Monday 27 February 2012

Recycle Bin Shortcut ကို Window 7 Task bar ပေါ်မှာ ထားကြည့်ရအောင်

Recycle Bin   ဆိုတာ ကျွန်တော်တို့   Window User   တွေ ရုတ်တရက်ဖျက်လိုက်မိတာတွေ ပြန်ရှာဖို့ ပြီးတော့
အဲဒါ တွေ ကို ပြန်ပြီး Recover  လုပ်ဖို့ သုံးတဲ့   Folder   တွေ ထဲက တစ်ခု ဆိုတာ သိပြီးကြပါပြီ ။  Window 7  ရဲ့  
Task Bar  ဟာ ကျွန်တော် တို့ မကြာခဏ သုံးဖြစ်တဲ့  Program  လေး တွေကို  Pin  ထားဖို့ Add  ထားဖို့  Favorite
 နေရာ လေး တစ်ခု ပါ။ လွယ်ကူလျှင်မြန်စွာ သုံးနိုင်စေဖို့ Window Task   ပေါ်မှာ   Recycle Bin   လေးကို   Pin  
ထားချင်တယ်ဆိုရင် တော့ ဒီလိုလေး လုပ်ကြည့်လိုက်ပါ…

1. Desktop ပေါ်မှာ Right Click   နှိပ်ပါ … New    ပြီး   Shortcut  ကိုရွေးပါ။



2. Location  အတွက်က Recycle Bin   ရှိတဲ့ အောက်က  path   လေးကို ကူးထည့်လိုက်ပါ။ ပြီးလျှင်  Next  ကိုနှိပ်ပါ.
%SystemRoot%\explorer.exe shell:RecycleBinFolder



3. အမည်ကိုတော့ Recycle Bin လို့ ရေးလိုက်ပါ . ပြီးလျှင်  Finish  ကိုနှိပ်ပါ။



ဒါဆိုရင်တော့ Desktop  ပေါ်မှာ  Recycle Bin   ဆိုတဲ့ ဒီလို   Shortcut   လေး တစ်ခု ရပါပြီ..


ဒါပေမယ့် သူရဲ့  Icon  လေးကို ပြောင်းဖို့လို သေးတာပေါ့ … Icon  လေး ပြောင်းကြည့်ရအောင်ပါ.
1.Shortcut Icon  လေးကို   Right Click   နှိပ်ပါ. ပြီး ရင်  Properties  ကိုသွားပါ…
2. Shortcut Tab   အောက်က  Change Icon  ကို  Click  ပါ။




3. ဒီလိုလေး ပေါ်လာရင် အဲဒီနေရာမှာ Recycle Icon  က ရှိမနေလို့ Look for Icon in this file ဆိုတဲ့
နေရာမှာ ဒီ Path ကလေး ကို ကူးထည့်လိုက်ပါ။

%SystemRoot%\system32\imageres.dll   ဆိုပြီး   OK   နှိပ်လိုက်ပါ…


4. ဒီလိုလေး ပေါ် လာတဲ့ ဒါဆိုရင် Recycle Icon လေး ကို ရှာပြီး ရွေးပေးလိုက်ပါ။ ပြီးရင်  OK လိုက်ပါ။



ဒါဆိုရင် Recycle Icon လေးနဲ့ Shortcut လေးကို Desktop ပေါ်မှာ မြင်ရပြီနော်..
5. Taskbar ပေါ်မှာ မြင်ရဖို့ Pin   ထားဖို့ အတွက်ကတော့ အဲဒီ   Shortcut  ကို   Drag   ဆွဲတင်လိုက်ပါ။



6. ဒီလိုလေး မြင်ရပြီ ဟုတ် ဒါဆိုရင် Taskbar ပေါ်မှာ Recycle Bin   ကို  Pin  လို့ပြီးသွားပါပြီ ။


Window က Default အနေနဲ့ ပေးထားတဲ့ Desktop ပေါ်က Icon ကို ဖျောက်ထားဖို့အတွက်က တော့ ကျွန်တော်
ရဲ့ Post ဖြစ်တဲ့ Recycle Bin ကို System Tray ထဲကို ရွေ့ ရအောင်ဆိုတဲ့ နေရာမှာ ပြောခဲ့ ပြီးပါပြီ။
အားလုံး အဆင်ပြေကြပါစေ… မသိသေးသူများ အတွက်သာပါ…

မျိုးကိုကို

1 comment:

  1. အရမ်းစုံအောင်ကြိုးစားထားတာကိုလေးစားပါတယ်။

    ReplyDelete