Saturday, 18 February 2012

ကို​ယ့်​ရဲ့ user name , password ေ​တြ​ကို ဘယ​္ေ​န​ရာ​ေ​ရာ​က​္ေ​ရာ​က​္ key logger စ​တဲ့ software မ်ား​နဲ​႕​ခိုး​ယူ​လို​႕​မ​ရေ​အာ​င် ကာ​ကွယ်တဲ့ အလွယ်ဆုံး​န​ည်း​လ​မ်း​ပါ


ထွေထွေထူးထူးတော့မဟုတ်ပါဘူး..
အရမ်းလွယ်ပါတယ်.. ဒါပေမယ့်.. ထိရောက်မှုက 9 လောက်ရှိပါတယ်
အင်တာနက်ဆိုင်တွေမှာ.. ခဏခဏ အကောင့်ခိုးခံရတယ်လို့ ကြားရများလာလို့.. ကိုယ်ချင်းစာပြီး.. ခု ကျွန်တော် ကာကွယ်တဲ့နည်းလမ်းလေးကို တင်ပေးလိုက်တယ်။
ဘာမှ ပြင်ဆင်သွားစရာမလိုပါဘူး.. ဘယ်နေရာသွားသွား.. စက်ထဲမှာရှိတဲ့.. နဂိုထဲကပါလာတဲ့ software နဲ့တင် အဆင်ပြေလို့.. စမ်းကြည့်ပါ လို့ပဲပြောချင်ပါတယ်..
ကဲ ဘယ်လိုလုပ်ရမလဲဆိုတာပြောပြမယ်နော်...
ပထမဆုံး..
Run Box ကိုဖွင့်ပါ.. (windows key နဲ့ r ကိုတွဲနှိပ်လည်းရပါတယ်)
ပြီးရင်.. osk လို့ရိုက်ထည့်ပါ..
အဲဒီအခါကျရင်.. screen ပေါ်မှာ keyboard ပေါ်လာပါလိမ့်မယ်..
အဲဒီ keyboard ကို mouse သုံးပြီး.. ကိုယ်ရိုက်ထည့်ချင်တာ(user naem, password)ကို ရိုက်ထည့်ပါ.. ဘယ် key logger software နဲ့မှ ဖမ်းလို့မရပါဘူး..
ကဲ ဘယ်လောက်လွယ်လဲ.. ဘာမှယူသွားစရာလဲမလိုဘူး.. ဘာမှ ထွေထွေထူးထူးလုပ်စရာလဲမလိုဘူး..
စမ်းကြည့်ပါ.. မသိတာရှိရင်မေးပါ..
ပြန်ဖြေပေးပါ့မယ်..
ကျွန်တော်က ပျင်းတော့.. တော်ရုံတန်ရုံ ကိုယ်သိထားပေမယ့် share မလုပ်ပေးဖြစ်ဘူး.. ဒီဟာလေးကိုတော့.. ကိုယ်ချင်းစာပြီး.. share ပေးလိုက်ပါတယ်..
အဆင်ပြေကြမယ်လို့ထင်ပါတယ်..

No comments:

Post a Comment