Tuesday, 28 February 2012

Google Toolbar ကို Firefox ဗာရှင်းပေါင်းစုံမှာ တင်နည်း...

အားလုံးပဲ မင်္ဂလာပါဗျာ...


ကျွန်တော်တို့တွေ အားလုံးကတော့ ဘယ်လိုပြောပြော နောက်ဆုံးပေါ် update ကိုပဲ သုံးချင်ကြတာသဘာဝပါ။

အခု ဆို ကျွန်တော်တို့ သုံးနေကြ Mozilla Firefox လည်း ဗားရှင်းတွေ မြင့်လာလိုက်တာ 11.0
Beta 3 အထိတောင်ရောက်နေပါပြီ၊

ကြားထဲက Waterfox ဆိုတာလည်းထွက်လိုက်ပါသေးတယ်...
အဲဒါကတော့ 64 bit သမားတွေ အတွက်ပဲ သုံးလို့ရတာဆိုတော့  နည်းနည်းတော့ လူသိနည်းပါ
သေးတယ်... ပြီးတော့ အင်စတောလုပ်တာလည်း နည်းနည်းခက်တယ်လေ၊

စမ်းသုံးကြည့်ချင်ရင်တော့ Google ထဲမှာသာ ရိုက်ရှာကြပေတော့ဗျာ။

ခုဏက ပြောတာလေး ပြန်ဆက်ရမယ်ဆိုရင် Firefox ဗားရှင်းတွေ မြင့်လာခဲ့ပေမဲ့ အချို့ကတော့
Google toolbar ကိုအသုံးပြုတာများလို့ ဒါမှမဟုတ် Toolbar တင်လို့ မရလို့ဆိုပြီးတော့ Firefox
4.0 လောက်ကိုပဲ သုံးနေကြတဲ့ သူတွေလည်း အများကြီးရှိပါတယ်၊

ကျွန်တော်လည်း အပါအ၀င်ဆိုပါတော့....

တကယ်တော့ Google toolbar က Firefox ဗားရှင်းတိုင်းမှာ သုံးလို့ရပါတယ်...
တစ်ခုတော့ ရှိတာပေါ့ဗျာ... နောက်ဆုံးထွက်တဲ့ toolbar ဆို ပိုအဆင်ပြေတာပေါ့
ကျွန်တော်ကတော့  7.1.20110512W ကိုသုံးထားပါတယ်၊


ဒီနေရာမှာ ဒေါင်းလို့ရပါတယ်၊

အဲဒါကို ဒေါင်းလိုက်ရင် Firefox က Allow လုပ်မလားလို့ မေးပါတယ်....
လုပ်မယ်ပေါ့... ပြီးသွားရင်တော့ သူက ပြောပါလိမ့်မယ်၊

Google Toolbar for Firefox could not be installed because it is not compatible
with firefox 10.0.  အဲလို ပြလာပါလိမ့်မယ်....


ကျွန်တော်က 10.0 သုံးတာမို့လို့ပါ၊
မရတော့ဘူးဆိုပြီး စိတ်ဓါတ်မကျပါနဲ့ ....အောက်ကလင့်လေးအတိုင်းသွားလိုက်ပါ၊


Computer>>C:>>User>>Username>>AppData>>Roaming>>Mozilla>>Firefox>>Profile>>6tbo6l4s.default>>
extensions>>{3112ca9c-de6d-4884-a869-9855de68056c}


အထဲမှာ install.rdf ဆိုတာရှိပါတယ်... အဲဒါကို Notepad နဲ့ ဖွင့်လိုက်ပါ...
(Notepad ကို အရင်ဖွင့် ပြီးတော့မှ File open ကနေ ခုဏက လင့်အတိုင်းသွားပြီးဖွင့်လို့ပါတယ်၊
အောက်မှာတော့ All Files(*.*) ဆိုတာလေးတော့ရွေးပေးပါ။)


ဖွင့်ပြီးသွားပြီဆိုရင် Ctrl+F ကိုနှိပ်ပြီး

<em:maxVersion>4.0.*</em:maxVersion> ဆိုတာကိုရှာလိုက်ပါ...
4.0 ဆိုတာကတော့ Firefox ဗားရှင်းကို ပြောတာပါ၊
အဲဒီမှာ သူငယ်ချင်းတို့ တင်ထားတဲ့ Firefox ဗားရှင်းကိုရွေးထည့်ပေးလိုက်ပါ၊
ကျွန်တော်က 10.0 ကိုသုံးတာဆိုတော့

<em:maxVersion>10.0.*</em:maxVersion> ပေါ့


ပြောင်းပြီးရင်တော့ Save လုပ်ပြီး ပိတ်လိုက်ပါ၊ Firefox ကို Restart လုပ်ကြည့်ပါ၊

ပြန်ပွင့်လာရင်တော့ toolbar တင်ပြီးသားဖြစ်နေမှာပါ၊


အားလုံးအဆင်ပြေကြပါစေ......

No comments:

Post a Comment