Showing posts with label Web Browers. Show all posts
Showing posts with label Web Browers. Show all posts

Saturday, 23 March 2013

1st Myanmar Browser & MyanBrowser



ခုနောက်ပိုင်း Android ဖုန်းတွေ အရမ်းကို ခေတ်စားလာပြီးတော့ Google Play မှာဆိုရင် Android Apps တွေ

တစ်ပုံကြီးကို ပေါ်နေပါပြီ။ ကိုယ်လိုချင်တာတွေ အားလုံးကို သွားရောက်ရှာဖွေ ဒေါင်းယူလို့ ရပါတယ်။

အဲဒီအထဲကမှ Android ဖုန်းတွေကနေ အင်တာနက် သုံးတဲ့အခါ Facebook နဲ့ တစ်ခြား မြန်မာဝဘ်ဆိုဒ်တွေကို

ဝင်ကြည့်တဲ့အခါ မြန်မာစာတွေ ဖတ်ရတာ အဆင်ပြေစေဖို့အတွက် ဒီ 1st Myanmar Browser & MyanBrowser

၂ ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကိုယ့်ဖုန်းထဲမှာ ဇော်ဂျီ မြန်မာဖောင့်မရှိလည်း ဒီ Browser တွေအသုံးပြုပြီး

ကြည့်မယ်ဆိုရင် မြန်မာစာတွေ ဖတ်လို့ ရပါတယ်..။ အသေးစိတ်ကိုတော့ ဒီနေရာ နဲ့ ဒီနေရာတွေမှာ အသေးစိတ်

သွားရောက် လေ့လာနိုင်ပါတယ်။ ဒေါင်းရလွယ်ချင်ရင်တော့ အောက်မှာပဲ ယူသွားလိုက်ပါ..။

မြန်မာပြည်က ဖုန်းဆိုင်တွေမှာ ဒီလို Android Apps တွေကို ဈေးကြီးကြီးနဲ့ ရောင်းစားပါသတဲ့ :)


Download: 1st Myanmar Browser
Download: MyanBrowser

Update: Download Link Update On 13/10/2013

Wednesday, 20 June 2012

Chorme Browser မှာ မြန်မာပြက္ခဒိန်လေးထားချင်ရင်



ဒီနေ့..... Chorme Browser သုံးနေကြတဲ့ သူငယ်ချင်းများကို Chorme Browser ရဲ့ Add on လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ...
 ဒီလိုပါ ... ကျနော်တို့လို နိုင်ငံဂျား(ခြား) မှာနေ နေတဲ့ သူငယ်ချင်းများအတွက်ကတော့ ဒီနေ့ မြန်မာလို ဘယ်နှရက်လဲ မေးရင် မသိဘူး ဆိုတဲ့ သူငယ်ချင်းက များမှာပါ ....:P 
ဒီတော့  မြန်မာ တစ်ယောက်ဖြစ်ပြီး မြန်မာလို ဘယ်ရက် ဘယ်လ ဆိုတာကို အင်တာနက်သုံးရင်းး အလွယ်တကူ သိရှိနိုင်ဖို့ ဒီ Add on လေးကို Chorme Browser မှာ Add ပေးလိုက်ပါ.... ပျော်ရွှင်ကြပါစေ....

မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်......:)

Add on လေးကို စိတ်ဝင်စားရင်တော့ ဒီနေရာလေး ကိုသွားပြီး ADDED TO CHORME ကိုနှိပ်ပြီး Add ပေးနိုင်ပါတယ်...:)

Ref: http://www.winkabarkyaw.co.cc/

မျက်စိနောက် သက်သာစေဖို့ Add On လေးတွေသုံးကြစို့.....:)


ဒီနေ့ ကျနော့သူငယ်ချင်းတွေကို အရမ်းကို အသုံးဝင်တဲ့ Browser Add On လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ......:)




 ကျနော်တို့ နေ့စဉ် အင်တာနက်ထဲမှာ စာတွေဖတ်ဖို့  Software တွေဒေါင်းယူဖို့ ရုပ်ရှင်တွေ ကြည့်ဖို့ တစ်ဆိုက်ဒ်ဝင် တစ်ဆိုက်ဒ်ထွက်နဲ့ လည်ပတ် လေ့လာ ရှာဖွေကြည့်ရှု့ကြတဲ့အခါ အင်တာနက်စာမျက် တစ်ခုဖွင့်လိုက်ရင် အပေါ်က ပုံလေးတွေထဲကလို ခုန်ပေါက်နေတဲ့ မျက်စိနောက်စရာ ကြော်ငြာ အမျိုးမျိုး တွေကို အားလုံးသတိထားမိကြမယ် ထင်ပါတယ်...စာလေး တစ်ကြောင်း နှစ်ကြောင်း ဖတ်ချင်လို့ ဝက်ဆိုက်ဒ် စာမျက်နှာလေး တစ်ခုဖွင့်လိုက်ပါတယ် လာပြန်ပြီေxာက် ကြော်ငြာ ....:)  တစ်ခုခုကို Download ဆွဲတော့မယ်ဆိုရင်လည်း Adf.ly ဆိုတဲ့ ဆိုက်ဒ် ကို ရောက်သွားရင် စာမျက်နှာ တစ်ခုလုံးမှာ မူးနောက်နေအောင် ကြော်ငြာလေးတွေ ခုန်ပေါက်နေကြပြန်ပါတယ်... ရုပ်ရှင်ကြည့်မလို့ YouTube ကိုသွားတော့လည်း ထို့အတူပါပဲ ...သူတို့လေးတွေကို သွားပြီး Click မိ ထိမိရင်လည်း သူတို့ရဲ့ ကြော်ငြာဆိုက်ဒ်ထဲကနေ တော်တော်နဲ့ ပြန်မလွှတ်တတ်ပါဘူး... Leave this page Yes (or) No ဘာညာဆိုပြီး Virus တွေရှိတဲ့နေရာကို အတင်းဆွဲခေါ်နေတတ်ပါတယ်....:(

အဲ့ဒီ မလိုအပ်တဲ့ ကြော်ငြာတွေကို ကိုယ်ဖွင့်နေတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ မပေါ်စေချင်ဘူး ဆိုရင် ဒီအောက်မှာ တင်ထားပေးတဲ့ Link လေးတွေကနေ တစ်ဆင့် မိမိတို့ရဲ့ သက်ဆိုင်ရာ Browser တွေမှာ Add ပေးလိုက်ပါ...Setting လေးတွေကိုတော့ မိမိ ကြိုက်သလို ပြင်လိုက်ပေါ့ဗျာ ကျနော်ကတော့ ဘယ် Setting ကိုမှ ပြင်မပေးတော့ဘဲ ဒီအတိုင်းသုံးနေပါတယ်...။
အရမ်း အရမ်းကိုလဲ မျက်စိနောက် သက်သာ သွားစေပါတယ်...:)

ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်ကတော့ အမှန်အကန် ကြိုက်သွားပြီဗျာ.....ဟီးးးး Add on ကိုပြောတာပါ....:D

 Chorme Browser အတွက်  ဒီနေရာ ကိုသွားပြီး ADD TO CHORME ကိုနှိပ်ပြီး Add ပေးလိုက်ပါ..။

Firefox Browsre အတွက်ကိုတော့ ဒီနေရာကို သွားပြီး Add To Firefox ကို နှိပ်ပေးလိုက်ပါ.. ပြီးရင် Firefox Browser ကို Restart လုပ်ပေးလိုက်ပါ..။

IE Browser အတွက်ကို ဒီနေရာက နေ Download Install လုပ်ပါ..။

Safiri Browser အတွက်ကိုတော့ ဒီနေရာ ကနေတစ်ဆင့် Add ပေးနိုင်ပါတယ်...။

Opera Browser အတွက်ကတော့ ဒီနေရာ လေးကို သွားလိုက်ပါ...။

ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်နော်.....:)

အားလုံးပျော်ရွှင်ခြင်းများဖြင့် ပြည်စုံကြပါစေ......


ဝင်းကမ္ဘာကျော် (Software နှင့် နည်းပညာ)


Ref: http://www.winkabarkyaw.co.cc

Saturday, 3 March 2012

Opera Browser မှာ မြန်မာလို ဖတ်လို့ ရေးလို့ ရအောင်

opera Opera 11.60 Build 1185 Final


တော်တော်လေးသွက်တဲ့ Opera Browser လေးပါ...။ မြန်မာဖောင့် အခတ်အခဲကြောင့် မြန်မာတွေအသုံးနည်းကြပါတယ်..။ ဒီ Browser လေးက Function တွေလဲ တော်တော် စုံသလို  File Sharing   ပါ လုပ်လို့ရလို့   FireFox ထက်တောင် သာတယ်ပြောရမှာပါ....။ 
Opera Browser  ကို   ဒီမှာ  ဒေါင်းယူနိုင်ပါတယ်...။ဒေါင်းပြီး Run  လိုက်ရင် မြန်မာစာတွေ မမြင်ရသေးပါဘူး မြန်မာစာတွေက လေးထောင့်တုံးတွေ သို့မဟုတ် တောင်တစ်လုံး မြောက်တစ်လုံး ဇောက်ထိုးတွေတွေ့ရမှာပါ
မြန်မာလို ဖတ်လို့ ရေးလို့ ရအောင်တော့    CSS   ကုတ်ဒ်လေး ထည့်ပေးရမှာပါ...။
မြန်မာလို ဖတ်လို့ ရေးလို့ ရအောင် ပထမဆုံး
Notepad    လေးကို ဖွင့်ပြီး ဒီအောက်က အစိမ်းရောင်နဲ့ရေးထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ....။

* , html, body, div, p{font-family:Zawgyi-One !important;}


ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။

ပြီးရင် အဲဒီ User.css Notepad  ဖိုင်လေးကို Copy ကူးပြီး   

my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ....။

ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ ....။ ပြီးတော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီခင်မျာ.....။



အားလုံးကို ခင်မင်လေးစားလျှက် ဝင်းကမ္ဘာကျော်

Safari Browser မှာ မြန်မာလို ဖတ်လို့ ရေးလို့ရအောင်


image of safari browser
Safari  Browser မှာ မြန်မာလို ရေးလို့ ဖတ်လို့ရအောင် ဆိုရင်တော့  Opera Broswer မှာ မြန်မာလို ဖတ်လို့ ရေးလို့ရအောင်  ဆိုတဲ့ပို့စ် ထဲကအတိုင်းပါပဲ CSS ကုတ်ဒ် လေးရေးထည့်ပေးရမှာပါပဲ ....။
ဒီ အောက်က အပြာရောင်နဲ့ ကုန်ဒ်လေးတွေကို Notepad လေးကိုဖွင့်ပြီး Copy ကူးလိုက်ပါ...။ ပြီးတော့ Save တဲ့အခါမှာ ရှေ့မှာ ကိုယ်ကြိုက်တဲ့ မှတ်မိလွယ်မဲ့ နာမည်လေး တခုခု ရေးပြီး ( ဥပမာ User (or) Zawgyi One ) လို့ရေးပြီး နောက်က  [ .css ]  ဥပမာ User.css လို့ရေးပြီး...
Desktop ပေါ်မှာဖြစ်ဖြစ် တနေရာရာမှာ Save ထားလိုက်ပါ....

* , html, body, div,p {
font-family:Zawgyi-One !important;
}

ဘယ်လိုမြန်မာစာတွေမြင်ရအောင် လုပ်ရမလဲ ဆိုရင်တော့.... Safari မရှိသေးရင်  ဒီမှာ ဒေါင်းယူလိုက်ပါ

ဒေါင်းပြီးလို့ Run လိုက်ရင် မြန်မာစာတွေကတော့ အောက်ကပုံထဲကအတိုင်း တွေ့မြင်ရမှာပါ...



ဒုတိယ အဆင့်အနေနဲ့... Safari Browser ရဲ့ အပေါ်ဆုံး ညာဘက် ထောင့်နားလေးမှာ....



အဲဒီပုံထဲကအတိုင်း ခွေးသွားစိတ် လေးကို ကလစ်လိုက်ပါ.....

ပြီးတော့  Preferences  ကို ထပ်ပြီး ကလစ်လိုက်ရင် အောက်က ပုံလိုမျိုး Box လေး ထဲမှာ ခွေးသွားစိတ် လိုပုံလေးနဲ့ Advanced Tab လေးကို ကလစ် ပြီး....



Style Sheet  ဆိုတဲ့ အကွက်လေးထဲမှာ 

အောက်ဖက်ကို ညွှန်ပြနေတဲ့ မျှားလေးကို ကလစ်လိုက်ရင် ...
None Selected     
Other                  
 ဆိုတဲ့ စာကြောင်းလေး နှစ်ခု မှာ Other ကို ရွေးပေးပြီး....စောစောက  Notepad လေးနဲ့  Save  ထားတဲ့ CSS  ဖိုင်လေးကို ထည့်ပေးလိုက်ပါ ....ဒါပါပဲ ....ပြီးသွားပါပြီ ...အောက်က ပုံထဲကအတိုင်း မြန်မာစာတွေကို ရေးလို့ ဖတ်လို့ ရသွားပါပြီ ခင်မျာ....


အားလုံးကို ခင်မင်လေးစားလျှက် ဝင်းကမ္ဘာကျော်

Monday, 30 January 2012

Maxthon 3 browser မှာ မြန်မာလို ရေးလို့ ဖတ်လို့ ရအောင်လုပ်နည်း




Maxthon 3 browser မှာ မြန်မာလို ရေးလို့ဖတ်ရအောင် .... စ လိုက်ကြစို့ဗျာ.....
Maxthon 3 Browser  ကို မရှိသေးရင်  ဒီမှာဒေါင်းယူပါ

ဒေါင်းပြီးလို့ Run လိုက်ရင်တော့ မြန်မာစာတွေက ဒီလိုတွေ လွန်စွာစိတ်ပျက်စရာ တွေ့မြင်ရပါလိမ့်မယ်....


 ဘာမှမပူပါနဲ့ Zawgyi ဖေါင့်ကို ဒီနည်းလေးအတိုင်း ချိန်းပေးလိုက်ရင် OK စိုပြေသွားမှာပါ....;D


အနီရောင် နဲ့ ဝိုင်းထားတဲ့နေရာလေးကို နှိပ် ပြီး Setting ကို Click ပါ...။


 advanced  လေးကို Click  ပြီး.....>>>


Selact မှာ Zawgyi One ကို ရွေးပေးလိုက်ရင် အောက်ကပုံအတိုင်း စောစောက စိတ်ပျက်စွာ မြင်နေရတဲ့ မြန်မာစာတွေဟာ....ခုလို အဆင်ပြေစွာ ရေးလို့ ဖတ်လို့ ရသွားပါပြီဗျာ....
(အာလုံးပြီးသွားရင် Maxthon browser ကို Exit ပေးပြီး restart လုပ်ပေးလိုက်ပါ)


အားလုံးအဆင်ပြေကြပါစေ ....။

ကျေးဇူးတင်ပါတယ်..။

Sunday, 29 January 2012

ကျွန်တော်သုံးခဲ့တဲ့ Web Brower များ


http://www.internetbrowsersoftware.net/wp-content/uploads/2010/02/top-best-browsers.jpg

ကျွန်တော်သုံးခဲ့တဲ့ဟာတွေကို သူငယ်ချင်းတွေကိုလည်အရမ်းသုံးစေ
ခြင်ခဲ့တယ် အရမ်းကောင်းတဲ့ Web Browsers တွေပါ အလုံးကို စမ်းခဲ့
ပြီးပြီး အရမ်းကိုအဆင်ပြေပါတယ်



http://www.teknobites.com/wp-content/uploads/2010/02/safari512px.png


Apple ရဲ့ Safari ဒေါင်းရန်



http://static.arstechnica.net/opensource/firefox-09-intro.png


Fire Fox လေးဒေါင်းရန်


http://i.zdnet.com/blogs/internet_explorer.png



Internet Explorer လေးဒေါင်းရန်




http://www.maxthon.com/blog/wp-content/uploads/2011/10/Maxthon-Browser1.png


Maxthon ဒေါင်းရန်



http://www.getmobsoft.com/ss/1300787436-screenshot.png


Opera လေးဒေါင်းရန်



http://blogs-images.forbes.com/tomiogeron/files/2011/06/RockMelt-Logo3.png


RockMelt လေးဒေါင်းရန်



http://trileafdesigns.com/blog/wp-content/uploads/2011/05/Google-Chrome-Logo.jpg



Google Chrome လေးဒေါင်းရန်