ကျွန်တော်ဒီနေ့တော့ CCleaner portable လေးကိုတင်ပေးလိုက်ပါတယ်။ အများသောအားဖြင့်တော့
ဒီကောင်လေးကို သိကြပါတယ်။ မိမိတို့ကွန်ပျူတာသန့်ရှင်းရေး လုပ်ပေးဖို့အတွက် ဒီကောင်လေးကို
မဖြစ်မနေ သုံးစွဲသင့်ပါတယ်။ အရမ်းလဲအသုံးတည့်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ မိမိတို့ရဲ့ ကွန်ပျူတာကို
သန့်သန့်ရှင်းရှင်းလေးနဲ့ ပေါ့ပေါ့ပါးပါး သုံးချင်သူတွေအနေနဲ့ဒီကောင်လေးကိုဆောင်ထားသင့်ပါတယ်။
portable ဆိုတော့သုံးရတာလဲအဆင်ပြေတာပေါ့ဗျာ ။ သုံးချင်တဲ့အချိန်ဖွင့်ပြီးသုံးလိုက်ရုံပါပဲ။
ဒီကောင်လေးကိုအသုံးမပြုမီ ကျွန်တော်တို့ဖွင့်ထားတဲ့ Browsers တွေကိုပိတ်ထားလိုက်ပါ။
Windows ကို Analyze ကိုလုပ်ပါ။ပြီး၇င် RunClear ကိုနှိပ်လိုက်ပါ။ အသုံးမလိုတဲ့ ဖိုင်တွေအကုန်လုံးကို
ရှင်းပေးသွားပါလိမ့်မယ်။ ပြီး၇င် application ကိုထပ်သွားပါ။ အပေါ်ကလိုပဲအရင်ဆုံး Analyze လုပ်ပါ
ပြီးရင် Run Clear ကိုနှိပ်ပြီး မလိုအပ်တာတွေကို ရှင်းလိုက်ပါ။ ပြီးရင် Registry ကိုသွားပါ။
အရင်ဆုံး Scan for Issues လုပ်ပါ။ပြီးရင် Fix Selected Issue လုပ်ပါ။ပေါ်လာတဲ့ Message box ကို
No ပေးလိုက်ပါ။ ပြီးရင် Fix all issues ကို ပေးလိုက်ပါ။ ဒါဆိုရင် ရပါပြီ။ သုံးချင်ရင် အောက်မှာ ဒေါင်းလိုက်ပါ။
Download: CCleaner v3.04 portable

No comments:
Post a Comment