တစ်ခုလောက်ကို
သူမတူ အကောင်းဆုံးဖြစ်အောင်
တော်ထား၊ တတ်ထားရုံဖြင့်
ကမ္ဘာကို ကိုင်လှုပ်နိုင်သည်။
ပြတ်သားလွန်းသော ဆုံးဖြတ်ချက်သည်
အသွားထက်လွန်းသော ဓါးတစ်လက်လိုပါပဲ။
အခက်အခဲအာလုံးကို ဖြတ်တောက်ပြီး
အောင်မြင်မှုကို ရစေနိုင်သည်။
မလုပ်သင့်တာတွေကို
လုပ်ခဲ့တဲ့ အကြိမ်ပေါင်း အနန္တရှိခဲ့ပါပြီ….။
ဒီတစ်ခါတော့
လုပ်သင့်တွေကိုပဲ လုပ်တော့ပါမည်။
နေပူကို ဖြတ်သွားရမှာ ကြောက်ရင်
နေရိပ်ကို ရောက်ရိုးထုံးစံ မရှိပါ။
နေပူကို ခဏလောက် ဖြတ်ပြီး
နေရိပ်မှာ ပျော်သမျှနေရမှာပါ။
ခဏလောက် နေပူခံလိုက်ပါ။
ပြီးတော့မှ နေရိပ်မှာ အပန်းဖြေပေါ့နော်။
မငိုပါနဲ့။
တစ်ကြိမ်တည်း တွေ့ပြီး
တစ်ခါတည်း တွေ့ရမှာမှ မဟုတ်တာ။
အခါခါ ဆုံပြီး အကြိမ်ကြိမ် ခွဲရဦးမှာလေ။
အကြိမ်ကြိမ်ဆုံ အခါခါ ခွဲခဲ့ရပြီး ဖြစ်လို့လည်း
ရင့်ကျက်မှုလေး ရှိသင့်ပါပြီနော်။
မခိုင်လုံတဲ့ အကြောင်းပြချက်တို့ကို
အားကိုးပြု မိတ်ဖော်လုပ်ပြီး
လုပ်သင့်လုပ်ထိုက်တဲ့
အလုပ်ကို ကျောခိုင်းလိုက်တာဟာ
အရာရာကို အလျှော့ပေးတတ်သူတို့ရဲ့
မူပိုင်လုပ်ထုံးလုပ်နည်းတစ်ခုပါပဲ။
ပြဿနာကို ထိပ်တိုက်ရင်ဆိုင်လိုက်တာဟာ
အမုန်းတော်ခံဘ၀ကို ဖန်တီးလိုက်တာပါပဲ။
ပြဿနာကို ရှောင်လွှဲ၍ ဖြေရှင်းသင့်ရင်
ရှောင်လွှဲ၍ ဖြေရှင်းရမည်။
အရာရာဟာ
လူတွေအတွက် လိုအပ်နေပါတယ်။
လိုအပ်နေတာမှန်သမျှ
ရအောင်လုပ်ဖို့တော့လည်း မဖြစ်နိုင်ပါဘူး။
ထို့ကြောင့် အလိုအပ်ဆုံးတို့ကိုသာ
ရအောင်ကြိုးစားမည် ဖြစ်၏။
သင့် ဘ၀မှာ
တန်ဖိုးထားစရာ ဦးတည်ချက် မရှိရင်
သင့် ဘ၀ဟာ တန်ဖိုးရှိတဲ့
ဘ၀ မဖြစ်နိုင်တော့ပါဘူး။
သင့်ရဲ့
ကောင်းမြတ်တဲ့ တန်ဖိုးထားမှုက
သင့်ရဲ့ ဘ၀ကို အပြည့်အ၀ လွှမ်းမိုးမှသာ
သင့် ဘ၀ သာယာလှပမယ်။ အောင်မြင်မယ်။
မျှော်လင့်ခြင်းမပါသော ပေးဆပ်ခြင်းသည်
လွတ်လပ်တယ်၊ငြိမ်းချမ်းတယ်၊ ဖြူစင်တယ်။
စစ်မှန်တဲ့ နှလုံးသားနဲ့ ထုဆစ်ကြည့်ပါ။
ကိုယ့်ဘ၀ကို အားမရတဲ့ စိတ်ဟာ
ဘ၀အပြောင်းအလဲကို ဖန်တီးပေးမည့်စိတ်ပဲ။
မှန်ကန်တဲ့ သဘောထားက
အေးချမ်းတဲ့ဘ၀ကို ဖန်တီးပေတယ်။
ခွဲခွါမှုတွေရဲ့ ရိုက်ချက်ကို
အကြိမ်ကြိမ် ခံခဲ့ရတဲ့ နှလုံးသားကပဲ
ခွဲခွါမှုတွေကို မတုန်လှုပ်တော့တာပါ။
တွေ့ဆုံရတဲ့အချိန်မှာ သိပ်ကို ပျော်ရွှင်ခဲ့ပါတယ်။
ခွဲခွါကြရတော့လည်း ၀မ်းမနည်းအောင် နေတတ်ပါပြီ။
လူတွေ မလုပ်ချင်ဆုံး အရာတွေဟာ
သူတို့အတွက် တန်ဖိုးအရှိဆုံး အရာတွေ ဖြစ်နေတယ်။
အောင်မြင်မှုကို ပေးအပ်မည့် လုပ်ရပ်တွေကို
နေ့ရွေ့ညရွေ့လုပ်နေတာဟာ
အောင်မြင်မှုကို
ကိုယ့်နဲ့ ဝေးရာသို့ လွှင့်ထုတ်လိုက်တာပါပဲ။
ခင်မင်မှုကို ခုတုန်းလုပ်င်္ပြီး
အခွင့်ရေးကို မတောင်းဆိုရာ။
ပေးဆပ်မှုရဲ့ ရောင်ပြန်အခွင့်ရေးကိုသာ
နှစ်သက်မြတ်နိုးရာ၏။
အမှန်တော့
တစ်ခဏတာ အမုန်းလေးတွေပါ။
အငြှိုးထားပြီး တစ်ဘ၀တာထိဆွဲဆန့်နေကြလို့
အမုန်းအစဉ်အတန်းကြီး ရှည်လျားနေတာပါ။
လှပသော စိတ်နှလုံးမရှိသူသည်
တကယ်လှပသော ဘ၀ကို မပိုင်နိုင်ပါ။
ကိုယ့် ဘ၀အတွက်
အပြောင်းအလဲကောင်းကို
ဖန်ဆင်းပေးမယ့် အလုပ်ကိုမှ
အစွမ်းကုန် မကြိုးစားရင်
နေမြဲဘ၀ထဲမှာပဲ နေရလိမ့်မည်။
No comments:
Post a Comment