Monday 1 April 2013

ပုံတွေကို ကိုယ်လိုချင်တဲ့ ဖော်မက်ပြောင်းဖို့ Pixillion Image Converter

မနေ့က Wallpaper ပုံလေး တစ်ပုံ လုပ်လိုက်တာ။ ပုံဆိုဒ်က 900KB လောက်ဆိုတော့  တအားကြီးနေတယ်။

ဖော်မက်ပြောင်းကြည့်လိုက်မယ်ဆိုရင်တော့ ပုံဆိုဒ်သေးသွားမလားဆိုပြီး စဉ်းစားမိတာနဲ့ Google မှာ

တစ်ချက်ရှာကြည့်လိုက်တော့  Pixillion Image Converter လေး တွေ့တယ်။ လုပ်ကြည့်တာ အဆင်ပြေတယ်။

မူရင်း ပုံဆိုဒ်က 900KB ကို GIF ဖော်မက်ပြောင်းကြည့်တာ 300KB လောက်ပဲ ကျန်တော့တယ်။ ဒါပေမယ့်

ပုံက အရမ်းမှုန်ဝါးသွားပြီး သိပ်ကြည့်မကောင်းတော့ဘူး။ JPEG နဲ့ ပြောင်းကြည့်တော့ 500KB ကျန်တယ်။

တစ်ဝက်နီးပါးလောက်ကို သေးသွားတယ်။ ကွာလတီလည်း မူရင်းပုံနဲ့ အတူတူပဲ။  ကျွန်တော်တို့ Website နောက်ခံ

[ Background ] အတွက် သုံးမယ့်ပုံတွေဆိုရင် ဒီလို ပုံဆိုဒ်ကို အတတ်နိုင်ဆုံး သေးထားလိုက်တဲ့အခါကျတော့

လင့်ထုတ်ရတာလည်း မြန်တယ်။ နောက် ဆိုဒ်မှာ ထည့်သုံးမယ်ဆိုရင်လည်း နောက်ခံပုံပေါ်တာ မြန်တယ်။

လိုအပ်မယ်ထင်တာနဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ပြန်ရှယ်ပေးလိုက်တာပါ။ ပုံ ဖော်မက်ပြောင်းမယ်ဆိုရင်

ဆော့ဝဲလ်ကို ဖွင့်ပြီးတော့ အောက်ကပုံလေးအတိုင်း လုပ်လိုက်ပါ။ အရမ်းကို လွယ်ပါတယ်နော်..။






လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ ဖိုင်ဆိုဒ် 533KB ပဲ ရှိပါတယ်နော်..

Download:  Pixillion Image Converter

Update: Download Link Update On 13/10/2013

No comments:

Post a Comment