Friday, 3 February 2012

ရယ်ချင်ရင် ဖတ်ကြည့်

" ပူမနေစမ်းပါနဲ့  "
"ဟေ့ လူတွေ လိုက်မယ်ဆို မြန်မြန်လုပ်ကြလေ ... ဟိုမှာ သဘောင်္က ဥသြ ဆွဲနေပြီ "
" အိုကွာ... သူ့ ဟာသူဘယ်လောက် ဥသြဆွဲဆွဲ .. လက်မှတ်က ငါ့ ဆီ မှာပဲဟာ "


" ဟယ်.... လောက "
" လောကကြီး က တကယ့် ကို မတရားဘူး ....ကျွန်မ အဖို့  နေ့ တိုင်း မီးဖိုချောင်ထဲ ဝင်ပြီး မချက်ချင်ပဲနဲ့  ချက်နေရတယ် "
" ဟုတ်တယ် လောကကြီး က မတရား ဘူး.... ငါလည်း နေ့ တိုင်း မင်းချက်ကျွေးတာတွေ မစားချင်ပဲ စားနေရတယ် "


" ရန်သူမှန်ရင် "
" ဒေါက်တာ ဆီမှာ ရန်သူမရှိဘူး လားဟင် "
" ဟင့် အင်း မရှိပါဘူး .... သူတို့  အားလုံး ကိစ္စ ချောကုန်ကြပါပြီ "


" သူဌေး ၏ ဖြောင့် ချက် "
" တောကနေပြီး ဒီမြို့  ကို ကျွန်တော် ရောက်စမှာတော့ လက်ထဲမှာ ငါးဆယ်တန် တစ်ရွက်ပဲ ရှိတယ် ဗျ...အဲဒါနဲ့  ဈေးထဲမှာ အာလူးနည်းနည်း ၊ ခရမ်းသီးနည်းနည်း ၊ ကုလားပဲ နည်းနည်း စီဝယ်ပြီး ဟင်းချက်ရောင်းတာ တစ်ရာရတယ် ...ရလာတဲ့  ငွေတစ်ရာနဲ့  ကုလားပဲ၊ အာလူး ၊ ခရမ်းသီး ဝယ်ပြီး ဟင်းချက်တာ ငွေနှစ်ရာ ဖြစ်လာတယ် .....
" အော် သိပြီ သိပြီ ...အခုလို ဆပြန်တိုး အရင်းပြုပြီး ဟင်းချက်ရောင်းရင်း ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်လာတာပေါ့ နော် "
" ဟင့် အင်း ... အဲလို ဟင်းချက်ရောင်းနေတုန်း တစ်နှစ်လောက် ကြာတော့  ကျွန်တော့်  ဦးလေး ဆုံးသွားတယ်..သူက လူပျိုကြီးဆိုတော့  အမွေဆက်ခံသူအဖြစ် ကျွန်တော့်  ကို သူပိုင်တဲ့  ကုမ္ပဏီ လွှဲပေးသွားတယ်လေ."


" ပြောမိတာ မှားပါတယ် "

"မင်းကို မနေ့ က မင်းသမီး ဧည့် ခံပွဲအကြောင်း သတင်းယူခိုင်းလိုက်တာ တစ်နေကုန် ပြန်ပေါ်မလာဘူး.... ဘာဖြစ်လို့ လဲ "
" ဒီလိုပါ အယ်ဒီတာ ကြီးရယ် ...မွေးနေ့ ပွဲ ကျင်းပမယ့်  ဟိုတယ် အသွားမှာ ကားချင်း တိုက်မိလို့  ဆေးရုံတင်လိုက်ရတယ် .... အဲဒါ ဧည့်ခံပွဲ မကျင်းပတော့ လို့  ဘာမှ သတင်း ယူစရာ မရှိတော့ လို့  တိုက်ကို ပြန်မလာဖြစ်တော့ တာပါ "


" အပူ ကိုယ်စားလှယ် "

" အခုတလော ကျုပ်မှာ ပူပင်စရာ တွေ များလွန်းလို့  ကျူပ်အစားပူပေးမယ့်  ရှိရင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့  ဗျာ"
" ကိုင်း...ဒါဆို ကျုပ်ပူပေးပါ့ မယ် ...ငွေတစ်သိန်းသာ မစပါ "
" အဲဒါ ပထမဦးဆုံး အနေနဲ့  ခင်ဗျား ပူရမယ့်  အပူပဲ "


" အခုမှ သိတယ် ".
" ကိုင်း အမှု့ ကတော့  ကွင်းလုံးကျွတ်လာပြီ... ငါ့ ကို အမှန်အတိုင်းပြောစမ်း.....အများပိုင်ငွေတွေ မင်းအလွဲသုံးစားလုပ်ခဲ့ သလား မလုပ်ခဲ့ ဘူးလား "
" ဟင်း ...ကျွန်တော့် အမှု့ အတွက် ရှေ့ နေကြီး ရဲ့  လျှောက်လဲ ချက်ကြားရတော့ မှပဲ ကျွန်တော် ကျုးလွန်ခဲ့ မိတာ အလွဲသုံးစားမှု့  မဟုတ်တော့ မှန်း သိရတော့ တယ် ဗျာ "


" သူမရဲ့  ဖြစ်ပုံ "
" ဟဲလို ...ရဲစခန်းပါလား ရှင် "
" ဟုတ်ပါတယ် .... ဘာများ ကူညီပေးရမလဲ ခင်ဗျာ "
" ဒီလိုပါ ရှင် ... အခုလို ညကြီး အချိန်မတော်မှာ ကျွန်မရဲ့  ခြံဝင်းထဲ ကို လူနှစ်ယောက် တစ်ပြိုင်တည်း ရောက်နေပါတယ် ...အဲဒါ တစ်ယောက် ကို ထွက်သွားအောင်ကူညီပါရှင် "


" ပေးချင်လို့ ပါ "
" မေမေ သမီးကို ငွေငါးကျပ်လောက် ပေးပါ ..အိမ်ရှေ့ မှာအော်နေတဲ့  လူကို ပေးချင်လို့  "
"သူက ဘယ်လို အော်နေလို့ လဲ သမီးရဲ့  "
" အကြော်စုံ ရမယ် ...တစ်ခု ငါးကျပ် တဲ့  "

No comments:

Post a Comment