အဲဒီက +Add to Firefox ဆိုတာလေးကို ကလစ်ပေးလိုက်ပါ..အနီရောင်လေးနဲ့ ဝိုင်းပြပေးထားပါတယ်...

+Add to Firefox ကို နှိပ်ပြီးရင် အောက်က ပုံလေးလို ပေါ်လာပါလိမ့်မယ်.. အဲဒီက Install Now ဆိုတာလေးကို
ထပ်နှိပ်ပေးလိုက်ပါနော်...

ဒါဆိုရင်တော့ Firefox က ကျွန်တော်တို့ ထည့်လိုက်တဲ့ Add On လေးကို Install လုပ်လို့ ပြီးစီး အောင်မြင်သွားပြီ
ဖြစ်ကြောင်း Box လေးတစ်ခု တက်လာပါလိမ့်မယ်.. အဲဒါလေးကို နှိပ်ပြီး သွားကြည့်လိုက်ပါ..

ဒီအောက်က ပုံလေးမှာ ကျွန်တော် မြားပြထားတဲ့ Easy You Tube Video Downloader 6.4 ဆိုတာလေးကို
တွေ့ရပါလိမ့်မယ် ဒါဆိုရင်တော့ အားလုံး OK သွားပါပြီ ခင်ဗျာ..

ကဲ ဒါဆို ကျွန်တော်တို့ You Tube က ကိုယ်လိုချင်တဲ့ သီချင်းကို ရှာပြီးတော့ ဖွင့်လိုက်ပါတယ်..
ဒီလင့်လေးကနေ သွားကြည့်လိုက်ပါ..Video ရဲ့အောက်ခြေမှာ ကျွန်တော်တို့ ထည့်ထားတဲ့ Add On လေးကို
တွေ့ရပါလိမ့်မယ်...အနီရောင်လေးနဲ့ ဝိုင်းပြပေးထားပါတယ်...

သီချင်းဒေါင်းမယ်ဆို ပထမဦးဆုံး ခုက သီချင်းရဲ့ အောက်က Download ဆိုတာကို နှိပ်လိုက်ရင်
Download လုပ်လို့ရမယ့် ဖိုင်အမျိုးအစားတွေ အများကြီး တွေ့ရပါလိမ့်မယ်.. ကျွန်တော်တို့က
MP3 (64k) ဆိုဒ်ကို ယူမှာဆိုတော့ အဲဒါလေးကို ရွေးနှိပ်လိုက်ပြီးတော့ ဒေါင်းယူလိုက်ပါ...

ကဲ အဲလောက်ဆိုရင်တော့ You Tube ကနေပြီးတော့ ကိုယ်လိုချင်တဲ့ သီချင်းကို MP3 (64k) ဆိုဒ်နဲ့
ဘယ်လိုဒေါင်းရတယ်ဆိုတာ သိလောက်ပြီ ထင်ပါတယ်နော်.. သူငယ်ချင်းတို့က တစ်ခြား ဖိုင်ဆိုဒ်နဲ့
လိုချင်တယ်ဆိုရင်လည်း ကိုယ်လိုချင်တဲ့ ဖိုင်ဆိုဒ်ကို ရွေးပြီး နှိပ်ပြီးတော့ ဒေါင်းယူနိုင်ပါတယ်..
အဆင်ပြေမယ်လို့ ထင်ပါတယ်.. ပုံတွေအများကြီးနဲ့ အချိန်တော်တော်ပေးပြီး ရှင်းပြပေးထားတာပါ..
ကြုံတုန်းလေး စပ်မိတာနဲ့ You Tube ကသီချင်းကို ကိုယ့်ဆိုဒ်မှာ ထည့်နည်းလေးကိုပါ ထပ်ပြောပြပေးပါမယ်..
Ning ဆိုဒ်တွေမှာလည်း ရပါတယ်နော်.. ကိုယ့်အိမ်လေးမှာ တင်ထားတာတို့ သူငယ်ချင်းတွေကို
လက်ဆောင်ပေးတာမျိုးတို့ပေါ့နော် အဲဒါလေး ဘယ်လိုလုပ်ရတယ်ဆိုတာ အောက်ကပုံလေးကို ကြည့်လိုက်ပါ..

ပထမဦးဆုံး Video အောက်က Share ဆိုတာလေးကို ကလစ်ပြီးတော့ Embed ကို ထပ်နှိပ်ပေးလိုက်ပါ..
အဲဒါဆိုရင် ထွက်လာတဲ့ ကုတ်တွေကို ကော်ပီလုပ်ပြီးတော့ ကိုယ်ထည့်မယ့် နေရာက HTML ကို အရင်ကလစ်ပြီးမှ
Paste ချလိုက်ပါ ...ကဲ အဲလောက်ဆိုရင်တော့ အဆင်ပြေပြီ ထင်ပါတယ်.. ပျော်ရွှင်ပါစေ..
No comments:
Post a Comment