Connection
တွေ မကောင်းတဲ့ ကြားက ကျွန်တော် သူငယ်ချင်းတွေ ကို သတိရနေမိတာတော့
အမှန်ပါပဲဗျာ။ကဲ ဒီတစ်ခါလည်း မြန်မာနိုင်ငံမှာ Connection တွေ ကျနေတာတော့
လူတိုင်းသိပြိးသားဖြစ်မှာပါ။အဲ့ဒီလို အဆိုးတွေထဲက အကောင်းလေးတွေကို
ကျွန်တော်က ရှာပြီး သူငယ်ချင်းတွေ ရဲ့ဖြစ်နေတဲ့ အခက်အခဲ အလုပ်တွေ
အဆင်ပြေအောင်လို့ ကျွန်တော်ရဲ့ မအားတဲ့ အချိန်လေးတွေကို
ဖျက်ပြီးသူငယ်ချင်းတွေ အတွက် သဘောအကျဆုံးဖြစ်မဲ့ လက်ဆောင်လေးတစ်ချို့
ပေးပါရစေဗျာ။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတော်တော်များများဟာ
Gtalk Gmail ကိုအသုံးအများဆုံး ဖြစ်တယ် ဆိုတာ လူတိုင်းသိကြမှာပါ။အဲ့လို
အချိန်တွေမှာ ရုံးမှာ အလုပ်လုပ်တဲ့ သူတွေဆို အလုပ်ကလဲ
အရေးကြီးနေပြီ။Connection ကလဲ မရဖြစ်နေ တော်တော်ခက်ခဲကြမှာပါ။အဲ့ဒီ အပြင်
တစ်ချို့ ကိုယ်ပိုင်အင်တာနက်မရှိပဲ အင်တာနက်ဆိုင်တွေမှာ ပိုက်ဆံပေးသုံးပြီး
Connection မရလို့ စိတ်ညစ်နေတဲ့ သူတွေ အတွက် တော့ ကျွန်တော့ လက်ဆောင်လေးက
သူငယ်ချင်းတွေ အတွက် တန်ဖိုးရှိကောင်းရှိပါလိမ့်မယ်။ကဲ ထားပါလေ။ကိုရဲရဲ
ကတော့ ပေရှည်နေပြီ လို့ ထင်နေကြဦးမယ်။ခုကနေ ပဲ စလိုက်ကြတာပေါ့ဗျာ။အောက်မှာ
ကျွန်တော် ဓာတ်ပုံလေးတွေ နဲ့ကော လိပ်စာတွေနဲ့ကော သူငယ်ချင်းတွေ ဖတ်လို့
အဆင်ပြေအောင် ကျွန်တော်တင်ပေးထားပါတယ် အောက်က ပုံလေးတွေရဲ့ Web Site
လိပ်စာလေးတွေသာမှတ်ထားလိုက်ကြတော့ဗျာ။

ဒီပုံလေး အတွက် လိပ်စာကတော့ http://www.livego.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://karoolark.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iwantim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iloveim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.meebo.com/messenger ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.koolim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://express.instan-t.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ https://imo.im ပါ။
ကဲ သူငယ်ချင်းတွေ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်ဗျာ။ကျွန်တော် အကြိုက်ဆုံး သုံးရတာအပေါ့ဆုံးနဲ့ အလျင်မြန်ဆုံး Site လေးကတော့ http://www.livego.com နဲ့ http://www.iwantim.com ပါဗျာ။သူငယ်ချင်းတွေလဲ သုံးကြည့်ကြပါဗျာ
http://welcometoitbank.blogspot.com မှ ကူးယူတင်ပြသည် ။

No comments:
Post a Comment