Saturday 13 April 2013

SWiSH Max2 Portable [ New Version ]


Flash Song တစ်ပုဒ်မှာဆိုရင် သီချင်း စာသားကလည်း အတော်လေးကို အရေးကြီးပါတယ်။ အချိန်အပေးရဆုံးနဲ့

စိတ်ရှည်မှု အလိုဆုံးလို့ပြောရင်လည်း မမှားပါဘူး။ စာသား အဝင်အထွက် မှန်ကန် တိကျအောင် လုပ်ဖို့က အနည်းဆုံး

Effect ကို ၂ ခါလောက် စမ်းကြည့်မှ သိရပါတယ်။ SWiSH Max3 နဲ့SWiSH Max4 က သီချင်းစာသား ထည့်ပြီး

စမ်းတဲ့နေရာမှာ Loading အမြဲ ဖြစ်လေ့ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သီချင်းတစ်ပုဒ်လုပ်ရင် လိုအပ်တာထက်

အချိန်တွေ ပိုကုန်နေရပါတယ်။ SWiSH Max2 ကတော့ အဖက်ကို Play လုပ်လိုက်တာနဲ့ ချက်ချင်း တန်းလာပါတယ်။

အဲဒါက SWiSH Max2 ရဲ့ အဓိက အားသာချက် ပါပဲ။ Flash Song လုပ်တာ ကျွမ်းကျင်တဲ့သူတွေရဲ့ ပြောပြချက်အရ

သူတို့ကတော့ သီချင်းတစ်ပုဒ်လုပ်ရင် SWiSH Max2 နဲ့ စာသားထည့်ပြီး တစ်ခြား Flash Effect တွေ Animation ပုံတွေ၊

စာသား Text-Shadow တွေကို SWiSH Max4 နဲ့ ထည့်ပြီး လုပ်တာပါတဲ့။ SWiSH Max2 က Version နိမ့်တဲ့အတွက်

အဲဒါတွေမှာတော့ သိပ်မရပါဘူး။ ဒါပေမယ့် စာသားထည့်တဲ့နေရာမှာတော့ အကောင်းဆုံးလို့ ပြောလို့ရတဲ့အတွက်

Flash Song လုပ်သူတွေ ရှိထားသင့်ပါတယ်။ အရင်က ဒီဆော့ဝဲလ်ကို ဒီနေရာလေးမှာ တင်ပေးထားပါသေးတယ်။

Patch ဖိုင်ထည့်ရမှာဆိုတော့ လူတိုင်းမလုပ်တတ်မှာစိုးတာရယ် အလွယ်တကူသုံးလို့ရအောင်  ကျွန်တော် Portable လေး

လုပ်ပေးလိုက်တာပါ ။ ဒေါင်းပြီးတာနဲ့ Install လုပ်စရာမလိုပဲ သုံးလို့ ရပါတယ်နော်..။

Download:  SWiSH Max2 Portable [ New Version ]

ဒီ SWiSH Max2 ဆော့ဝဲလ်က တစ်ခြား SWiSH Max3, SWiSH Max4 တို့နဲ့ လုပ်ရတာ ပုံစံတူပါတယ်။



ဒီအောက်က ပုံကတော့ SWiSH Max2 Version အဟောင်းပုံပါ။ ကျွန်တော်တော့ မလုပ်တတ်ဘူး :D

ခု အပေါ်မှာ တင်ပေးထားတဲ့ SWiSH Max2 Full & Final  က အရင်အဟောင်းထက် ပိုကောင်းပါကြောင်း.........





ဒီပို့စ်လေးကို ကူးယူမျှဝေမယ်ဆိုရင် ကွန်တော့်ဆိုဒ် http://itwebcrazyboy.blogsot.com ကို Credit ပြန်ပေးပါ။

No comments:

Post a Comment