Monday 2 April 2012

မှတ်သားသင့်တဲ့ ဘဝအတွက် စာစုများ

-ဘဝမှာ

လက်ညိုးထိုးနိုင်သူဖြစ်ရင်ဖြစ်

မဖြစ်ရင် လက်မထောင်နိုင်သူဖြစ်ရမယ်။

-ယှဉ်ပြိုင်ပြီဆိုရင်

နိုင်ရင်နိုင်၊မနိုင်ရင် ရှုံးမှာပဲ။

နိုင်ရင် ခေါင်းမော့ချင် မော့ပါ။

ရှုံးရင်တော့ ခေါင်းငုံ့မပစ်လိုက်ပါနဲ့။

-မနေ့ကဆိုတာ အိပ်မက်

မနက်ဖြန် ဆိုတာ စိတ်ကူး

ဒီနေ့သာ ဘဝဖြစ်တယ်

ဒီနေ့မှာပဲ အကောင်းဆုံး လုပ်ပါ။

-အလုပ်လုပ်ရင် အမှားတွေ့မယ်

အမှားမရှိတဲ့ သူဟာ

အလုပ် မလုပ်တဲ့သူပဲဖြစ်မယ်

မှားချင် မှားပါစေ၊အလုပ် လုပ်ပါ။

-အပင်ပေါ်ကအသီးကို စားချင်ရင်

ကြွေကျချိန်ကို ထိုင်စောင့်မလား။

တက်ခူးမလား။

တက်ခူးလိုက်စမ်းပါ။

-နိမ့်နိမ့်လေး ပျံရင်

နီးနီးလေးပဲ မြင်ရမယ်

ဝေးဝေးမြင်ချင်ရင်တော့

မြင့်မြင့်ပျံရမှာပေါ့။

-ပြင်းပြသောအလိုဆန္ဒမရှိပဲ

မည်သည့်အရာမျှ

ကြီးကြီးကျယ်ကျယ် မအောင်မြင်နိုင်။

-ဆင်းရဲတာ ရှက်စရာ မဟုတ်ဘူး။

ဆင်းရဲတွင်းက ရုန်းထွက်ဖို့ မကြိုးစားတာကမှ ရှက်စရာ။

*ငယ်ငယ်မှာကိုယ့်ကိုယ်ကိုခိုင်းပါ ဒါမှ

အသက်ကြီးလာရင် သူများခိုင်းတာမခံရမှာ..

No comments:

Post a Comment