
ထမဆုံး Firefox ကို ဖွင့်လိုက်ပါ ။ Short key နဲ့ပဲ သုံးကြရအောင်ဗျာနော် ။ Ctrl +Shift+Jကို နိပ်လိုက်ပါဗျာ ။ box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ All ကို တစ်ချက်နိပ်ပေးပြီး Clear ကို နိပ်လိုက်ပါ ။ ဒါပါပဲဗျာ ။ အခု ကျွန်တော်ဆိုဒ်ကို စဖွင့်ပြီဆိုတာနဲ့ Ctrl+Shift+J ကို နိပ်လိုက်ပါ ။ ပြီးရင် Atl + C ကို နိပ်ပါ ။ Error တွေ ထပ်တက်လာသေးရင် Alt + C ကို ထပ်နိပ်လိုက်ပါ ။ Alt နည်းတွေကို ကျွန်တော်ရေးပြပြီးပါပြီ သေချာကြည့်လိုက်ပါ ။ ထပ်ပြောပြပါမယ်ဗျာ မသိသေးတဲ့ သူတွေအတွက်ပါ ။ C စကားလုံးရဲ့ အောက်မှာ မျဉ်းသားထားတာကို တွေ့တယ် မလား ။ သင်္ကေတပေါ့ ဗျာ ။ အဲဒါကို မနိပ်ချင်လို့ ရှောပ်ကပ်နဲပ သုံးချင်တယ်ဆိုရင် Alt+C တွဲနိပ်ပါ ဆိုတဲ့ သဘော ကျန်တဲ့ နေရာတွေမှာလည်း ဒီနည်း၎င်းပဲ ။ ပြီး အဲဒီ box ကို ပိတ်ချင်တယ်ဆိုရင် Ctrl +w နဲ့ဖြစ်ဖြစ် Alt+F4 ပဲဖြစ်ဖြစ် ပိတ်နိုင်ကြောင်းပါ ။ စမ်းကြည့်လိုက်ပါ ။ အခုပဲ စမ်းကြည့်ပါ ။
(ခြွင်းချက် ။ ။လုံးဝကွန်မကောင်းသော နေရာမှ တစ်ပါး ။ )
International Social Network Myanmar
No comments:
Post a Comment