Thursday 11 April 2013

Play Store က Download ဆွဲသူတိုင်း ဆောင်ထားသင့်တဲ့ Go Backup ဆော့ဝဲလ်

Android ဖုန်း ကိုင်နေတဲ့ သူငယ်ချင်းတွေ Play Store မှာ လိုချင်တဲ့ ဆော့ဝဲလ်လေးတွေ သွားပြီးတော့

ဒေါင်းကြတယ်။ အဲဒီအထဲကမှ တစ်ချို့ဆော့ဝဲလ်လေးတွေဆို ကောင်းလွန်းလို့ ကိုယ့်သူငယ်ချင်းတွေကို

ပြန်ရှယ်ချင်တယ်ဆိုရင် ၊ ဆော့ဝဲလ် Apk ဖိုင် ရှိမှ Bluetooth နဲ့ဖြစ်ဖြစ်၊ Upload တင်ပြီးတော့ ဖြစ်ဖြစ်

လုပ်ပေးလို့ ရပါတယ်။ ခုဒီ Go Backup လေးနဲ့ ကိုယ်ဖုန်းထဲမှာ Install လုပ်ထားတဲ့ ဆော့ဝဲလ်တွေကို

Backup လုပ်ထားလိုက်ရင် Apk ဖိုင်လေးတွေနဲ့ သိမ်းထားလို့ ရပါတယ်။ ကိုယ်က ဖုန်းကို Reset လုပ်

လိုက်လို့  Install လုပ်ထားတဲ့ ဆော့ဝဲလ်တွေအားလုံး ပျက်သွားတယ်ဆိုရင်လည်း အချိန်မရွေး ပြန်ပြီး

Install လုပ်ပြီး သုံးလို့ လွယ်ကူပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။


Download: Go Backup

Update: Download Link Update On 07/10/2013

Backup လုပ်ရတာလည်း မခက်ပါဘူး။ ပထမဦးဆုံး ဆော့ဝဲလ်ကို ဖွင့်ပြီးတော့ New Backup ကို နှိပ်လိုက်ပါ။



ကိုယ် သိမ်းထားချင်တဲ့ ဆော့ဝဲလ်တွေရဲ့ ညာဘက်မှာ အမှတ်ခြစ်လေး လုပ်ပြီးတော့ Start Backup ကို နှိပ်ပါ။


ဒါဆို Backup လုပ်နေပါလိမ့်မယ်။ 100% ပြည့်လို့ ပြီးသွားပြီဆိုရင် Finish ကို နှိပ်လိုက်ပါ။


Backup လုပ်ထားတဲ့ ဆော့ဝဲလ် Apk ဖိုင်တွေကို My files >> Go Backup ထဲမှာ သွားကြည့်နိုင်ပါတယ်။

No comments:

Post a Comment