Monday 1 April 2013

Keylogger တွေရဲ့ ရန်ကို ကာကွယ်ဖို့ Neo's SafeKeys v3

အင်တာနက်သုံးပြီး ကွန်ပျူတာကိုင်နေကြတဲ့ သူငယ်ချင်းတွေ Keylogger ရဲ့အကြောင်းကို သိထားသင့်ပါတယ်။

ကီးဘုတ် ကြိုးအရင်းမှာ တပ်ပြီး သုံးတဲ့ Keylogger ဆိုတာနဲ့ ဆော့ဝဲလ်ကို စက်ထဲမှာ  Install လုပ်ပြီး သုံးတာ

၂ မျိုးရှိတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီကွန်ပျူတာကို လာသုံးသူတွေရဲ့ Mail Account နဲ့ Password တွေခိုးဖို့၊

တစ်ခြား သူတို့ သိချင် လိုချင်တဲ့အရာတွေ ရယူဖို့အတွက်ပါ။ သူက ကီးဘုတ်မှာ ရိုက်သမျှစာတွေအားလုံးကို

မှတ်ထားပေးပါတယ်။ ကိုယ်က ဘာမှန်းမသိ ညာမှန်းမသိ Gtalk, Gmail ကို သုံးဖို့ပဲ ဖြစ်ဖြစ် ဝဘ်ဆိုဒ်တွေကို

ဝင်ဖို့ Mail နဲ့ Password ရိုက်ဝင်လိုက်ရင် ကုန်ပြီပေါ့ဂျာ။(စေတနာရှိလို့ ပေးလိုက်ရတာက ကုသိုလ်ရဦးမယ်။)

အဲလို Keylogger တွေရဲ့ ရန်ကို ကာကွယ်ဖို့ Neo's SafeKeys v3 ကို  ပြန်ရှယ်ပေးလိုက်တယ်။ ဒီကောင်လေးက

Password ရိုက်ဝင်မယ်ဆိုရင် ကိုယ်ရေးချင်တဲ့ စာတွေကို မောက်လေးနဲ့ လိုက်နှိပ်ပြီးတော့ ကော်ပီကူးယူလိုက်ရုံပဲ။




ရိုးရိုးအတိုင်း ရိုက်မယ်ဆိုရင်တော့ ကိုယ်ရေးလိုက်တာကို ကြယ်ပွင့်ပုံလေးတွေနဲ့ပဲ ပေါ်မှာပါ။ စာလုံးတွေကို


သေချာ ကြည့်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း ရေးလိုက်ပေါ့နော်..



ဆိုင်မှာ သွားသုံးတဲ့ သူငယ်ချင်းတွေအတွက် အထူးလိုအပ်မှာပါ။ Portable လေးပဲ တင်ပေးလိုက်တယ်။

မန်မိုရီစတစ်လေးနဲ့ထည့်သွားလိုက်ရင် သုံးရလွယ်ပါတယ်။လိုအပ်မယ်ထင်လို့ မျှဝေပေးလိုက်တာပါ။

ဆော့ဝဲလ်ကို အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။

Download: Neo's SafeKeys v3

Update: Download Link Update On 13/10/2013

No comments:

Post a Comment