရင်တော့ လင့်လေးကို Copy လုပ်ပြီး Tools >>Options>>Home Page မှာ

Paste လုပ်ပြီး OK လုပ်ပေးလိုက်ပေါ့....ပျော်ရွှင်ပါစေနော်..

Friday, 16 March 2012

Google Search ကိုပျော်စရာအဖြစ်သုံးကြည့်ရအောင်

ပျော်စရာကောင်းပြီးလိုက်လုပ်ကြည့်ဖို့မျှော်လင့်ပါတယ်။ Googleကို ပျော်စရာတစ်ခုအဖြစ်သုံးနည်းလေးတွေပါ။ မှတ်လိုက်ကြပါဦးနော် . . .။
Do a barrel Roll
Google ရဲ့ Home Page မှာ do a Barrel roll လို့ရိုက်လိုက်ပြီး ခဏလေးစောင့်လိုက်ရင် ထူးခြားတာ တစ်ခုတွေ့ရလိမ့်မယ်။ Google ရဲ့ Search ကြီးတစ်ခုလုံး တစ်ပါတ်လည်သွားပါလိမ့်မယ်။
Tilt
Google Search မှာ Tilt လို့နှိပ်ပြီး Enter ခေါက်လိုက်ရင် Search ကြီးတစ်ခုလုံးစောင်းသွားလိမ့်မယ်။
What is the loneliest number
Google ကိုခုလိုမေးလိုက်ရင်တော့ အထီးကျန်ဆန်ဆုံးဖြစ်တဲ့ နံပါတ်-၁ ကို ညွှန်ပြပေးပါလိမ့်မယ်။
Askew
Tilt တုန်းကလိုပဲ။ Google Search ကြီးတစ်ခုလုံး ညာဘက်ကိုစောင်းသွားလိမ့်မယ်။
Google Sphere
Search Boxမှာ အပေါ်ကအတိုင်းရိုက်ထည့်ပြီး I am feeling lucky ဆိုတာနှိပ်လိုက်ရင် Google ရဲ့ Search က အရာတွေက လည်နေတာကိုတွေ့ရပါလိမ့်မယ်။
Google Gravity
Search Box မှာ အဲ့ဒါကိုရိုက်ထည့်ပြီး I am feeling Lucky ဆိုတာ လုပ်လိုက်ရင် ကမ္ဘာ့ဆွဲအားအတိုင်းအလုပ်လုပ်မယ့် Google ဆိုတာဖြစ်သွားပြီး အရာအားလုံးဟာ ပြိုလဲကျသွားမှာပဲဖြစ်ပါတယ်။
Google Language
Google ကိုထူးဆန်းတဲ့ဘာသာစကားတွေနဲ့သုံးချင်တယ်ဆိုရင်တော့ xx-pirate ကို ရိုက်ထည့်ပြီး I am feeling lucky ကိုနှိပ်လိုက်ရင် Pirate တွေသုံးတဲ့ ဘာသာစကားနဲ့ ၊ xx-klingon ဆိုရင်တော့ Star Trek ထဲက ဂြိုဟ်သားဘာသာစကားနဲ့ ၊ 600673 ဆိုရင် အက္ခရာဆင်တူဂဏန်းတွေနဲ့ ဖော်ပြပေးပါလိမ့်မယ်။
အားလုံးပဲ Google ကိုသုံးပြီး ပျှော်ရွှင်နိုင်ကြပါစေဗျာ . . .။

Wednesday, 7 March 2012

မသိသူကျော်သွားသိသူဖော်စား websites

http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်
http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်....
http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်....
http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်
http:// http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ
http:// http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား....
http:// https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a......... ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း...
http:// http://sharingtofrds.blogspot.com/ နည်းပညာ အတွက် လေ့လာရန်...
http:// http://www.myanmarisp.com/computer_ict ကွန်ပြူတာ နဲ့ သတင်း နည်းပညာ..
http://www.imagechef.com/ ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်..
http://photofunia.com/ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ဖို့.....
http://www.topsecretemail.com/Encode_Message.cfm Email တွေကို လုံခြုံအောင် ပို့ကြမယ်..
http://www.passwordmeter.com/ သင်သုံးနေတဲ့ Password လုံခြုံမှု ရှိရဲ့လား..စစ်ချင်ရင်...
http://burglish.googlepages.com/fontconv.htm မြန်မာ တခြားဖောင့်မှ ဇော်ဂျီဖောင့် သို့ ပြောင်းချင်ရင်...
http://burglish.googlepages.com/testarea.htm မြန်မာ လက်ကွက် လေ့ကျင့်ရန်နေရာ...
http://www.photoshoptalent.com Photoshop လေ့ကျင့်ခန်းနဲ့ ပြိုင်ပွဲတွေ..
http://delicious.com/ ပေါ်ပြူလာအဖြစ်ဆုံး website..တွေကို ရှာရန်..
http://www.mmphotoshop.net Photoshop ကိုမြန်မာလိုလေ့လာဖို့...
http://www.whatismyipaddress.com Gtalk မှ နိုင်ငံ လိမ်ပြောသူများကို ဖမ်းဖို့...
http://www.4shared.com/file/80626166/b5161ee5/GTunnel.html?cau2=403tNu... GTunnel.exe ကိုလိုချင်ရင်....
http://www.ultrareach.com/ ကျော်မယ် ၊ ခွမယ် ဆိုရင်....
http://www.yousendit.com/ ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်...(၁)
http://www.sendthisfile.com/ ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်...(၂)
http://www.send6.com ဖိုင်တွဲကြီးကြီးတွေ ပို့ချင်ရင်...(၃)
http://www.drhardware.com/ Hardware ကိုစစ်တဲ့ software ..(၁)
http://www.lavalys.com/ Hardware ကိုစစ်တဲ့ software...(၂)
http://www.spadixbd.com/ Hardware ကိုစစ်တဲ့ software ....(၃)
http://technorati.com/ Blog တွေရဲ့စာရင်းကို ရှာချင်ရင်....
http://www.alpha.com.mm/alphaprice/alphaprice.php ကွန်ပျူတာ ဈေးနှုန်းတွက်ချင်ရင်...
http://www.memtest86.com/ Memory ကိုစစ်ဖို့ software......
http://winkkk.com/glitters14_comments_Hearts_&_Love.html ချစ်သူအတွက် ပုံလှလှလေးတွေ ယူရန်
http://www.heidi.ie/ Windows ကို မထိစေပဲ ဖိုင်တွေကို ဖျက်တဲ့ software........
http://www.download.com/ThreatFire-AntiVirus-Free-Edition/3000-2239... နဲ့ Virus ကိုရှင်းတဲ့ software.....
http://www.gadwin.com/printscreen/Print Screen ဖမ်းတဲ့ Software...
http://www.optimizingpc.com/index.html Software တွေ အစုံဆုံးနေရာ...
http://www.abstradrome.com/ Hard Disk ကိုသွေးသစ်လောင်းတဲ့ software..
http://www.runtime.org/data-recovery-downloads.htm Hard Disk အတွက် Recover လုပ်တဲ့ software....
http://www.softpedia.com/get/System/Hard-Disk-Utils/Partition-Magic.sh... Hard Disk ကို Partition ချတဲ့ software...
http://www.heidi.ie/Window ကို မပါစေပဲ Hard Disk ကိုဖျက်တဲ့ software...
http://www.customizetalk.com/ Gtalk အကြောင်းစုံစုံ သိချင်ရင်...
http:// http://www.vintelligence.blogspot.com/ Java အကြောင်းသိလိုသမျှ..
http:// http://www.pcworld.com/ ကွန်ပျူတာ အကြောင်း ဘာထူးလဲ..(PC World)..
http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်
http:// http:// http://www.ebooksbank.com/ E-Books တွေကူးဖို့...
http:// http://www.mediaringtalk.com ဖုန်းအလကားပြောရဖို့နေရာ......
http:// http://www.w3schools.com/ ပရိုဂမ်သမားတွေအတွက်....
http://www.brothersoft.com/ Software တွေ ကူးမယ်ဆိုရင်...
http://www.flashvortex.com/index.php စိတ်ဝင်စားစရာ စာလုံးလေးတွေ...
http:// http://www.books-hive.com မြန်မာ E-books တွေ....
http:// http:// www.myanmarengineer.org အင်ဂျင်နီယာဆိုင်ရာနဲ့ ကွန်ပျူတာဆိုင်ရာ နည်းပညာတွေ ဆွေးနွေးဖြန့်ဝေပေးနေတဲ့ နေရာ..
http:// http://www.adobetutorialz.com Adobe ရဲ့ Photoshop နဲ့သက်ဆိုင်တဲ့ tool တွေလေ့လာစရာ
http:// http:// www.mcpa.org.mm/ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်...
http:// http://www.reader.google.com Google reader တဲ့ဟေ့... အသုံးပြုနည်းကိုတော့ Blog နံပါတ် 46 မှာရေးထားပါတယ်..
http://free.avg.com/download-avg-anti-virus-free-edition AVG Antivirus Download အလကားရတဲ့နေရာ....
http://www.insideoe.com/resources/ Outlook Express ကိုပြင်တဲ့နေရာ...
http://www.webroot.com/En_US/index.html Webroot Antivirus & Spyware Software ယူဖို့နေရာ..
http://www.mymyanmar.net/2g/ မြန်မာယူနီကုတ် အကြောင်းလေ့လာဖို့..
http://isoft.ygn.cc/ မြန်မာ့ ပညာရှင်များကို လေ့လာဖို့...
http://www.softpedia.com/get/internet/E-mail/Mail/Utilities/Gmail-Mana... Gmail Manager လုပ်တဲ့ Software..(၁)
http://www.longfocus.com/firefox/ Gmail Manager လုပ်တဲ့ Software ....(၂)
https://addons.mozilla.org/en-US/firefox/browse/type:1/cat:5 Download Management လုပ်တဲ့ Software..
http://www.imtoo.com/dvd-ripper-platinum.html DVD ထဲက သီချင်းတွေကို ဖြတ်တဲ့တောက်တဲ့ Software..(1)
http://besweet.notrace.dk/ DVD ထဲက သီချင်းတွေ ဖြတ်တဲ့ တောက်တဲ့ Software..(၂)
http://www.computeractive.co.uk/downloads/backup-and-recovery ဒီဂျစ်တယ်ကင်မရာမှ မှားဖျက်မိသော ပုံများကို ပြန်ရှာပေးသော Software..(၁)
http://www.objectrescue.com/download/ ဒီဂျစ်တယ်ကင်မရာမှ မှားဖျက်မိသော ပုံများကို ပြန်ရှာပေးသော Software..(၂)
http://www.xilisoft.com/ DVD ဖြတ်တဲ့ Software...
http://www.mp4converter.net/download.html?ID=1 MP4 လုပ်တဲ့ Software တွေ...
http://www.dbpoweramp.com/ WAV မှ MP3 ပြောင်းပေးတဲ့ Software..
http://www.miksoft.net/comments.htm Video ဖိုင်တွေဖွင့်တဲ့ Software...
http://www.cucusoft.com/ DVD ကူးတဲ့ Software တွေ..
http://www.softpedia.com/get/Antivirus/Trojan-Remover.shtml Trojan (ထရိုဂျန်) ကိုရှင်းတဲ့ Software...
http://www.infinadyne.com/flashretriever.html Memory Card ထဲမှ ပုံတွေ ၊ ဗီဒီယိုတွေ ၊ သီချင်းတွေ မှားဖျက်မိရင် ပြန်ယူပေးတဲ့ Software..
http://www.wnsoft.com/ ပုံတွေကို Album အလိုက်ပို့လို့ရတဲ့ Software...
http://www.freedownloadscenter.com/Search/internet_cleaner.html Internet သုံးထားတဲ့အတွက် မလိုတဲ့ ဖိုင်တွေကိုဖျက်တဲ့ Software...
http://www.powerkaraoke.com/src/prod_karaokecdgcreatorpro.php ကာရာအိုကေ ဆိုလို့ရတဲ့ Software...
http://www.lostpassword.com/ Password တွေကို ရှာပေးတဲ့ Software..
http://www.pcdocpro.com/ PC ထဲက အမှားတွေကို ပြတဲ့ Software ...
http://www.acronis.com.sg/ Partition ချတဲ့ Software...(၁)
http://www.partitionmanager.com/ Partition ချတဲ့ Software....(၂)
http://www.soft32.com/download_151.html Partition ချတဲ့ Software....(၃)...(ကျွန်တော့် အကြိုက်ဆုံး Software..ပေါ့.)
http://www.styopkin.com/ ပုံတွေကို အမည်လွယ်လွယ်ပေးတဲ့ Software...(၁)
http://www.fastphotorenamer.com/ ပုံတွေကို အမည်လွယ်လွယ်ပြောင်းပေးတဲ့ Software...(၂)
http://www.infinadyne.com/download.shtml CD/DVD ကောင်းမကောင်း စမ်းတဲ့ Software....
http://www.download3000.com/download_27264.html ဘယ်ရောက်နေမှန်းမသိတဲ့ ဖိုင် ကိုရှာတဲ့ Software...
http://www.manageengine.com/products/desktop-central/software-hardware... Windows Product Key ကိုရှာတဲ့ Software...
http://www.messx.net/download.php English - Myanmar အဘိဓာန် Software...(ဖုန်း ၊ PC တွေအတွက်ပါ ရတယ်..ဟဲဟဲ ပိုက်ဆံတော့ ဆောင်ထားပေါ့..)
http://dictionary.all-channel.com/ English - Myanmar - English Online အဘိဓာန်...(၁)
http://www.burmese-dictionary.org/ Myanmar-English-Myanmar Online အဘိဓာန်...(၂)
http://www.ayinepan.com/literature/dictionary/ English - Myanmar အဘိဓာန်စာအုပ်....
http://www.monywa.org/fonts/index.htm English - Myanmar ဖောင့်များ.....
http://www.mtvmusic.com/ MTV MUSIC တွေလိုချင်ရင်...
http://www.keronsoft.com/ ပုံတွေအများကြီးကို တစ်ခါတည်း နာမည်ပြောင်းတဲ့ Software...
http://www.acutesystems.com/ Mac မှ Window သို့ ဖိုင်ပြောင်းပေးတဲ့ Software....
http://www.spadixbd.com/ Program တွေ PC ထဲမှာ နေရာယူတာကို ကြည့်တဲ့ Software...
http://www.axialis.com/download/iw.html Icon လုပ်တဲ့ Software...
http://www.softfields.com/ ပုံတွေကို တပြိုင်နက်ကြည့်တဲ့ Software.....
http://www.lavasoft.de/ Adware ကိုရှင်းပေးတဲ့ Software...
http://www.irfanview.com/ File အားလုံးကို ကြည့်လို့ရတဲ့ Software...
http://www.passmark.com/products/keytest.htm Keyboard ကိုစစ်တဲ့ Software...
http://www.passmark.com/products/pt.htm Performance ကိုစစ်တဲ့ Software....
http://www.passmark.com/products/bit.htm PC ကို BurnIn စစ်တဲ့ Software...
http://www.testlog.com/ Program တွေကို Test Plan လုပ်ပြီးစစ်ပေးတဲ့ Software....
http://www.passmark.com/products/wirelessmonitor.htm Wireless WiFi လုပ်ပေးတဲ့ Software...
http://www.passmark.com/products/batmon.htm UPS & laptop computer battery တွေကို စစ်ပေးတဲ့ Software...
http://www.passmark.com/products/monitortest.htm Monitor မှ CRT & LCD မျက်နှာပြင် ပုံရိပ်တွေကို စစ်ပေးတဲ့ Software..
http://www.passmark.com/products/modemtst.htm Modem ကောင်း ၊ မကောင်းစစ်ပေးတဲ့ Software...
http://www.passmark.com/products/soundcheck.htm Sound Card ကိုစစ်ပေးတဲ့ Software...
http://www.passmark.com/products/oscheck.htm Operation System ကိုစစ်ပေးတဲ့ Software...
http://myanmaritpros.com/profiles/blog/show?id=1445004%3ABlogPost%3A67... ISA Server .ကိုမြန်မာလို လေ့လာဖို့.....(၁)
http://myanmaritpros.com/group/smenetworking ISA server ကို မြန်မာလို လေ့လာဖို့...(၂)
http://download.cnet.com/Active-SMART/3000-2086_4-10055071.html?part=d... Active SMART Software လိုချင်ရင်..
http://www.brothersoft.com/google-talk-shell-70998.html Gtalk Shell လုပ်ဖို့ Software....(၁)
http://www.softpedia.com/progDownload/google-talk-shell-Download-71248... Gtalk Shell လုပ်ဖို့ Software....(၂)
http://portableapps.com/apps/utilities/toucan USB drives တွေအတွက် Password ပေးတဲ့ software..
လုပ်ပုံ လုပ်နည်းကို Blog နံပါတ် 92 မှာ ရေးထားပါတယ်..။လေ့လာကြည့်ပါ...။လုပ်ထားသင့်ပါတယ်..။
http://www.malwaresweeper.com/ malware တွေကို သတ်တဲ့ Software...
http://www.mediafire.com/download.php?ym02owyxyxb Malware sweeper ဒေါင်းလို့ မရဘူးဆိုလို့...
http://www.mediafire.com/download.php?mw20ofgdmll Memory Strick ထဲကဟာတွေကို ဖွတ်ပေးတဲ့ ဆော့ဝဲလ်....
http://www.freepdfconvert.com/ pdf ဖိုင်တွေပြောင်းတဲ့ ဆောဝဲလ်......
httpifile.itdl httpifile.itdl httpifile.itu4kzjd7this_is_a_test.txt) mp3 လုပ်ရန်ဆော့ဝဲရှာ
http://w
http://laughing-kookaburra.ning.com/ ရယ်မောခြင်းငှက်ငယ်...
http://onlinedoctor.com/ အွန်လိုင်းဒေါက်တာ
http://onlinepyadaik.com အွန်လိုင်းပြတိုက်လေး

http://www.freepdfconvert.com/ အီမိုဆိုဒ်
http://laughing-kookaburra.ning.com/ ရယ်မောခြင်းငှက်ငယ်
http://onlinepyadaik.com (ရသစုံအွန်လိုင်းပြတိုက်)

http://onlinedoctor.ning.com/ အွန်လိုင်းဒေါက်တာ
http://www.ning.com Ning ၀က်ဆိုဒ်ပြုလုပ်နည်း

http://myanmarmultiplyszone.ning.com မြန်မာ မာတီရပ်ဝန်း

http://www.ning.com Ning ၀က်ဆိုဒ်ပြုလုပ်နည်း

http://myanmarmultiplyszone.ning.com မြန်မာ မာတီရပ်ဝန်း