Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts
Friday, 31 May 2013
တစ်ကယ်ချစ်တတ်ဖို့ ဒါလေး ဖတ်ပါ
တစ်ဦးနဲ့တစ်ဦး တကယ်မေတ္တာအစစ်နဲ့ချစ်ကြပြီဆိုရင် မကြာခဏ ရန်ဖြစ်ပါလိမ့်မယ်.. စိတ်မညစ်ပါနဲ့
ရန်ဖြစ်ပြီးလျှင် ပြန်ချစ်တတ်ပါတယ်။ မကြာခဏ မျက်ရည်ကျပါလိမ့်မယ်။ သင့်ကို ချစ်လို့ ကျတဲ့မျက်ရည်တွေကို
လက်ဖမိုးနဲ့အသာသုတ်ပေးလိုက်ပါ။ လွှတ်ခနဲ အမှတ်မထင်ပြောမိတဲ့ စကားတစ်ခွန်းက သူ့အတွက်
နာကျင်စေမိတယ်ဆိုရင် သင် နှစ်သိမ့်ပေးပါ။ သင့်စကားတိုင်းကို အလေးထားပြီး ဂရုစိုက်တတ်တဲ့
ချစ်သူတစ်ယောက်အတွက်။ မကြာခဏ ငြင်းခုန်နေမိပြီဆိုလျှင် သင့်ဘက်က အလျော့ပေးပြီး
စိတ်အေးစွာထား၍ ပြန်ရှင်းပြပါ။ သင့်ချစ်သူက သင့်အား အနိုင်ယူလို၍ ဆိုးနွဲ့ချင်၍သာ ငြင်းခုန်ခြင်းဖြစ်ပါတယ်။
ချစ်သူက သင့်အား သ၀န်တို၍ တိုပဲတိုနိုင်လွန်းတယ်ဆို၍ စိတ်တွင်မမှတ်ပါနှင့်။ သင့်အား အရမ်းချစ်၍
ဆုံးရှုံးရမည်အား စိုးရိမ်သောကြောင့်ဖြစ်ပါတယ်။ ရန်ဖြစ်ခြင်း ၊ မျက်ရည်တွေ ၊ နာကျင်မှုတွေ ၊ ငြင်းခုံမှုတွေ ၊
မနာလိုမှုတွေ နှစ်ယောက်အတူ ရင်ဆိုင်နိုင်ပြီဆိုလျှင်တော့ ဘာပြဿနာပဲရှိရှိ သင်တို့ အချစ်ခိုင်မြဲပါလိမ့်မည်။
Friday, 15 March 2013
ဆရာ စံဇာဏီဘိုရဲ့ အချစ်ဗေဒင်
ဆရာ စံဇာဏီဘို ဟောကိန်းပုံစံနဲ့ကိုက်ပြီး ပြုလုပ် ထားတဲ့ အချစ်ဗေဒင် Software တစ်ခုကို
ပြောပြပေးချင်ပါတယ်။ အဲဒီ Software ကို Developer နှစ်ဦးက ဖန်တီးထားတာ ဖြစ်ပြီး အချစ်နဲ့
သက်ဆိုင်တာ မှန်သမျှကို မေးလို့ ရပါ တယ်။ ပထမဦးဆုံးအနေနဲ့ ယောကျာ်း လေးတွေရဲ့
ချစ်ရေးဆိုတာခံရတဲ့ မိန်းကလေးတွေအတွက် သီးသန့်  သူကိုယ့်ကို ကိုယ်တကယ်ချစ် မချစ်
ဆိုတာကို တွက်လို့ရပါတယ်။ ပြီးတော့ ယောကျာ်းလေးတွေအတွက်ကတော့ ကိုယ်က ဘယ်လိုမျိုး
မိန်းမရမလဲဆိုတာကို ဒုတိယအနေနဲ့ တွေ့ရမှာ ဖြစ်ပြီး ဒီနှစ်ထဲမှာ ယူသင့် မယူသင့်ဆိုတာကိုပါ
ရာသီခွင်အချစ်ဗေဒင်
ရာသီခွင်အချစ်ဗေဒင် ဆော့ဝဲလ်လေးပါ။ ကိုယ့်အချစ်နဲ့ ပက်သက်တာလေးတွေ ကိုယ်မွေးဖွားတဲ့ ရာသီခွင်အလိုက်
ရွေးနှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ မှန်မမှန်ဆိုတာကတော့ ကိုယ်တိုင်မှ သိမှာလေနော်..လိုချင်တယ်ဆိုရင်တော့
အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ အချစ်နဲ့ ပက်သက်ပြီး သူငယ်ချင်းများ အားလုံးပဲ အဆင်ပြေကြပါစေ.....
Download: ရာသီခွင်အချစ်ဗေဒင်
Thursday, 14 March 2013
ချစ်သူနှစ်ဦးလမ်းခွဲရခြင်း (၁၀) မျိုး
၁။ ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး..
နားလည်မှု မရှိတာက မှားတာပါ ။
၂။ သ၀န်တိုခဲ့တာတွေ မမှားဘူး...
သံသယ တွေ ၀င်ခဲ့တာ မှားတာပါ ။
၃။ ကျီစယ်ခဲ့တာတွေ မမှားဘူး...
ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ ။
၎။ စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး...
ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ ။
၅။ ပိတ်ပင်တားမြစ်တာက မမှားပါဘူး...
ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ ။
၆။ အနေမနီးခြင်းက မမှားပါဘူး...
နွေးထွေးမှု မရှိခြင်းက မှားတာပါ ။
၇။ အရမ်းချစ်ပြခဲ့တာက မမှားပါဘူး...
တယောက်ထဲ အတွေးချော်တာက မှားတာပါ ။
၈။ တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး...
တစိမ်းစကားတွေ နားယောင်တာက မှားတာပါ ။
၉။ အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး...
အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ ။
၁၀။ တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး...
ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။
Friday, 22 June 2012
“အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ”
သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာscreen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ပထမဆုံးအကြိမ်ကျွန်မဆီပို့သောသူ၏messageမှာ ထိုစာကြောင်းလေးဖြစ်သည်။
“အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ”
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။
“ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား”
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
“ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ”
“ဟား....သရဲဖြစ်ရတာပျော်လား”
“ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး”
“ဟား...ဟား.. အချစ်အတွက်ကြောင့်လား”
ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာ online ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။
“ကျွန်မ အခုဘာလုပ်နေလဲ”
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
“တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်”
“ကော်ဖီတွေ သိပ်မသောက်နဲ့လေ”
“ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ”
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။
ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ”ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ”ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ”၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ”မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ”၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ”မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။
“ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား”
“အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ”
“ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်”
“အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်”
“ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်”
“အသက် ယူမယ်ဆိုရင် ပေးနိုင်မလား”
“ကောင်းပြီလေ”
မေ”၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ”၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ”ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ”ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ” ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ”က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ”၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ”ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ”စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။
ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ”၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
“ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်”
“ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား”
“ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား”
ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။
“ခင်ဗျားက ထူးခြားတယ်”
“ဘာဖြစ်လို့လဲ”
“ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား”
“ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး”
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။
အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး “ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ” ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။
“ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ”
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။
“တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ”
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
“ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား” ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
“ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ”
“တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်”
“ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ”
ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။
“ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ”
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...
သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ” ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ” ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... “အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်” ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။
ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။
ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။ မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...
“တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား”
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။
“နည်းနည်းတော့ ကြောက်မိပါတယ်”
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။
“ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ”
“အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး”
“အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား”
“အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်” ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
“မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား”
“မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်”
“ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ”
“သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်”
ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။
“ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား”
“ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်” ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။
“ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား”
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။
“ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်”
စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။
“ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ”
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
“ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ”
“... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်”
တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။
“ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ”
ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
“တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား”
“တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး”
“နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ”
“နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး”
ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....
“နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား”
“ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်”
သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။
“ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား”
“ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်”
သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။
“မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)”
ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။
“ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်”
“ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား”
“ဟုတ်တယ်”
“၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား”
“ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား” ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။
“အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ”
ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
“ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်”
မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။
“ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား”
“ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်”
ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
“ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်”
နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။
“ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ”
ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။
သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။
“ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ”
ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။
“ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်”
“ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ”
သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။
“ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်”
“တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ”
ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
“မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား”
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။
နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။
ပြီးပါပြီ ။            ။နိုင်းနိုင်းစနေ
Tuesday, 12 June 2012
ယောက်ျားလေးတွေအပေါ် မိန်းကလေးတွေ နားမလည်တဲ့အချက်များ
 (၁) ယောက်ျားလေးတွေ ဘာဖြစ်လိုကြံ့ခိုင်ဖို့ ကြိုးစားသလဲဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက အပြင်ပန်းကြံ့ခိုင်သလောက် အတွင်းစိတ်လည်း နုနယ်တယ်။ ကြံ့ခိုင်ဖို့ သူတို့ကြိုးစားတာက သူတို့ဟာအကောင်းဆုံးဆိုတာကို ကိုယ့်ချစ်သူ ခံစားစေချင်လို့ဖြစ်တယ်။
(၂) ယောက်ျားလေးတွေ ဘာဖြစ်လို့ အလွယ်တကူ မျက်ရည်မကျတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက မျက်ရည်မကျတတ်တာ မဟုတ်ဘူး။ သူတို့မျက်ရည်ကျပြီဆိုရင် ဒီအချစ်ဇာတ်လမ်းလည်း အဆုံးသတ်ပြီဆိုတာကို သူတို့သိလို့ဖြစ်တယ်။
(၃) စိတ်ရှုပ်တဲ့အခါတိုင်း ယောက်ျားလေးတွေ ဘာကြောင့်ဆေးလိပ်သောက်တယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက ကိုယ်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ထဲကနေ လှပတဲ့အမှတ်တရတွေကို ပြန်မြင်ယောင်စေပြီး စိတ်ကိုတည်ငြိမ်စေတယ်လို့ သူတို့နားလည်ထားလို့ဖြစ်တယ်။
(၄) ယောက်ျားလေးတွေဟာ လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာလည်း ဘာကြောင့် ကိုယ့်ကိုနေကောင်း၊ ကျန်းမာလား မေးတတ်တာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ သူတို့က ကိုယ်နဲ့သူငယ်ချင်းလုပ်ချင်တာတော့ မဟုတ်ဘူး။ ဒါဟာ အတိတ်က သူနဲ့ပတ်သက်တဲ့ သံယောဇဉ်ကြောင့်ဆိုတာ သူကိုယ်တိုင်ပဲသိလို့ဖြစ်တယ်။
(၅) ကိုယ်အနိုင်ကျင့်ခံရကြောင်းပြောတဲ့အခါ ယောက်ျားလေးတွေဟာ ဘာကြောင့်တဇွတ်ထိုး မိုက်မဲသွားမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ဒီရန်ပွဲမှာ ကိုယ်ရှုံးသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ ယောက်ျားလေးတွေက ဝမ်းသာတတ်တယ်။ အကြောင်းက ကိုယ်သာ အနာတရ ရစေ.. ကိုယ့်ချစ်သူမိန်းကလေး မျက်ရည်ကျတာကို သူတို့မတွေ့မမြင်ချင်လို့ဖြစ်တယ်။ (၆) ယောက်ျားလေးတွေဟာ အသဲကွဲတာနဲ့ ဘာကြောင့် ညညအရက်သောက်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ဒီတစ်ညမှာ ကိုယ့်ကိုထုံကျင်မူးမေ့အောင် မလုပ်ရင် ဒီတစ်ညလုံးကို အလွမ်းတွေနဲ့ပဲဖြတ်ကျော်ရမယ်ဆိုတာကို သူတို့သိလို့ဖြစ်တယ်။
(၇) ယောက်ျားလေးတွေဟာ ချစ်သူအတွက်ဆို အမြဲတမ်း ဘာကြောင့် ပိုက်ဆံရက်ရောတယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်က်ျားလေးတွေဟာ ကိုယ်ကိုယ်တိုင် ချွေတာစုဆောင်းရပါစေ .. အပြင်ထွက်လည်တဲ့အခါ တခြားလူ အထင်အမြင်သေးတဲ့အကြည့်မျိုး ကိုယ့်ချစ်သူမြင်မှာ၊ ခံစားမှာ မလိုလားလို့ဖြစ်တယ်။ (၈) ယောက်ျားလေးတွေက ဘာကြောင့် မိန်းကလေးတွေရဲ့ အရင်ရည်းစားကို စိတ်ဝင်စားတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိလို့ မဟုတ်ဘူး။ ကိုယ့်ကိုအပျော်တွဲပြီး ရည်းစားဟောင်းနဲ့ သင်ပြန်ပေါင်းထုပ်မှာကို သူတို့စိုးရိမ်လို့ဖြစ်တယ်။ (၉) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ်ရေးတဲ့နေ့စဉ်မှတ်တမ်း၊ စာစုတွေအပေါ် ဖြေရှင်းချက်တောင်းတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ သူတို့ စိတ်တိုဒေါသထွက်ချင်လို့ ဖြေရှင်းချက်တောင်းတာ မဟုတ်ဘူး။ သင့်ပါးစပ်ကနေ သူအရေးပါသလား? တခြားသူက ပိုအရေးပါသလား? ဆိုတာကိုကြားရဖို့ သူတို့မျှော်လင့်လို့ဖြစ်တယ်။ (၁ဝ) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ့်ချစ်သူကို "နင့်ကိုချစ်တယ်"ဆိုတဲ့စကား မကြာခဏမပြောကြမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက ဒီလိုစကားတစ်ခွန်းကို မပြောချင်လို့ မပြောတာမဟုတ်ဘူး။ ဒီလိုစကား အခွန်းတစ်သောင်းပြောလဲ မလုံလောက်ဘူးလို့ နားလည်ထားလို့ဖြစ်တယ်။
Friday, 11 May 2012
ချစ်စ ရှည်စေ
အပြစ်တင်နေလျှင်တော့
အချစ်ဝင်လာစရာ အကြောင်းမရှိ
အပြစ်ဆိုနေလျှင်လည်း
အချစ်သည် တိုတတ်စမြဲ
ချစ်စရှည်စေ ၊ မုန်းစတိုစေ
ဆိုစကားက ရှိ၍နေ
ချစ်လျှင်အကျိုး မြတ်နိုးမှသဒ္ဓါ
ကောင်းကျိုးတို့ စည်ဝေဖြာ
ချစ်လျှင် အပြစ်မမြင်
ပေါ်နေသည့်သွားကိုပင်
ပြုံးနေသည်ဟု သူထင်
အချစ်၏ ထိုတန်ခိုး
ပြောလို့ကွယ် ကုန်နိုင်ရိုး
အပြစ်မြင်နေလျှင် အပြစ်မတင်နှင့်
အပြစ်ကို အချစ်နဲ့အစားထိုး
အားလုံး၏ ကောင်းကျိုး။        ။ 
Wednesday, 2 May 2012
ချစ်သူ သက်တမ်း ပိုရှည်စေဖို့ အတွက်
ချစ်သူတို့ ချစ်သက်တမ်း ပိုရှည်ကြာအောင် ဖတ်ရှု့သင့်သည့် အချက်အလက်များ
To:
၁) နာမည်ခေါ်ဝေါ်သုံးစွဲတာ မလုပ်ပါနဲ့။
၂) ချစ်သူရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့အခြားအစိတ်အပိုင်းများကိုမလှောင်ပါနဲ့။
၃) ချစ်သူအား အခြားသူနဲ့ ပုတ်ခတ်ပြောဆိုခြင်း လုံးဝမလုပ်ပါနှင့်။
၎) အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနဲ့။
၅) စကားပြောနေစဉ် အခြားသူတစ်ဦးနာမည်ကို မကြာခဏ မပြောမိပါစေနှင့်။
၆) စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်။
၇) ဘာမဟုတ်သည့်ကိစ္စကို မငြင်းပါနှင့်။
၈) ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ။
၉) ဖြစ်ပျက်သမျှကို သူငယ်ချင်းများကို မပြောပါနှင့်။
၁၀) သူကြိုက်သည့်အရာများကို မမုန်းပါနှင့်။
၁၁) အချို့ကိစ္စများကို မသိချင်ယောင်ဆောင်နေပါ။
၁၂) ဒေါသနဲ့ စကားမပြောပါနဲ့။
၁၃) စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ။
၁၄) သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်။
၁၅) ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်။
၁၆) ဘာအကြောင်းနဲ့မှမအော်ပါနှင့်။
၁၇) သူဟာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ။
၁၈) ချစ်သူက ချောလား၊ လှလား မေးတိုင်း ပြုံးသာပြလိုက်ပါ။
၁၉) အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာငွေရှင်းလိုက်ပါ။
၂၀) သူ၏ ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာ လိုက်မကြည့်ပါနှင့်။
၂၁) အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပြပါ။
၂၂) ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့နှင့် ရည်းစားစဖြစ်သည့် နေ့ကိုမှတ်ထားပါ။
၂၃) တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ။
၂၄) ဖြစ်ပျက်သမျှအားလုံးကို သင်က ဦးအောင်တောင်းပန်လိုက်ပါ။
၂၅) အခွင့်အရေးရတိုင်းမယူပါနှင့်။
အချစ်အက္ခရာ A to Z...
Accept(လက်ခံခြင်း)
“လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး”
သူ့ကိုချစ်တယ်ဆိုရင်
သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊
သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ
လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။
Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို
ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့
“အလုပ်ပင်ပန်းလား?”ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို
“မိုးအေးပြီနော်…
အနွေးထည်ထပ်ဖို့
မမေ့နဲ့နော်”ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက
တစ်ဘက်သားအတွက်
တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို
နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။
Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက
ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ
အဆုံးသတ်ရတတ်တယ်။
Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့
ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ
ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ
ပျော်ရွှင်မှာဖြစ်တယ်။
Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့
လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ
ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။
ဒါကြောင့်
သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။
Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။
ဒါပေမယ့်
မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက
ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ
စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။
Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို
နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့
ချစ်ခြင်းမှာ
နှလုံးသားတစ်စုံသာ မပါခဲ့ရင်
အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။
Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက “ငါဟာ မင်းအတွက်မွေးဖွားလာတာပါ” လို့ပြောတတ်ကြတယ်။
တကယ်တော့ လူတိုင်းမှာ
ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊
အားကိုးတာက
သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။
Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း
တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့
အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း
အဆက်အစပ်မရှိတဲ့
သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ
ဖြစ်ပေါ်စေပါတယ်။
Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။
ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့
ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့်
ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့
မတွန့်တိုသင့်ပါဘူး။
Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။
“ချစ်တယ်”ဆိုတဲ့စကားတစ်ခွန်းက
တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို
နွေးထွေးကြည်နူးစေပါတယ်။
Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ်
ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ
အဆင်ခြေမရှိ
စူစူအောင့်အောင့်
မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်
လူရင့်ကျက်ရင်
အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန်
ဖူးပွင့်နိုင်မှာဖြစ်တယ်။
Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး
ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး
ပေါ်လာတတ်တယ်။ ချစ်စတည်းက
ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က
ပိုတာရှည်တည်မြဲမှာဖြစ်တယ်။
Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလိုတစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ-မဂ္ဂဇင်းအတူကြည့်တုန်းစာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင်လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။
Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။
ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့
လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ
သူ့အရှက်မရဖို့၊
ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။
Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့
ခွင့်လွတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊
စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။
အဲဒီအပြုအမှုတွေက
သူ့ကို
စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက်
ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ
နှစ်ဦးသားရဲ့ အကြင်နာကို
ပိုမိုခိုင်မြဲစေပါတယ်။
Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။
ဒါဟာ
ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။
Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။
Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး
ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။
တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို
ပိုနားလည်စေနိုင်ပါတယ်။
Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း
ကိုယ့်ချစ်သူကို “အပြောသမား” တစ်ယောက် မဖြစ်စေချင်သလို သူကလည်း
ကိုယ့်ကိုဖြစ်စေချင်မှာ
မဟုတ်ပါဘူး။ အချင်းချင်း
အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။
Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့
အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး
ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို
နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။
X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင်
အချစ်ကအလိုလိုနေရင်း
အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။
Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ်
အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို
သဲသဲကွဲကွဲ
မသိခင် “လမ်းခွဲကြရအောင်”
ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့
သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး
ဖြေရှင်းနည်းတွေ
ရှာတာဟာ
အကောင်းဆုံးဖြစ်တယ်။
Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့
ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက
ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့
မှတ်ယူပြီး
အချစ်ကို
ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့
ချစ်နိုင်၊
ခံစားနိုင်ခဲ့ရင် အချစ်ဟာ
အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။
လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ
အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား
ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့
ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့
ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်တော်က
ထပ်ဘာသာပြန်ဆိုပါတယ်။
အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး
ချစ်နိုင်ကြပါစေ…။
သင်ချစ်မိသွားပြီလား...........
၁။ ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်ခါနီးအချိန်လေးမှာ
အိပ်မပျော်ခင်သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင်
သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပါပဲ။
၂။ အားလပ်တဲ့အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင်
ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးရှိနေတာလည်း
သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပါပဲ။
၃။ သူနဲ့ပတ်သတ်သမျှအရာအားလုံးကို နေ့ တိုင်း
နေ့တိုင်း ဂရုစိုက်အလေးထားတယ်ဆိုရင်လည်း
သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပါပဲ။
၎။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေကိုယ့်ဖုန်းကိုဖွင့်
ထားပြီး သူ့ဆီက Message ဒါမှမဟုတ် ဖုန်းကိုစောင့်နေမိတယ်ဆိုရင်
သူ့ကိုချစ်မိသွားလို့ပါပဲ။
၅။ သူနဲ့အတူ နှစ်ယောက်တည်းစကားပြောရတာကို
နှစ်သက်တယ်ဆိုရင် သူ့ကိုချစ်မိသွားလို့ပါပဲ။
၆။ အတူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင်ဟန်ဆောင်နေပေမယ့်
ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပြင်းလိုက်ရှာတတ်တာ
သူ့ကိုချစ်မိသွားလို့ပါပဲ။
၇။ သူ ဖျားနေရင်း ထိခိုက်ဒဏ်ရာရလာရင် လိုတာထက်ပိုစိုးရိမ်မိရင်
သူ့ကိုချစ်မိသွားလို့ပါပဲ။
၈။ တခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ
မနာလိုသ၀န်တိုမိရင် သူ့ကိုချစ်မိသွားလို့ပါပဲ။
၉။ သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
လိုက်တွန့်နေရင် သူ့ကိုချစ်မိသွားလို့ပါပဲ။
၁၀။ သူ့အကြောင်း သူ့သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း
သူ့ကိုချစ်မိသွားလို့ပါပဲ။
၁၁။ သူပေးတဲ့လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ်ဆိုရင်လည်း
သူ့ကိုချစ်မိသွားလို့ပါပဲ။
၁၂။ သူနဲ့ Chat နေရင်း offline ဖြစ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ သေချာပါတယ်။
သူ့ကိုချစ်နေလို့ပါပဲ။
ကျနော်တော့အဲ့လိုတွေ ဖြစ်တာအများထင်တာဘဲ......
သူငယ်ချင်းတို့တော့ဘယ်လိုလဲမသိဘူး........http://answerfriends.multiply.com
ကောင်လေးတယောက်ရွေးသင့်တဲ့ချစ်သူ
၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ ...
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ
အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ...)
၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ ...
၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ ...
၎)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ ...
၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ ...(ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ...)
၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ ...သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ ...
၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ ...အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့  ရဲဝင့်စွာကြွေးကြော်တတ်သူ ...
၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ...
(သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ...)
၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက် လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ ...
(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)
၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ...
( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ ...)
ကောင်မလေးတယောက်ရွေးသင့်တဲ့ချစ်သူ
၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ..
(လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ...)
၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ...
(ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ သူ့ လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ ...)
၃)ချမ်းအေးတဲ့  ဆောင်းမနက်ခင်းမျိုးမှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ...
(လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ...)
၎)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ...
(မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။...သို့ သော်လိုအပ်လာလျှင်
သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ... Cry on my shoulder...လို့ ပြောတတ်သူ...)
၅)Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ 
ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ ...
၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့ 
harry potter ကားမျိုးကို မပျင်းမရိလိုက်ကြည့်ပေးတတ်သူ ...
၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ...
(တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ
စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ ...)
၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ...
(သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့ လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ ...)
၉)ငါဒီလောက်ဆိုးတာနင်ဘာလို့ ချစ်တာလဲလို့ မေးတိုင်း..ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ...
၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ...
(ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ ...တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ ...)
Tuesday, 24 April 2012
ချစ်တတ်သူတိုင်းရဲ့နှလုံးသားတွင်
                                                        ချစ်တတ်သူတိုင်းရဲ့နှလုံးသားတွင်
အမည်အက္ခရာ စာစီချလည်း
ပြောမပြတတ်အောင်ချစ်တယ်
နှလုံးသားတွေ အရည်ပျော်သွားလည်း
မေ့မရအောင်ချစ်တယ်..
နာကျင်မှု့ တွေ အမြစ်တွယ်နေပါစေ
နာကျင်မှု့ နဲ့ စက္ကန် ခြား ချစ်လို့ ရလည်း
ချစ်ချင်တယ်.......
ကျသည့်မျက်ရည် ကြွေဆင်းပါစေ
ကြွေဆင်းသည့် မျက်ရည် သက်သေထား
အသည်းတွေပျက်ကြွေသွားပါစေ ချစ်တယ်...
အချစ်ကိုအပြစ်မမြင် ကံကြမ္မာကို အပြစ်တင်ပြီး
အမုန်းကမ္ဘာကို တစ်ယောက်တည်း မသွားချင်
အဖော်ကိုစစ်ခင်းပြီ ချစ်ချင်တာ
တစ်သက်ပါ.........
အချစ်စစ်မှာ အကြောင်းပြချက်မလို
ချစ်ဖို့ ကိုအဓိကထား သစ္စာကိုချည်နှောင်
မေတ္တာကိုရင်ဝယ်ပိုက် ငါအသက်ရှင်သရွေ့
ချစ်နေအုံးမယ်..............
                                                        ချစ်တတ်သူတိုင်းပြုံးပျော်နိုင်ကြပါစေ
Sunday, 18 March 2012
လူပျိုတွေ ဘာကြောင့် မစွံတာလဲ
မိန်းကလေး တစ်ယောက်ကိုစပြီးတော့ စိတ်ဝင်စားပြီဆိုပါတော့ ခေတ်တွေဘယ်လောက်တိုးတက်ပါစေ
သူတို့နှလုံးသားကတော့ သူတို့လိုချင်တဲ့စံမရှိရင်မြန်မြန်ဆန်ဆန်ပြန်ချစ်မှာမဟုတ်ပါဘူး။
ဆရာကြီးမဟုတ်ပါ မြင်သမျှ တွေ့ဖူးသမျှ ကြားဖူးသမျှကိုမျှဝေပါမည်။
ယောက်ျားလေးအတော်များများဟာ မိမိကိုယ်ကို အထင်ကြီးတတ်ကြပါတယ်။မိန်းကလေးတစ်ယောက်ကို
စချစ်မိပြီဆိုတာနဲ့ ဒီအယူအဆကို စပြီးစွန့်လွတ်မှဖြစ်မှာပါ။မိန်းကလေးတွေက သူတို့ကို
အထင်သေးတာမကြိုက်လို့ပါ။အဲ့ဒီမိန်းကလေးကို သံယောဇဉ်ရှိသလို သူတို့နဲ့ ပတ်သက်တဲ့မိသားစုတွေ
ကိုလည်းဂရုစိုက်ပေးပါ။သူ့ကိုဘဲ ယူမှာ သူ့ကိုဘဲ ဂရုစိုက်လို့မရပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ သူတို့က
မိသားစုကို ခင်တွယ်တတ်လို့ပါ။သူမရဲ့ အသုံးအဆောင် နှက်ခြိုက်တတ်တဲ့
အစားအစာများကို လေ့လာပါ။အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်အောင်ကြိုးစားပါ။ဘာဖြစ်လို့လဲဆိုတော့
သူတို့က မိန်းကလေးဖြစ်တဲ့အတွက် အလှအပ ကြိုက်တတ်လို့ပါ။စကားပြောတဲ့အခါ
ချိုသာသောစကားတွေနဲ့ရယ်မောတတ်အောင်ပြောပါ။သူတို့ကကြမ်းတမ်းတဲ့အပြုအမူတွေကို
ကြောက်ပြီးငြိုငြင်တတ်လို့ပါ။တခုခုဆိုရင် ဦးစားပေးပါ။lady first ကို အမြဲသတိရပါ။
ယောက်ျားလေးတွေက မာနကြီးပါတယ်။ချော့မြူရတာလည်း ၀ါသနာမပါပေမယ့် သူတို့က
ကိုယ့်ထက်ပိုတယ်ဆိုတာ သတိရသင့်ပါတယ်။အလုပ်ကို ကြိုးစားလုပ်ပါ။အလုပ်ကြိုးစားပြီးတက်ကြွနေတဲ့
ပုံစံကို သူတို့သဘောကျတတ်ပါတယ်။အလုပ်အရမ်းကြိုးစားပြီး သူတို့ကို အချိန်မပေးရင်လည်း
ကြိုးစားသမျှ အလကားမဖြစ်ပါစေနှင့်။သူမရဲ့ သူငယ်ချင်းတွေဆီက ဆန္ဒမဲရဖို့လည်း
မမေ့ပါနဲ့။ဘာဖြစ်လို့လည်းဆိုတော့ သူတို့က သူငယ်ချင်းတွေနဲ့တိုင်ပင်တတ်လို့ပါ။ဝတ်တာစားတာ က
သပ်သပ်ရပ်ရပ် ရှိပါစေ။ညစ်ပေနေရင် သဘောမကျပါဘူး။ပင်ကိုယ်က မိန်းမသားဆိုတော့ သန့်ရှင်းမှု
ကိုအလေးထားတတ်ကြလို့ပါ။ရည်းစားစကားပြောတော့မယ်ဆိုရင် မလောပါနဲ့။
သူမရဲ့ မျက်ဝန်းတွေကို ဘာသာပြန်တတ်အောင် ကြိုးစားပါ။ကိုယ်တိုင်က ဘာမှ ပေးဆပ်မှု မရှိဘဲနဲ့
အချိန်တိုအတွင်းမှာ ရဖို့လောဘကြီးရင်တော့ မောရတတ်ပါတယ်။အဓိကလိုချင်တာက သူမဆီက
ကြင်နာတဲ့ ချစ်ခြင်းဆိုရင် သူမဆီက ပထမဆုံးအချစ်ကိုဘဲ ရအောင်ကြိုးစားအားထုတ်ရမှာပါ။အချစ်ကို
ရပြီဆိုမှတော့.......................။ကိုယ်ကချစ်နေရုံနဲ့ မကျေနပ်ပါနဲ့ ဆွေးပြီးကြေကွဲနေရတဲ့ အရသာကို
ခံစားချင်ရင်တော့ တမျိုးပေါ့။စိတ်ကောက်ရင်ချော့ပါ။မချော့တတ်ရင်တော့
ဒီဘ၀တင်မဟုတ်ဘူး နောင်ဘ၀တောင်စွံဖို့မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့
အကြောင်းမရှိအကြောင်းရှာပြီးကောက်တတ်လို့ပါ။ဒေါသကြီးတတ်ရင် မြိုသိပ်တတ်ပါစေ။ဘာဖြစ်လို့လဲဆိ
ုတော့ မိန်းကလေးတွေက ကြောက်တတ်လို့ပါ။ကြင်နာယုယတတ်အောင်ကြိုးစားပါ။သူတို့က အပြုစု
အယုယတွေကို မြတ်နိုးတတ်လို့ပါ။အရေးကြီးဆုံးက ချစ်တယ်လို့ ပြောဖို့ထက် ငါ့ကို အရမ်းချစ်တာဘဲ
ဆိုတာမျိုးတွေးအောင် ဖြည့်ဆည်းပေးပါ။သ၀န်မတိုအောင် နေပေးပါ။
သူတို့က သ၀န်တိုတတ်လို့ပါ။အားပေးတတ်အောင် ကြိုးစားပါ။သူတို့က အမြဲလိုလို
အားငယ်တတ်လို့ပါ။အလျှောက်ကောင်းဖို့ စကားလုံးတွေလေ့လာထားပါ။
လူဆိုတာ မမျှော်လင့်ဘဲအပြစ်ဖြစ်လာတတ်ပါတယ်။ဒီလိုအပြစ်ဖြစ်လာရင်
ကျေနပ်အောင်လျှောက်ပေတော့။
အလျှောက်ကောင်းမှ အထောင်းသက်သာမှာလေ.............။လူပျိုတွေ စွံပြီး ပြုံးပျော်နိုင်ပါစေ။
မှတ်ချက်။ ။စာဖတ်သူ ရင်ထဲမှာ ပြုံးနေရင် ကျေနပ်ပါတယ်။ကြိုးစားပါဦးမည်။လေးစားစွာဖြင့်......................။
အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက်
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက
ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ
ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို
လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ
လက်တွဲနေသလား။
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။
အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။
Saturday, 10 March 2012
သြော်....သူတို့
(၁) သြော်...ယောက်ျား
 တွေ့စ
 ဟာ.. ချစ်စရာလေး...ဖြူလွှလွှလေး... နတ်သမီးလေးကျနေတာပဲ။
 ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး....ငါ့သူ့ကိုပဲ လက်ထပ်မယ်။
 လက်ထပ်ပြီး(၁)နှစ်
 ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ
စိတ်ကောက်တတ်တာလေး တစ်ခုပဲ။
 လက်ထပ်ပြီး(၅)နှစ်
 ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့ မရတော့ဘူး။
 လက်ထပ်ပြီး(၁၀)နှစ်
 ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ...အကျိုးသင့် အကြောင်းသင့်
မစဉ်းစားတတ်တဲ့ မိန်းမ ငါဘာလို့ သူ့ကို လက်ထပ်မိပါလိမ့်...
 လက်ထပ်ပြီး အနှစ်(၂၀)
 သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။
 လက်ထပ်ပြီး အနှစ်(၃၀)
 တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။
ငါ့ကိုလည်း နားလည် ပေးတတ်တယ်။
 လက်ထပ်ပြီး အနှစ်(၄၀)
 ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို.. လူမူရေးမှာလည်း
သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင် သူ့ကိုပဲ ငါလက်ထပ်မယ်။
 မိန်းမသေဆုံးပြီးနောက်
 ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ
ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မိန်းမတစ်ဦးကို ဆုံးရှုံးလိုက်ရပြီ....
 (၂) သြော်.....မိန်းမ
 တွေ့စ
 ဟင်း..မအူမလည်လေး... တုံးအအ ပုံစံလေးနဲ့...ချစ်ဖို့ကောင်း
တယ်
 ချစ်စ
 သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး..ငါ့သူနဲ့ပဲ လက်ထပ်မယ်။
 လက်ထပ်ပြီး (၁)နှစ်
 သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။ ယောက်ျားပီသတယ်။
>
> လက်ထပ်ပြီး (၅)နှစ်
 သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။ ကြိုးစားတယ်။
 လက်ထပ်ပြီး (၁၀)နှစ်
 သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ
မလဲတောင် မသိဘူး။
 လက်ထပ်ပြီး အနှစ်(၂၀)
 သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား...
 လက်ထပ်ပြီး အနှစ်(၃၀)
 မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊
ခေါင်းက မာသေး...
 လက်ထပ်ပြီး အနှစ်(၄၀)
 တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော မယူဘူး...
 ယောက်ျားသေဆုံးပြီးနောက်
 ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ....
Wednesday, 8 February 2012
" How To Install Love Software "
Love Software အား Install လုပ်ခြင်း
နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုဌာနကို ဖုန်းဝင်လာတယ် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ ၊ ဆောဖ့်ဝဲဆားဗစ်ပိုင်းကပါခင်ဗျာ ၊ ဘာများအကူအညီပေးရမလဲ ?
သုံးစွဲသူ (Customer):
ဟုတ်ကဲ့ .... ၊ အကြိမ်ကြိမ်အခါခါစဉ်းစားပြီး ကျမဆုံးဖြတ်ချက်ချလိုက်ပါပြီ ။
Love Software ကို install လုပ်ဖို့အတွက် ရှင်ကျမကို နည်းပညာပိုင်းဆိုင်ရာအကူအညီပေးနိုင်မလားသိပါရစေ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ ... ၊ ကျနော်အကောင်းဆုံးအကူအညီပေးနိုင်ပါတယ် ။ အစ်မအနေနဲ့ အားလုံးအဆင်သင့်ဖြစ်ပြီလားခင်ဗျာ?
သုံးစွဲသူ :
အင်း ...သိပ်တော့ သေသေချာချာနားမလည်ဘူး ။ ဒါပေမဲ့ တပ်ဆင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ထင်တယ် ။
ပထမဆုံး ဘာလုပ်ရမလဲမသိဘူးရှင့် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ:
ပထမဆုံးအချက်ကတော့ နှလုံးသားကို ဖွင့်ထားဖို့ပါပဲ ။ နှလုံးသားရဲ့တည်နေရာကိုရော သိရဲ့လားခင်ဗျာ ?
သုံးစွဲသူ :
ဟုတ် ... ကျမတွေ့တော့တွေ့တယ် ။ ဒါပေမဲ့ အခုလောလောဆယ် တခြားပရိုဂရမ်တွေလည်း run နေသေးတယ်လေ။
install လုပ်ဖို့အတွက် အဆင်ပြေပါ့မလားမသိဘူးနော် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဘယ်လိုပရိုဂရမ်တွေလဲဆိုတာသိပါရစေ အစ်မ
သုံးစွဲသူ :
နေဦး ... ကြည့်လိုက်ဦးမယ် ။
အင်း .... အတိတ်ရဲ့အရိပ်ဆိုးပရိုဂရမ်ရယ် ၊ အထင်သေးခြင်းပရိုဂရမ်ရယ် ၊ အာဃာတပရိုဂရမ်ရယ် ၊ ပြီးတော့ .....
မကျေချမ်းမှုပရိုဂရမ်ရယ် run နေသေးတယ်လေ ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ပြသနာမရှိနိုင်ပါဘူး ။ အတိတ်ရဲ့အရိပ်ဆိုးပရိုဂရမ်ကိုတော့ အချစ်က သူ့ဘာသာသူ uninstall လုပ်ပေးသွား
ပါလိမ့်မယ်။ Memory ထဲမှာ Cache အနေနဲ့ကျန်ခဲ့ကောင်းကျန်ခဲ့မှာဖြစ်ပေမယ့် ကျန်တဲ့ပရိုဂရမ်တွေကိုထိခိုက်
လောက်အောင်တော့ ဒုက္ခပေးနိုင်မှာမဟုတ်တော့ပါဘူး ။ အထင်သေးခြင်းပရိုဂရမ်ကိုလည်း သူ့အလိုလို အထူး
လေးစားအချစ်ကြီးခြင်းပရိုဂရမ်နဲ့ အစားထိုးပေးသွားပါလိမ့်မယ် ။ဘာပဲဖြစ်ဖြစ် .. အစ်မအနေနဲ့
အာဃာတပရိုဂရမ်ရယ် မကျေချမ်းမှုပရိုဂရမ်ရယ်ကိုတော့ ခနပိတ်ထားပေးရပါမယ် ။ ဒါမှသာ LoveSoftware
ကို install လုပ်တဲ့အခါ အမှားအယွင်းမရှိပဲပြီးဆုံးနိုင်မှာပါ
အခု ပိတ်လို့ရပြီလားမသိဘူးခင်ဗျ .... ?
သုံးစွဲသူ :
“ ဘယ်လိုပိတ်ရမလဲမသိဘူး .. ၊ ရှင်ကျွန်မကိုနည်းနည်းလောက်ပြောပြနိုင်မလား ? ”
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ရပါတယ်ခင်ဗျာ ၊ StartMenu ထဲက ခွင့်လွှတ်ခြင်းဆိုတဲ့ပရိုဂရမ်ကိုသွားပြီး ကလစ်ပေးလိုက်ပါ ။
အစ်မအနေနဲ့ ခုနကပြောတဲ့ အာဃာတပရိုဂရမ်ရယ် မကျေချမ်းမှုပရိုဂရမ်ရယ်ရပ်သွားတဲ့အထိ
ထပ်ခါထပ်ခါနှိပ်ပေးနေဖို့လိုပါတယ် ။
သုံးစွဲသူ :
အိုကေ .. ပြီးသွားပြီ ၊ Love ဆောဖ့်ဝဲကသူ့ဘသာသာ အော်တိုအင်စတောလုပ်နေပြီ ။ အဲဒါပုံမှန်ပဲလားဟင် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ် ... “ သင်၏နှလုံးသားသက်တန်းတိုးမြှင့်ရန်အတွက် ဤဆောဖ့်ဝဲအားပြန်လည်သွင်းနေပါသည်” ဆိုတဲ့
မက်ဆေ့ခ်ျကိုအစ်မတွေ့ရလားမသိဘူး ?
သုံးစွဲသူ :
ဟုတ်ကဲ့ရှင့် ၊ တွေ့တယ် ။ ဒါဆို ဆော့ဖ်ဝဲသွင်းတာအောင်မြင်သွားပြီပေါ့နော် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ .. ၊ အဲဒါကအခြေခံအဆင့်တွေသွင်းလို့ပြီးသွားတာပဲရှိသေးတယ်ခင်ဗျ ၊
အဆင့်မြှင့်တင်ဖို့အတွက် အစ်မနှလုံးသားနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ရဦးမှာပါ ။
သုံးစွဲသူ :
အို ... ဒုက္ခပဲ ၊ ကျွန်မမှားနေတယ်လို့ မက်ဆေခ်ျ့ပြနေတယ်ရှင့် ၊ ဘယ်လိုလုပ်ရမလဲ ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဘယ်လိုမက်ဆေခ်ျ့လဲဗျ ?
သုံးစွဲသူ :
“ ERROR 412 - ပရိုဂရမ်သည် အတွင်းပိုင်းတွင်အလုပ်လုပ်ခြင်းမရှိသေးပါ " ...တဲ့ ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
စိုးရိမ်စရာမရှိပါဘူးခင်ဗျာ ၊ ဒါပုံမှန်တွေ့နေကျအမှားမျိုးပါပဲ ။ ဒီသဘောတရားက အစ်မသွင်းလိုက်တဲ့
ဆောဖ့်ဝဲဟာ အပြင်ပိုင်းမှာသာ run နေပြီးတော့ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအတွက် registry မပြင်
ရသေးလို့ပြတဲ့အမှားပါ ။ နည်းပညာပိုင်းဆိုင်ရာစကားလုံးတွေနဲ့ရှင်းပြရင် ပိုရှုပ်ကုန်မယ် ။ အစ်မနားလည်အောင်
အလွယ်ပြောရရင်တော့ “ အချစ်ဆော့ဖ်ဝဲ ”ကိုသွင်းဖို့အတွက် ကိုယ်ကိုယ်တိုင်ရဲ့နှလုံးသားထဲမှာလည်းအရင်ဆုံး
“အချစ်” ရှိရမယ်ပေါ့ဗျာ "
သုံးစွဲသူ :
ဒါဆို ကျွန်မဘာလုပ်ရမလဲရှင့် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
“ မိမိကိုယ်ကိုကျေနပ်နိုင်မှု ” ပရိုဂရမ်ရှိတဲ့နေရာကို သိတယ်မဟုတ်လားအစ်မ ?
သုံးစွဲသူ :
ဟုတ်ကဲ့ .. ကျွန်မသိပါတယ် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ကောင်းတယ်ဗျာ .. ၊ အစ်မတောင် တော်တော်တိုးတက်လာပြီပဲ :)
သုံးစွဲသူ :
thank you ပါရှင် ... :)
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ ... ဆက်ကြရအောင်ဗျာ ..။
အစ်မ .. နည်းနည်းအာရုံစိုက်ထားနော် .. ကျနော်အခုပြောမယ့်အဆင့်တွေက နည်းနည်းရှုပ်ထွေးပြီး
အရေးကြီးတယ် ။ “ မိမိကိုယ်ကိုခွင့်လွှတ်ခြင်းဖိုင်ရယ် ၊ လုံလောက်စွာနားလည်ခြင်းဖိုင်ရယ် ၊ အကန့်အသတ်များ
အားသိရှိခြင်ဖိုင်ရယ် ”ကို... နှလုံးသားတည်နေရာထဲအထိသွားပြီး Copy,Paste လုပ်ပေးလိုက်ပါ ။ အရင်တုန်း
က ရှိနေခဲ့တဲ့ ဖိုင်အပျက်အဟောင်းတွေနဲ့အစားထိုးမှာလားလို့မေးရင်လည်း Yes သာနှိပ်ပေးလိုက်ပါ ။ ပြီးတော့
အဲဒီတည်နေရာထဲကပဲ .... “ မိမိကိုယ်ကိုအလွန်အကျွံဝေဖန်ခြင်း ” ဆိုတဲ့ Folder ကိုလည်း Delete လုပ်ပစ်လိုက်ပါ ။
ပြီးတာနဲ့ ... RecyleBin ထဲကိုပါတစ်ခါတည်းသွားပြီး တစ်သက်လုံးပြန်ရှာမရအောင်ဖျက်ပစ်လိုက်ပေတော့အစ်မရေ..”
သုံးစွဲသူ :
ရပြီရှင့် ..... အခုကျွန်မနှလုံးသားထဲကို ဖိုင်အသစ်တွေဖြည့်နေပြီ ။
မော်နီတာပေါ်မှာလည်း ပြုံးပျော်ကြည်နူးခြင်းဗွီဒီယိုဖိုင်ကိုပြနေတယ် ။ ပြီးတော့ ငြိမ်သက်အေးမြခြင်းပရိုဂရမ်ရောပဲ..။
ကျေနပ်အားရခြင်းပရိုဂရမ်ကလည်း ကျွန်မနှလုံးသားတစ်ခုလုံးပြည့်တဲ့အထိ ဖိုင်တွေကိုကော်ပီကူးနေတယ် ။
ဒါအားလုံးပုံမှန်ပဲ မဟုတ်လားရှင် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
တချို့လူတွေဆိုရင်တော့ အဲဒီအဆင့်ကနည်းနည်းကြာတတ်တယ် ။ ဒါပေမဲ့အခုပုံအတိုင်းဆိုရင်တော့
အားလုံးပုံမှန်ပါပဲ ။ ဆော့ဖ်ဝဲသွင်းပြီးလို့ .. နှလုံးသားထဲမှာတောင် အလုပ်လုပ်နေပြီပဲလေ ။ အခုအချိန်ကစပြီး
အစ်မစိတ်ကြိုက်အသုံးပြုလို့ရပါပြီ ။ ဒါပေမဲ့ ..............နောက်ဆုံး ...
ဖုန်းမချခင်ကျနော်တစ်ခုမှာခဲ့ချင်တာက .....................................................
သုံးစွဲသူ :
ဟုတ်ကဲ့ .. ပြောပါရှင့် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
“ အချစ် ”ဆိုတာ အခမဲ့ဆောဖ့်ဝဲပါ ။ အစ်မတွေ့သမျှလူတွေကို ဒီအမျိုးမျိုးအထွေထွေသော အချစ်ရဲ့
လုပ်ဆောင်ချက်နဲ့အသုံးဝင်မှုကို တတ်နိုင်သလောက်လက်ဆင့်ကမ်းပေးပါခင်ဗျ ။ သူတို့ကနေ ..
နောက်ထပ်လူတွေကိုလည်း လက်ဆင့်ကမ်းပါလိမ့်မယ် ။ အဲဒီလိုတဖြည်းဖြည်းနဲ့များလာတဲ့အခါ...အစ်မဆီ
ကိုလည်း တူညီတဲ့တုန့်ပြန်မှုမျိုးနဲ့ အချစ် ကပြန်လည်ရောက်ရှိလာပါလိမ့်မယ် ။
သုံးစွဲသူ :
ရှင့်ရဲ့နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေအတွက် အထူးပဲကျေးဇူးတင်မိပါတယ် ။
တကယ်ပဲ အံ့သြဖို့ကောင်းလောက်အောင်လည်း ရှင်ကတော်ပါတယ် ။
ဒါနဲ့စကားမစပ်...နာမည်ဘယ်လိုခေါ်လဲ မသိဘူးနော် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ကျွန်တော့်ကို “ ကောင်းကင်ဘုံနှလုံးသားအထူးကုဆရာဝန် ” လို့ခေါ်နိုင်ပါတယ် ။ အကောင်းဆုံးသမားတော်
လို့လည်း လူသိများပါတယ် ။ နောက်ထပ်လူတွေပေးထားတဲ့နာမည်ကတော့ ... Cupid ပေါ့ ။
.............................................................................................
တစ်နှစ်တစ်ခါပုံမှန် နှလုံးကျန်းမာရေးအခြေအနေစစ်ဆေးခြင်းသာ အဓိကလုပ်စရာလို့ လူအများစုက
ထင်ထားကြတယ်ဗျ ။ ဒါပေမဲ့ ထုတ်လုပ်သူ(ကျနော့်)အလိုအရဆိုရင်တော့ ... အကောင်းဆုံးစွမ်းရည်ကိုပိုင်ဆိုင်
နိုင်ဖို့အတွက်နှလုံးသားကို တစ်နေ့တစ်ခါလောက် ပုံမှန်စစ်ဆေးသင့်တယ်လို့ အကြံပေးချင်တယ် ။
လိုရင်းကိုပြောရရင်တော့ဗျာ ..... အမြဲတန်းမေတ္တာစိတ်မွေးပါ ၊ ပြီးတော့ .... အဲဒီမေတ္တာစိတ်ဟာ နှလုံးသားအတွက်
အကောင်းဆုံးဆေးတစ်ခွက်ဆိုတာလည်း နားလည်ထားစေချင်တာပါပဲ .............................. ။
ကဲ .... ပျော်ရွှင်ပါစေခင်ဗျာ ။
.............................................................................
By - DeafOrange ,
အမည်မသိစာရေးဆရာတစ်ဦးရဲ့ဝတ္ထုကို သူငယ်ချင်းတွေနဲ့လည်း Share လုပ်ချင်တာနဲ့ ဖတ်ကောင်းအာင်
ဘာသာပြန်ထားတာပါ ... အထူးသဖြင့် .. Valentine's day အတွက်ရည်ရွယ်ပါတယ် ... ။
ချစ်သူများလည်း ပျော်ရွှင်နိုင်ပါစေ ...
ချစ်သူမရှိသေးသောသူများလည်း အမှန်တကယ်ချစ်ခင်မြတ်နိုးသူများနဲ့ဆုံစည်းပြီး
ပျော်ရွှင်နိုင်ကြပါစေ...လို့ဆုတောင်းပါတယ် ။
Sunday, 5 February 2012
လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း
(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း
(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း
(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း
(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း
(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း
(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း
(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို့  မေးလို့ရခြင်း
(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း
(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်
(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။
ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ
၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့် ကိုယ်ဟာမိန်းကလေးဆိုရင် ချစ်သူတောင်းဆိုတိုင်းမလိုက်လျေ
ာ့သင့်ပါဘူး
ယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင် ရမ္မက်ပါတာမျိုးကို မတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကို တန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။
၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...
၃. ကိုယ့်ချစ်သူက မှားကြောင်းဝန်ခံပြီး ဖြေရှင်းချက်ပေးတာက အကျိုးအကြောင်းသင့်လျော်ရင် ခွင့်လွှတ်ပေးလိုက်ပါ.. တစ်ခုတော့ ရှိပါတယ် သစ္စာမရှိတဲ့ လုပ်ရပ်ဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါတော့.....။
၎. သင်ဟာ သင့်ချစ်သူကို စိတ်ဆိုးခဲ့ပြီဆိုရင်လည်း သူ ဘာ့ကြောင့် ဒီလိုဖြစ်တယ်.. သူ့ကို ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို ပြောပြပါ... သူက အကြားအမြင်ရနေတဲ့ လူတစ်ယောက်မဟုတ်သလို သင့်စိတ်ထဲကိုလည်း သူအကုန် ၀င်ကြည့်လို့ မရပါဘူး သင်မှ မပြောရင် သူမသိနိုင်ပါဘူး ..
၅. စိတ်ဆိုးလို့ ဖုန်းမကိုင်တာ အဆက်အသွယ် မလုပ်တာမျိုးတွေကို ရှောင်ပါ.. သူ့ဖြေရှင်းချက်ကို ဆုံးအောင်နားထောင်ပြီးမှ ဆုံးဖြတ်ပါ.. တစ်ခဏ အတွေးတိမ်ခြင်းဟာ ဘ၀တစ်ခုလုံး အတွက် နောင်တရစရာဖြစ်နိုင်လို့ပါ.
၆. ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ။ သင့်ကြောင့် စိတ်ဆင်းရဲ စေမယ်ဆိုရင် ကြာရင် စိတ်ကုန်သွားပြီး နောက်ထပ် အသစ်ရှာသွားနိုင်လို့ပါပဲ..။စိတ်ချမ်းသာအောင်ဆိုတဲ့နေရာမှာလည်း သူ့နေရာနဲ့ သူ့အတိုင်းကို ဆိုလိုခြင်းဖြစ်ပါတယ်..။
၇. ချစ်သူအချင်းချင်း ကိုယ့်ဘက်က မှားတာရှိရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့..။မိန်းကလေးမို့ ယောက်ျားလေးကပဲ ချော့ရမယ်ဆိုပြီး မတောင်းပန်တာမျိုးကိုရှောင်ပါ...။ယောက်ျားလေးမို့သိက္ခာကျတယ်ဆိုပြီး မတောင်းပန်တာမျိုး မလုပ်မိပါစေနဲ့..။ချစ်သူတွေမှာ ကိုယ်နာတာ သူသာတာမရှိပါဘူး ..
၈. ဆွယ်တော်ရွက်လိုသဘောထားနိုင်ပါစေ...။၂လွှာပေါင်းမှ တရွက်ဆွယ်တော်ရွက်လိုပဲ ချစ်သူ၂နှစ်ကလည်း ၂ယောက်ပေါင်းမှ တစ်ဘ၀ဆိုတာ အမြဲသတိရနေပါ.။ စိတ်ညစ်စရာကအစ ပျော်စရာအဆုံး ဖွင့်ဟနိုင်အောင်လုပ်ပါ. မိသားစု အရေးက အစ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောပါ.. ဘာလို့လဲဆိုတော့ တစ်နေ့ဒီလူနှစ်ယောက်ပဲ တစ်သက်လုံးပေါင်းဖက်မှာ မို့လို့ပါပဲ..။ရှက်စရာမဟုတ်သလို သရော်လှောင်ပြောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး .။
၉. ရိုးသားပွင့်လင်းကြပါ..။တစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်မထားပါနဲ့..။အခု မသိလည်း နောင်သိမယ့် ကိစ္စတွေပဲဆိုတာ သတိရပါ...။
၁၀. စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စမှန်သမျှကို ရှင်းပါ.. ။ အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်သည်..( အခုရှင်းမှ နောင်မရှုပ်မည်... :P )
မသိချင်ယောင်ဆောင်မနေပါနဲ့ .။ ရင်ထဲက အလုံးတွေများလာရင် တစ်ချိန်ချိန်မှာ အစုလိုက်အပုံလိုက်ပေါက်ကွဲထွက်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာပါလိမ့်မယ်.. ။ တစ်ခုကို တစ်ခု ဖြစ်ဖြစ်ချင်းရှင်းတတ်ကြပါစေ.....
၁၁. ကိုယ့်ရဲ့ ချစ်သူရည်းစားမှာ ယောက်ျားလေး သူငယ်ချင်း မိန်းကလေးသူငယ်ချင်းဆိုတာ အနည်းနဲ့ အများရှိမှာပဲလေ.. ချစ်သူကို ယုံကြည်တယ်ဆိုရင် သိပ်မချုပ်ချယ်ပါနဲ့.။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ သစ္စာတရားကို အထင်မလွဲမိပါစေနဲ့..။ပညာရှိနည်းသုံးပြီး သူ့သူငယ်ချင်းအားလုံးကို ကိုယ်နဲ့ ခင်အောင်ပေါင်းထားပေါ့..။ သူ့အကြောင်းတောင် စုံစမ်းလို့ရသေး :P
၁၂. မိမိကိုယ်တိုင်လည်း သစ္စာရှိပါစေ.. ။ ချစ်သူက ဘယ်လောက်ပဲ သစ္စာရှိနေပါစေ..။ ကိုယ်က ရှုပ်နေခဲ့မယ်ဆိုရင် အဲ့လိုအချစ်မျိုးက ကြာကြာခံမယ် မထင်ပါနဲ့..။ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ ကျန်တဲ့ချစ်သူတွေက အလကားပါလို့ ပြောတိုင်း မယုံမိပါစေနဲ့..။ ပါးစပ်ပါရင် စကားဆိုတာဖြစ်မှာပါ..။ကိုယ်တိုင်သစ္စာရှိမှ ချစ်သူက သစ္စာရှိနိုင်မယ်ဆိုတာ အမြဲတွေးထားပါ..။
၁၃. ကြားစကားများကို တတ်နိုင်သလောက်မယုံမိအောင်ကြိုးစားပါ..။ ပတ်ဝန်းကျင်ဆိုတာ လိုတဲ့လူတွေ ရှိသလို မလိုတဲ့လူတွေ မနာလိုတဲ့လူတွေဆိုတာကလည်း ရိုက်သတ်လို့ ကုန်မယ်မထင်ပါဘူး.။ ဒီတော့ ကိုယ်ကိုကိုယ် ချင့်ချိန် စဉ်းစားပြီးမှ ယုံပေါ့...။ မျက်စိနဲ့ တပ်အပ်မြင်တာမျိုးဖြစ်ဖြစ် သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာမျိုးပဲဖြစ်ဖြစ် ကိုယ်တကယ် ကိုယ့်အပေါ်ကောင်းစေချင်တဲ့ လူမျိုးက ပြောမှ ယုံသင့်ပါတယ်..။ ကြားလေသွေးလို့ ဝေးသွားရတာမျိုးမဖြစ်စေရအောင် ကိုယ့်ဦးနှောက်နဲ့သေချာစဉ်းစားပြီး ယုံသင့်ပါတယ်.။
၁၄. နားလည်မှုရှိတတ်ကြပါစေ..။ချစ်သူတွေကြားမှာ အရေးကြီးဆုံး က နားလည်မှုပါပဲ..။ နားလည်မှုနဲ့ အရာရာကို တည်ဆောင်နိုင်လို့ပါပဲ။ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ချစ်တယ်ဆိုရင် နားလည်မှု တတ်နိုင်သလောက်ပေးပြီး အစစ အရာရာ အတွက် ညှိနှိုင်းဖြေရှင်းနိုင်ကြပါတယ်..။
၁၅. အကောင်းမြင်တတ်ပါစေ။ ကိုယ်က ချစ်နေတဲ့လူဆိုရင် ကိုယ့်ချစ်သူ ဘာပဲ လုပ်လုပ် ကောင်းတယ်လို့ ဖြစ်တတ်ကြတာသဘာဝ ပါပဲ..။ချစ်သူရဲ့ အပြုအမူတိုင်းဟာ ကိုယ့်အတွက် ချစ်ဖို့ကောင်းပြီး လုပ်သမျှ အကောင်းမြင်လို့ရနေရင် သေချာပါပြီ ကိုယ်ဟာ သူ့အပေါ်အကောင်းမြင်ဝါဒီစွဲ တစ်ယောက်ဖြစ်ခြင်းမသိဖြစ်နေပါပြီ..။
၁၆. ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး အရာရာ အလေးအနက်ထားတတ်ပါစေ..။သင်ဟာ ယောက်ျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေ သင့်ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို အလေးအနက်ထားပါ..။
ဥပမာ- ချစ်သူရဲ့ မွေးနေ့ ၊ အမှတ်တရ ရက်စွဲများ ၊ နှစ်ပတ်လည်များကို တတ်နိုင်သလောက် မမေ့ပါစေနဲ့..။ ချစ်သူရဲ့ အလေးအနက်ထားတတ်ခြင်းက ချစ်ခံရသူရဲ့ စိတ်ကို 90% လောက်အထိ အချစ်တွေ တိုးတက်လာစေပါတယ်..
အားလုံး ချစ်ရသူနဲ့ အဆင်ပြေပြီး ထာဝရ လက်တွဲသွားနိုင်ကြပါစေ...။
ချစ်တတ်သူတိုင်း သိသင့်သည့်အရာ
ချစ်တတ်သူများအတွက်ရည်ရွယ်ပါတယ်ဗျာ
သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို  ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့  လျှိုဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲ.....လေ့လာကြည့်ကြမယ်နော် ။
နားလည်မှုအချစ်
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာတတ်ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။ အဲ့ဒီတော့ အထူးသတိထားရမယ့်
အချက်က လက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက်
မျှ တွေးပေးပါ။ သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန့် စိုးရွံစရာတွေ
မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ
အပြောအဆိုတွေကြောင့်  သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့  အဖြစ်မျိုးတွေ မကြုံရအောင်
လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်
တော့ ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ် ထင်ပါတယ်နော်။
မျက်မြင်ကိုယ်တွေ့ မှ ယုံပါ 
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကြားစကားတွေကိုဘယ်တော့မှ မယုံမိပါစေနဲ့ ။ ကြားစကားတွေ
နဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။ သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမ
ပါစေနဲ့ ။ တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို ကံတရားက သင့်အတွက်
ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကိုတွေးပြီင်္း စိတ်ပူမနေပါနဲ့ ။ သင်ဟာနဂို
ကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမ
နာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာ
စတမ်း ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစက
တည်းက နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့  ပိတ်ပင်ထားပါ။ တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ... အချစ်
ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့  ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊ တိုက်ဆိုင်မှု
လေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။ သင့်အတွက် နေ့ စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင်တိုက်
ဆိုင် မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့
အင်္ကျီအရောင်လေးတွေကအစ စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်း
တိုက်ဆိုင်ကြည့်ပါ ။ သင်ဟာသူ့ ကို တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။
ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ။ 
မှတ်သားထားပါ ။ တစ်ခါတစ်ရံ တစ်ဘက်သား မမျှော်လင့်တဲ့  နေရာမျိုးတွေဆီကနေ အံ့သြစရာ အဖြစ်အပျက်
တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။ အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာ
ထက် လှိုင်းကြပ်ခွပ်လေးတွေလို လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။
အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ ။
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင် သင်တို့ နှစ်ယောက်ကြားက
အချစ်တွေဘယ်တော့မှ မပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိ ဆက်ချစ်နေသေးပါတယ်တဲ့ သင်တို့ 
နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ ။ ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်း မဟုတ်ဘဲ
နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို
ဖန်တီးတဲ့အခါ ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။ ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ လုပ်ဆောင်မှု
တွက်အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ ရယူပါ ။  ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့်
ချစ်သက်တမ်းအတွက် အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့
ဖန်တီးမှုလေးတစ်ခုပါ ။
လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။ သင်အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို
့အဆင်သင့်ရှိသူလား ။ အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက် အခြားလိုအပ်မှုပေါင်းများစွာကို
ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ်။ လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်
ဆိုတာတော့မရှိပါဘူး ။ လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ ဒါပေမဲ အချစ်စစ်သမားအတွက် တော့
အရာရာ ဖြည့်ယူမယ် ၊ နားလည်မှုတွေ ပေးမယ် ၊ ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ်။
ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။ လက်ရှိအခြေအနေတွေကို ရိုးသားပါ ။ ကိုယ်ကလည်းအစစ်အမှန်ကို ရချင်
တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။ သင့်စိတ်ထဲမှာ သူမှတစ်
ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။ ဒါကိုလည်း သူသိအောင်လုပ်ပါ ။ သင်တို့ နှစ်ဦင်္းကြားက
စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။
………………………………………………………………………… 
မိုးကောင်းကင်မှာ ကြယ်မင်းသမီးလေးတွေ ၀န်းရံခတဲ့ လနတ်သမီးလေးရှိတယ် ။ သူ့ဘ၀က ငွေရောင်လွှမ်းခြုံ
ဘက်ပေါင်းစုံ တင့်တယ်ခြင်း၊ ချမ်းမြခြင်း သုခအပေါင်းခညောင်းနေတဲ့ လနတ်သမီးလေးပေါ့။ မိုးနတ်သားလေး
ကတော့ လျှပ်မီးလျှပ်ရောင်တပြောင်ပြောင်တလက်လက်နဲ့ ကြမ်းတမ်းလှတဲ့ ဘ၀ခရီးလမ်းမှာ တဂျိုးဂျိုး တဂျိမ်း
ဂျိမ်း မိုးခြိမ်းသံပေး ဘ၀အရေးအခင်းကို ဖြေရှင်းရင်ဆိုင်နေရတဲ့ ခယောင်းလမ်းက မိုးနတ်သားလေးပေါ့။
အဲဒီလို မညီမျှတဲ့ ဘ၀နှစ်ခု အခြေအနေမျိုးမှာ လနတ်သမီးလေး က မိုးနတ်သားလေး ကို ချစ်ပါတယ် ဆိုရင်
ဒါ ယုံလား။ ဖြစ်နိုင်လား။
…………………………………………………………………………
ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ …
၁) မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ. ..[?]
   (လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာ မိုးပေးသူ…)
၂) သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကိုပြေးစေသူ…
(ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ သူ့ လက်တစ်စုံနဲ့ ကိုယ့်ကို အင်အားတွေပေးသူ)
    (လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ…)
၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ…
(မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။…သို့ သော်လိုအပ်လာလျှင်
သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ… Cry on my shoulder…လို့ ပြောတတ်သူ…)
၅) [?] Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ ကောင်းတယ်လို
့     ကိုယ့်ကိုကျေနပ်အောင် ပြောပေးတတ်သူ … [?]
၆) Romance movies တွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့  harry potter ကားမျိုးကို မပျင်းမရိ
     လိုက်ကြည့်ပေးတတ် သူ …
၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ…[?] [?] [?]
(တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ စိတ်ဝင်စားဖို့ 
ကောင်းအောင် ပြောပြပေးတတ်သူ …)
၈) ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ…[?]
(သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ …)
၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ…
(ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ …တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ …)
ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက …
၁) ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ …
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ …အာလာဒင်သာဖြစ်ရင်ဆိုတဲ့ 
အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ…)[?]
၂) သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ …
၃) ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာဟီးရိုးလို မှတ်ယူပေးထား
    တတ်သူ …
၎) သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့အရမ်းကောင်းတယ်ဟု ပြောကာ
    အူတိုနေတတ်သူ …
၅) ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊ သတိရတတ်သူ (ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ…)[?] [?] [?]
၆) ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ.....သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ …
၇) ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ …အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့ ရဲဝင့်စွာကြွေးကြော်တတ်သူ …
၈) ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
    (သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ…)
၉) မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက်လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်
     ထားတတ်သူ …(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)[?]
၁၀) ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ… ( နင့်ကြောင့် ငါပျော်ခဲ့ရ
တာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ …) အဲ့လိုချစ်သူမျိုးတွေ သူငယ်ချင်းတို့ 
မှာရှိပြီလား …ရှိကောရှိချင်ကြလားဟင် ရှိလာကြရင်ကော … တချို့ ကတော့ လိုအပ်ချင်မှ လိုအပ်မယ်
လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပေါ့ဗျာ .
……………………………………………………………………………………
အချစ်ဆိုတာ အစမှာချိုမြိန်တယ်...
ဘေးနားမှာ သူရှိနေမယ် သင့်အတွက်ဝေမျှပေးမဲ့သူရှိမယ်....
သင်အထီးမကျန်တော့ဘူး သူသင့်ကို သတိရနေမယ် လွမ်းနေမယ်.....
ဘာပဲလုပ်လုပ် အတူတူရှိနေရင် အားလုံးဟာ ပျော်စရာတွေပဲ....
ဒါပေမဲ့ ရင်းနှီးလာလေ တစ်ဘက်သူရဲ့အားနည်းချက်တွေကို မြင်လာမယ်.....
သင်စိတ်ရှုပ်လာမယ် သင်လက်မခံနိုင်တဲ့အထိဖြစ်လာမယ် တစ်ယောက်ယောက်နဲ့ သင်နှိုင်းယှဉ်နေမယ်....
သင်နဲ့ သူနဲ့ လိုက်ဖက်တယ်မလိုက်ဖက်ဘူးဆိုတာကို သင်သိလား။.....
အချစ်ဆိုတာ ကျောက်ခဲတစ်လုံး ကောက်ရသလိုပေါ့.. ကျောက်ခဲပေါင်းများစွာထဲမှရွေးကောက်နေတာ။....
မကြိုက်လို့ဆိုပြီး ဒီကျောက်ခဲကိုပစ် နောက်ကျောက်ခဲကို ကောက်လိုက်နဲ့ဆိုရင် ဘယ်ပြီးတော့မလဲ။....
ကိုယ်ကောက်လို့ရထားတဲ့ ကျောက်ခဲကိုပဲ အမြတ်တနိုးနဲ့ ထားရင်
ကျောက်ခဲကအဖိုးတန်တဲ့ ကျောက်မျက်ဖြစ်နေမယ်။....
ကြာရင် ပျင်းလာတယ် ငြီးငွေ့လာတယ် လို့ သင်တို့ ထင်ကြမယ်..မှားတယ်.....
ဒါဟာ ဥပမာတစ်ခုနဲ့ပြောပြချင်တယ်
စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေတဲ့ လူလတ်ပိုင်းယောင်္ကျားလေးတစ်စုရဲ့ စကားသံ
“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငါ့မိန်းမ ကို ငါလိုက်တုန်းက သူကပုဇွန်စားချင်တယ်ပြောတာ ငါ ၁၀ကောင်အခွံခွါ
ပေးတယ်၊ ခုဆိုရင်သူခွါခိုင်းရင် ခွါပေးဖို့နေနေသာသာ….”
ဒါကို သူကြွားစရာလို့များ ထင်နေလားမသိဘူးနော်…
သူ့ရဲ့အိမ်ထောင်ရေးဘယ်လောက်ကျရှုံးနေတယ်ဆိုတာ ကြေငြာနေတလိုပါပဲ……
နောက်တစ်ခုပြောချင်သေးတယ်
ကောင်မလေးကို ချစ်စခင်စကြင်နာစတုန်းကတော့ ရုံးလာကြိုလိုက် ဖုန်းဆက်ပြီး စားပြီးပြီလားမေးလိုက်နဲ့
အလုပ်ကိုရှုပ်နေတာ လင်မယားလဲဖြစ်ရောဈေးခြင်းတောင်းကို ဗိုက်တစ်လုံးနဲ့ သယ်နေတာကို သိရက်နဲ့ မမြင်
ချင်ယောက်ဆောင်တယ်။
အသက် ၇၀ ရှိတဲ့ လင်မယားဟာ ခုချိန်ထိ ဘုရားကျောင်းတက်ပြီး သူတို့ရဲ့မင်္ဂလာပွဲကို ခုထိ ကျင်းပနေရတာ
ကော ဘာကြောင့်ပါလဲ….
ရွှေရတုတွေဘာတွေမဟုတ်ပဲ မင်္ဂလာပွဲတစ်ခုကို အမြဲလိုလို ကျင်းပနေကြတယ်။ သူတို့ကို အားမကျဘူးလား…..
လူတွေက ရယူပိုင်ဆိုင်ပြီးရင် အလေးမထားကြဘူး
လက်ထက်ခြင်းက လူတွေကို ပျင်းရိစေတယ် မပြောချင်ဘူး၊ မနားထောင်ချင်ဘူး၊ တစ်ယောက်အတွက်
တစ်ယောက်က အံ့သြအောင် ပျော်ရွှင်အောင်မလုပ်ပေးတော့ဘူး။ လင်မယားမဖြစ်ခင်ထိတော့ ဘယ်လိုပြောရင်
ကောင်းမလဲ။ ဘာလုပ်ပေးရင်ကောင်းမလဲနဲ့။
အမှန်တော့ ရည်းစားနဲ့ လင်မယားကအတူတူပါပဲ။ ပိုခိုင်မြဲအောင်တလောကလုံးသိအောင် ကြေငြာထားတာပါ။
အမြဲချစ်နေကြဖို့ မပျင်းဖို့ပဲလိုတယ်။ သူ့အတွက်နဲ့ အမြဲနိုးကြားနေရမယ်။
နောက်ဥပမာတစ်ခုက…
ချစ်သူရည်းစား ချိန်းပြီး ညနေစာစားဖို့ ကောင်မလေးကို ကောင်လေးစောင့်နေတာ မိနစ်၃၀ကြာပြီ။
ကောင်မလေးက မထင်မှတ်တဲ့ ရုံးအလုပ်ပေါ်လာတာနဲ့ မိုးရွာတာနဲ့ဆိုတော့ နောက်ကျသွားတယ်။
ဒါကို ကောင်လေးက “အမြဲနောက်ကျနေတာပဲ ဒီလိုစောင့်နေရတာ ငါစားချင်စိတ်တောင်မရှိတော့ဘူး။”လို့ပြော
တော့ ကောင်မလေး ရင်ထဲမှာ အမောဆို့သွားတဲ့အပြင် ဒီအချစ်ခရီးလမ်းကို လျှောက်ဖို့ သူ့မှာအင်အား
မရှိတော့ဘူး။
ဒီနေရာမှာ မိုးရွာထဲရောက်အောင်လာတဲ့ ကောင်မလေးကို “အလုပ်များနေလို့လား အဆင်ပြေသွားပြီလား”ဆိုပြီး
မိုးစက်လေးတွေကိုသုတ်ပေးရင်……ဘယ်လောက်ကောင်းမလဲ ကွယ်။
နားလည်ပေးပါ……….
အချစ်ရဲ့လှပမှုဆိုတာ သင့်ပေါ်မှာမှုတည်တယ်…
တစ်ယောက်နဲ့တစ်ယောက်ရဲ့အချစ်တွေ ကမတူဘူး။ ချစ်ပုံတွေကွဲကြတယ်။
တစ်ယောက်ယောက်ကိုချစ်ရင် သူ့ကိုနားလည်ရမယ်။
တောင်းပန်ရမယ်။ ကျေးဇူးတင်ရမယ်။
အမှားသိပြီး ပြင်တတ်ရမယ်။ ယုယရမယ်။
လက်ခံရမယ် သည်းခံခိုင်းတာမဟုတ်ဘူး။
ခွင့်လွတ်ရမယ် အလိုလိုက်ခိုင်းတာမဟုတ်။
အားပေးရမယ် မြောက်ပင့်ခိုင်းတာမဟုတ်။
မေးဖော်ရရမယ် စစ်ဆေးမေးမြန်းခိုင်းတာမဟုတ်။
ရင်ဖွင့်ရမယ် ပေါက်ကွဲခိုင်းတာမဟုတ်။
မေ့မရနိုင်တာလေးတွေဖန်တီးရမယ် နောင်တရခိုင်းတာမဟုတ်။
အချင်းချင်းဖလှယ်နေရမယ် အရာအားလုံးကို သင်ကသိနေရမှာမဟုတ်။
သူ့အတွက်ဆုတောင်းပေးနေရမယ် သူ့ကိုပူလောင်မှုတွေ မဖြစ်နိုင်တာတွေလုပ်ခိုင်းတာမဟုတ်။
သာယာကြည်နူးရမယ် ငွေဖြုန်းခိုင်းတာမဟုတ်။
အချိန်မရွေး လက်တွဲလို့ရတယ် ဒါပေမဲ့ ဒီတွဲလက်ကို အချိန်မရွေးလွတ်လို့ရတာမဟုတ်………………..
လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။
ဒါပေမဲ့ လက်မထပ်ခဲ့ရင်အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။
အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။
အကောင်းဆုံးကိုရဖို့မျှော်ကိုးေ နလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။