Tuesday 28 February 2012

ဒီတစ်ခါတော့ firefox ကို အသေ ကလိကြည့်ကြတာပေါ့ ...

တစ်နေ့ ..တစ်နေ့ .. သုံးလိုက်ရတဲ့ အင်တာနက် ...
သုံးလိုက်ရတဲ့ မြန်မာအိုင်တီ ...
ဒေါင်းလိုက်ရတဲ့... software တွေနဲ့ .....
တစ်နေ့ ..တစ်နေ့ .. ကလိလို့ ကို မျိုးမဆုံးနိုင်တော့ဘူးးးး ။ (မျက်စိတွေလည်း တော်တော်မှုန်ပြီး အိမ်က PC လည်း တော်တော် ဂိနေလောက်ပြီ ... )

တစ်ချို့ တစ်ချို့ ကလည်းးးး မြန်မာအိုင်တီက မေးလ်တွေ ကို မျှော်ကြသလို ..တစ်ချို့ တစ်ချို့ ကလည်းး ဒီက အဆက်မပြတ်လာတဲ့ မေးလ်တွေကြောင့် စိတ်ရှုပ်ရတာပေါ့... ။ ဒီလိုပါပဲ .. ။ လိုချင်တဲ့ သူတွေ ရှိသလို မလိုချင်တဲ့ သူတွေလည်း ရှိတာပေါ့... ။

ဟုတ်ပါပြီ .. ။ ထားပါတော့ .. ။ ပြောချင်တာတွေ စွတ်ပြောနေတာနဲ့ topic ချော်သွားတော့မယ်... ။ ပြန်တည့်မှ ... ။

ဒီလိုဗျာ ... ။ ဒီလို ... ။

ဆော့ဝဲလ်တွေ ဒေါင်းလိုက် စမ်းလိုက်နဲ့ ..ဒီက ကွန်နက်ရှင်နဲ့ ကလည်းး တော်တော် အလုပ် ဖြစ်နေကြတယ်ဆိုတော့ .. ခုတစ်ခါတော့ ..ပေါ့ပေါ့ပါးပါးလေးပဲပေါ့ဗျာ ... ။

Browser တို့ ရဲ့ ဘုရင် မီးမြေခွေးကြီး ရှိရင် ကစားလို့ ရပြီ ... ။

ဒီအတိုင်း ရှာလို့ ဖွေလို့ တွေ့ ရှိတာလေးကို ပြန်မျှတဲ့ သဘောပေါ့ဗျာ .. ။ ကျွန်တော်ကတော့ .. မြန်မာမှု ပြုလိုက်တယ်ဗျာ .. (နည်းနည်းလေး လွဲတာတော့ သည်းခံကြပေါ့...) ... ။ အကုန်လုံး 10 ချက် ရှိပါတယ် ။

en လို ဖတ်ချင်ရင်တော့..PCTIPSBOX တဲ့ သွားဖတ်လို့ ရပါတယ် ။ (အရမ်းကောင်းတဲ့ ဆိုဒ်လေး တစ်ခုနော်... windows ရဲ့ tips and trick လေးတွေကို အမြဲ update လုပ်ပေးနေတဲ့ ဆိုဒ်လေးတစ်ခုပေါ့.. ။ ကဲ .. တစ်ချက် ခုတ် နှစ်ချက်ပြတ်နော်... firefox trick လေးတွေလည်းသိသေးတယ်..။ နောက်ထပ်ဆိုဒ်ကောင်းကောင်းလေးတစ်ခုလည်း သိရပြန်ပြီ .... အဆင်ပြေပါတယ်နော်... စိတ်မဆိုးကြဘူး မဟုတ်လားးးးး )

အကုန်လုံးက သိပ်တော့ အသုံးမ၀င်ဘူး ဆိုပေမဲ့ အသုံးဝင်မဲ့ ဟာလေးတွေလည်းပါတာပေါ့ ။ အသုံးမ၀င်ဘူး ဆိုရင်တောင် သိထားသင့်တယ် ထင်လို့ ပါ ။

အဲ့ဒါဆို အရင်ဆုံး Dancing Firefox ကို စကြည့်ကြတာပေါ့... ။

firefox browser ကြီး ဟိုဘက်ကနေ ထွက်လိုက် ဒီဘက်ကနေ ထွက်လိုက် ဖြစ်သွားတာကို dancing လို့ သုံးလိုက်တယ်နဲ့ တူပါတယ်... ။

အဲ့ဒါဆို အရင်ဆုံး new tab တစ်ခု အရင် ခေါ်လိုက်နော်.. ပြီးရင် အောက်မှာ ပေးထားတဲ့ code လေးကို address bar မှာ ရိုက်ပြီး enter နှိပ်ပေးလိုက် ... ။

1 - Dancing Firefox

chrome://global/content/alerts/alert.xul

နောက်တစ်ခုကတော့ ကျွန်တော် အကြိုက်ဆုံးနဲ့ ဒီထဲမှာ အသုံးအ၀င်ဆုံး function ဖြစ်မယ်ထင်တယ် ... ။ ဘာလဲဆိုတော့.. firefox ထဲက firefox ဗျ.. ။ မိုက်တယ်... ။ ဒီ code လေးက .. ။

2 -Opens another Firefox inside a tab in the the existing Firefox window.

chrome://browser/content/browser.xul

နောက်ဟာတွေ က ဘာသာပြန်ရမှာ ပျင်းသွားပြီဗျာ ... ။ ဒီအတိုင်းပဲ ချရေးလိုက်တော့မယ်.. ။ (ဒါတောင် ကုတ်တွေ ခံရတာ .. ပင်ပန်းနေပြီဗျ..... ဖြစ်တယ်မလားးးး )

3 - Opens the Options dialog box inside the Firefox tab.
chrome://browser/content/preferences/preferences.xul


4 - Opens the “Book Marks Manager” inside a tab in the Firefox window.

chrome://browser/content/bookmarks/bookmarksPanel.xul

5 - Opens the History Panel in the Firefox tab.

chrome://browser/content/history/history-panel.xul

6 - Opens the Extensions window in the current tab.

chrome://mozapps/content/extensions/extensions.xul?type=extensions

7 - Opens the “cookies window” inside a tab in the Firefox window.

chrome://browser/content/preferences/cookies.xul

8 - Opens the “Clear Private Data” window inside the current tab.


chrome://browser/content/preferences/sanitize.xul

9 - Opens the “About Firefox” Dialog box inside the tab.


chrome://browser/content/aboutDialog.xul

10 - A scrolling list of names. The one’s who we must thank for creating Firefox
chrome://browser/content/credits.xhtml

အဲ့လောက်ဆိုရင်တော့ ... သိပ် အသုံးဝင်ကြီးမဟုတ်တောင် . ကျွန်တော် စစ အဲ့ဒါလေးတွေကို စမ်းတုန်းကလို ... ဟ တယ်ဟုတ်ပါလားးး ဆိုပြီး ပါးစပ်ကလေးအဟောင်းသားနဲ့ အကုန်လုံး ပြုံးပြုံး ပြုံးပြုံးနဲ့ မော်နီတာကြီးကို ကြည့်နေကြမှာ မြင်ယောင်မိပါသေးတယ်......

No comments:

Post a Comment