Showing posts with label Android Apps. Show all posts
Showing posts with label Android Apps. Show all posts

Sunday, 27 October 2013

Google Play Store က App တွေကို Google Chrome နဲ့ ဒေါင်းယူနည်း



ကျွန်တော် ဒီနေ့  Google Play Store က App တွေကို Google Chrome နဲ့ ဒေါင်းယူနည်းလေး ပြောပြပေးပါမယ်။

ကွန်ပျူတာ အသုံးများတဲ့သူတွေဆိုရင် ဖုန်းကို အသုံးပြုပြီး ကိုယ်သိချင်တာ လိုချင်တာ ရှာရတာ နည်းနည်းခက်ပါတယ်။

ဒီနည်းလေးကတော့ Google Chrome ကို Add On လေးတစ်ခု ထည့်ပြီး Play Store က App တွေကို ဒေါင်းယူတာပါ။

Sunday, 13 October 2013

TubeMate YouTube Downloader For Android




Android ဖုန်းတွေကနေ YouTube Video တွေကို ဒေါင်းလုပ်ဆွဲချင်တယ်ဆိုရင်တော့ ဒီ App လေးကိုသာ

ဆောင်ထားလိုက်ကြပါ။သူ့အကြောင်း သေချာသိချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ သွားပြီးလေ့လာပါ။

ဒီ App က Google Play Store မှာ မရှိပါဘူး။ မူရင်းဆိုဒ် ဒီနေရာလေးကနေ သွားဆွဲထားတာက စိတ်ချရပါတယ် ။

အောက်မှာလည်း အနော် ဒေါင်းလုပ်လင့်ပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေလို့..။

Download: TubeMate YouTube Downloader

Best Mp3 Mp4 Media Player For Android



ဒီ App လေးက Android ဖုန်းတွေမှာ Video ဖော်မက်အစုံနဲ့ Audio ဖော်မက်အစုံကို ဖွင့်နိုင်ပါတယ်။

သူ့အကြောင်း သေချာသိချင်တယ်ဆိုရင် Google Play Store မှာ သွားရောက် လေ့လာနိုင်ပါတယ်။

အနော်သုံးကြည့်တာ အဆင်ပြေတာနဲ့ ပြန်ရှယ်လိုက်တာ။ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Download: Best Mp3 Mp4 Media Player For Android

Monday, 7 October 2013

iPhone Locker For Android



Android ဖုန်းတွေမှာ iPhone Lock ဒီဇိုင်းလေး သုံးချင်တဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်။

Wallpaper လှလှလေးတွေ ပါတဲ့အပြင် သင့်ဖုန်းကို သူများမသုံးစေချင်ရင်လည်း Password ပါခံထားလို့

ရပါတယ်။ Google Play မှာ Free ရတဲ့ဆော့ဝဲလ်ကောင်းလေးပါ။ အနော်လည်း ကြိုက်လို့ သုံးနေပါတယ်။

လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေလို့..။

Download: iPhone Locker

Wednesday, 11 September 2013

ပရိတ်ကြီး ၁၁ သုတ် Android App



ပရိတ်ကြီး ၁၁ သုတ်ကို Android Phone တွေမှာ နားထောင်လို့ ရသလို ပါဠိ စာသားတွေလည်း ပါတော့

ကိုယ်တိုင် ရွတ်ဖတ်လို့လည်း ရပါတယ်။ အန္တရာယ်ကင်း ဘေးရှင်းတာပေါ့။အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Thursday, 11 April 2013

Play Store က Download ဆွဲသူတိုင်း ဆောင်ထားသင့်တဲ့ Go Backup ဆော့ဝဲလ်

Android ဖုန်း ကိုင်နေတဲ့ သူငယ်ချင်းတွေ Play Store မှာ လိုချင်တဲ့ ဆော့ဝဲလ်လေးတွေ သွားပြီးတော့

ဒေါင်းကြတယ်။ အဲဒီအထဲကမှ တစ်ချို့ဆော့ဝဲလ်လေးတွေဆို ကောင်းလွန်းလို့ ကိုယ့်သူငယ်ချင်းတွေကို

ပြန်ရှယ်ချင်တယ်ဆိုရင် ၊ ဆော့ဝဲလ် Apk ဖိုင် ရှိမှ Bluetooth နဲ့ဖြစ်ဖြစ်၊ Upload တင်ပြီးတော့ ဖြစ်ဖြစ်

လုပ်ပေးလို့ ရပါတယ်။ ခုဒီ Go Backup လေးနဲ့ ကိုယ်ဖုန်းထဲမှာ Install လုပ်ထားတဲ့ ဆော့ဝဲလ်တွေကို

Backup လုပ်ထားလိုက်ရင် Apk ဖိုင်လေးတွေနဲ့ သိမ်းထားလို့ ရပါတယ်။ ကိုယ်က ဖုန်းကို Reset လုပ်

လိုက်လို့  Install လုပ်ထားတဲ့ ဆော့ဝဲလ်တွေအားလုံး ပျက်သွားတယ်ဆိုရင်လည်း အချိန်မရွေး ပြန်ပြီး

Install လုပ်ပြီး သုံးလို့ လွယ်ကူပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Android ဖုန်းက သီချင်းသံကို ၂ ဆ ကျယ်လာစေမယ့် Sensor music player


Android ဖုန်းတွေမှာ သီချင်းဖွင့်နားထောင်လို့ အသံတိုးနေတယ်ဆိုရင် Sensor Music Player လေးကို

သုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရိုးရိုး Player နဲ့ ဖွင့်တာထက် အသံနှစ်ဆ ပိုကျယ်တဲ့အပြင်

သီချင်းဖွင့်ထားတဲ့အချိန် နောက်တစ်ပုဒ်ကျော်ချင်ရင် ခလုတ်တွေ လိုက်နှိပ်စရာမလိုပဲ ဖုန်း Screen ပေါ်ကို

လက်ကလေးဝှေ့လိုက်တာနဲ့ ပြောင်းတာ၊ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရင်း ပုတ်လိုက်တာနဲ့

ပြောင်းတာ၊ စားပွဲပေါ်တင်ထားရင်း တစ်ချက်ထုလိုက်တာနဲ့ နောက်တစ်ပုဒ် ပြောင်းတာတွေပါ ပါဝင်ပါတယ်။

Sunday, 31 March 2013

ကွန်ပျူတာမှာ Android APK Logo တွေ ကြည့်လို့ရတဲ့ ဆော့ဝဲလ်


ပုံမှန်အတိုင်းဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Android Apps APK ဖိုင်တွေကို ဒေါင်းလုပ်ချပြီး

ပြန်ကြည့်မယ်ဆိုရင် ဖိုင်အဖြူရောင်လေးတွေပဲ မြင်ရပါတယ်။ ဖိုင်နာမည်တွေကလည်း တစ်ချို့က

ပြောင်းရေးထားကြတော့ ဘယ် ဆော့ဝဲလ်က ဘယ်ဟာမှန်းမသိ ဖြစ်တတ်ကြပါတယ်..အဲဒီတော့

ကိုယ့် ကွန်ပျူတာမှာ Android APK Logo တွေ ကြည့်လို့ရဖို့အတွက် အောက်ပါဆော့ဝဲလ်လေးကို

Install လုပ်ထားဖို့ လိုအပ်ပါတယ်။ ဆော့ဝဲလ်ကတော့ အင်္ဂလိပ်လိုတော့ မဟုတ်ဘူးဗျ..

ဂျပန်စာလား တရုတ်စာလားတော့ မသိဘူး။ သူပေါ်လာပေးတဲ့အတိုင်းသာ လိုက်လုပ်ပေးလိုက်ပါ။

ပြီးရင် ကိုယ်ဒေါင်းထားတဲ့ apk ဖိုင်တွေကို ဖွင့်ကြည့်မယ်ဆိုရင် အပေါ်ကပုံလေးလို မြင်ရပါတယ်။

သူငယ်ချင်းတို့ သဘောကျတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Download: ANDROID APK LOGO

မှတ်ချက်။      ။ 01/10/2013 တွင် ဒေါင်းလုပ်လင့်အသစ် ပြန်တင်ပေးထားပါသည်။ ဒေါင်းလို့ရပါပြီနော်..။

Monday, 25 March 2013

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်


ဒီနေ့တော့ Android Phone သုံးနေကြတဲ့ သူငယ်ချင်းများအတွက် Viber ဆိုတဲ့ Application  တစ်ခုနဲ့ မိတ်ဆက်

ပေးချင်ပါတယ်။ ကျွန်တော်တို့ ရိုးရိုးပဲ ဖုန်းခေါ်မယ်ဆိုရင် ပိုက်ဆံအရမ်းကုန်ပါတယ်။ ခဏ တစ်ဖြုတ်ဆိုရင်တော့

မသိသာပေမယ့် ကိုယ့်ကောင်မလေးနဲ့ ပြောတာတို့ ကောင်လေးနဲ့ ပြောတာတို့ဆိုရင်တော့ အကြာကြီးပဲ..

ကိုယ့်စိတ်ထဲတော့ ခဏလေးပဲ ထင်ရတာ.. ပြောလို့ကို မဝနိုင်ဘူးပေါ့ :D ဒါပေမယ့် ပိုက်ဆံက အရမ်းကုန်တယ်။

Sunday, 24 March 2013

Samsung Glaxy Ace & S2 မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်နည်း

ကျွန်တော် အခု Samsung Glaxy Ace & S2 မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို

ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် ..S2 မှာတော့ နဲနဲလေး ပုံစံပြောင်းသွားတာက လွဲရင် အားလုံးအတူတူ ပါပဲ။

Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို

ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် ..

အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်

အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ

လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..




ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ Myanmar Font ဆိုတဲ့

Saturday, 23 March 2013

1st Myanmar Browser & MyanBrowser



ခုနောက်ပိုင်း Android ဖုန်းတွေ အရမ်းကို ခေတ်စားလာပြီးတော့ Google Play မှာဆိုရင် Android Apps တွေ

တစ်ပုံကြီးကို ပေါ်နေပါပြီ။ ကိုယ်လိုချင်တာတွေ အားလုံးကို သွားရောက်ရှာဖွေ ဒေါင်းယူလို့ ရပါတယ်။

အဲဒီအထဲကမှ Android ဖုန်းတွေကနေ အင်တာနက် သုံးတဲ့အခါ Facebook နဲ့ တစ်ခြား မြန်မာဝဘ်ဆိုဒ်တွေကို

ဝင်ကြည့်တဲ့အခါ မြန်မာစာတွေ ဖတ်ရတာ အဆင်ပြေစေဖို့အတွက် ဒီ 1st Myanmar Browser & MyanBrowser

၂ ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကိုယ့်ဖုန်းထဲမှာ ဇော်ဂျီ မြန်မာဖောင့်မရှိလည်း ဒီ Browser တွေအသုံးပြုပြီး

ကြည့်မယ်ဆိုရင် မြန်မာစာတွေ ဖတ်လို့ ရပါတယ်..။ အသေးစိတ်ကိုတော့ ဒီနေရာ နဲ့ ဒီနေရာတွေမှာ အသေးစိတ်

သွားရောက် လေ့လာနိုင်ပါတယ်။ ဒေါင်းရလွယ်ချင်ရင်တော့ အောက်မှာပဲ ယူသွားလိုက်ပါ..။

မြန်မာပြည်က ဖုန်းဆိုင်တွေမှာ ဒီလို Android Apps တွေကို ဈေးကြီးကြီးနဲ့ ရောင်းစားပါသတဲ့ :)


Download: 1st Myanmar Browser
Download: MyanBrowser

Update: Download Link Update On 13/10/2013