အပြစ်တင်နေလျှင်တော့
အချစ်ဝင်လာစရာ အကြောင်းမရှိ
အပြစ်ဆိုနေလျှင်လည်း
အချစ်သည် တိုတတ်စမြဲ
ချစ်စရှည်စေ ၊ မုန်းစတိုစေ
ဆိုစကားက ရှိ၍နေ
ချစ်လျှင်အကျိုး မြတ်နိုးမှသဒ္ဓါ
ကောင်းကျိုးတို့ စည်ဝေဖြာ
ချစ်လျှင် အပြစ်မမြင်
ပေါ်နေသည့်သွားကိုပင်
ပြုံးနေသည်ဟု သူထင်
အချစ်၏ ထိုတန်ခိုး
ပြောလို့ကွယ် ကုန်နိုင်ရိုး
အပြစ်မြင်နေလျှင် အပြစ်မတင်နှင့်
အပြစ်ကို အချစ်နဲ့အစားထိုး
အားလုံး၏ ကောင်းကျိုး။ ။
အချစ်ဝင်လာစရာ အကြောင်းမရှိ
အပြစ်ဆိုနေလျှင်လည်း
အချစ်သည် တိုတတ်စမြဲ
ချစ်စရှည်စေ ၊ မုန်းစတိုစေ
ဆိုစကားက ရှိ၍နေ
ချစ်လျှင်အကျိုး မြတ်နိုးမှသဒ္ဓါ
ကောင်းကျိုးတို့ စည်ဝေဖြာ
ချစ်လျှင် အပြစ်မမြင်
ပေါ်နေသည့်သွားကိုပင်
ပြုံးနေသည်ဟု သူထင်
အချစ်၏ ထိုတန်ခိုး
ပြောလို့ကွယ် ကုန်နိုင်ရိုး
အပြစ်မြင်နေလျှင် အပြစ်မတင်နှင့်
အပြစ်ကို အချစ်နဲ့အစားထိုး
အားလုံး၏ ကောင်းကျိုး။ ။
No comments:
Post a Comment