Sunday, 29 January 2012

Gmail အသုံးပြုသူများအတွက် Fancy Colour Animation မျိုးစုံနှင့်b² Gmail Notifier



Gmail အသုံးပြုသူများ အတွက် Gmail တစ်စောင် ဝင်လာသည်နှင့် လှပသော ရောင်စုံ Fancy Animation ရုပ်ပုံများနှင့် Notify ပြုလုပ်ပေးမည့် b² Labs.com မှဖန်တီးထားသော Adobe Air ကိုအခြေခံထားသည့် Gamil Notifier ပါ။ အဆင်သင့် ပြုလုပ်ပြီးသား Animation ပုံများကို နှစ်သက်ရာ ရွေးချယ်၍၊ free download ရယူနိုင်သလို ကိုယ်ပိုင် ရုပ်ပုံများ၊ Animation ပြုလုပ်၍လည်း အသုံးပြုနိုင်ပါတယ်။

Install လုပ်ပုံမှာ b² Homepage သို့သွား၍ အထက်ပါပုံတွင် ပြထားသည့်အတိုင်း Install button ကိုနှိပ်ခါ install လုပ်ရပါမယ်။ အဆင်ပြေစွာ အသုံးပြုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Adobe Air ကို install လုပ်ထားရပါမယ်။ Gmail Notifier ကို Install ပြုလုပ်ပြီးလျှင် အသုံးပြုလိုသည့် Gmail Account နှင့် Login လုပ်ပေးရပါမယ်။ Check Interval time ကို မိမိ Check စေချင်သလောက်ထည့်သွင်း၍ Inbox URL ကတော့ မူရင်း http://www.gmail.com ပါပဲ။ ပြီးလျှင် OK ကိုနှိပ်၍ System Tray မှာ Minimize လုပ်ထားနိုင်ပါတယ်။
Notify ပြုလုပ်လိုသည့် Animation ပုံများကိုရွေးချယ်လိုပါက System tray ရှိ Gmail Notifier icon ပေါ်တွင် right click နှိပ်၍ Option ကို Click နှိပ်ခါ Animation menu tab ကို သွားပါ။ ပြီးလျှင် Play Animation dropdown tab ကိုနှိပ်၍ အသုံးပြုလိုသည့် Animation ကိုရွေးပြီး၊ OK ကိုနှိပ်ပေးရပါမယ်။ အသုံးမပြုခင် Preview ကြည့်နိုင်ပါသေးတယ်။ Animation အသစ်များကို ထည့်သွင်းလိုပါက b² Homepage တွင် သွား၍ download လုပ်နိုင်ပါတယ်။





Download လုပ်ပြီးသား Animation များကို Install လုပ်ရန် အထက်ပါ video တွင်ပြထားသည့်အတိုင်း Option >> Animation >> Install Animation ကို Click နှိပ်ခါ Download လုပ်ထားသည့် Animation file ကိုရွေးချယ်ပေးရုံပါပဲ။ Gmail တစ်စောင်ဝင်လာလျှင် မိမိနှစ်သက်ရာ အသံနှင့်ပါ Notify ပြုလုပ်လိုပါက၊ Option >> Animation >> Enable Sound မှာ Tick ပေးပြီးတော့ နှစ်သက်ရာ Sound ကို သင့်ကွန်ပျူတာမှ ရွေးချယ်ပေးထားရုံပါပဲ။ b² Gmail Notifier ကို Window အားလုံး၊ Mac OS နှင့် Linux များမှာ အသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment