Friday, 15 March 2013

Bring Start Menu Back in Windows 8

Windows 8 မှာ Start Menu မပါတာ အခု user တွေကြားမှာ အဓိက ပြဿနာတစ်ခု လိုဖြစ်နေပါတယ်။ Start Menu နဲ့မှ

Windows 8 ကိုသုံးချင်တယ် ဆိုရင်ဒီ Software လေးတွေက အထောက် အကူ ပေးမှာပါ။ Window 8 မှာပါတဲ့

အသစ်စွမ်းဆောင်ချက်တွေ ကြောင့်လူတွေ စိတ်ဝင်စား နေကြပါတယ်။ ဒါပေမယ့် လူစိတ်ဝင်စား အခံရဆုံး အပြောင်းအလဲ

တစ်ခုက Start menu ကြီးပျောက်သွား တဲ့ကိစ္စပါ။ ကံကောင်းတာက အဲ့ Start menu ကိုပြန်ခေါ် ပေးနိုင်တဲ့ ပရိုဂရမ်တွေ

အများကြီး ရှိနေတာပါ။ အဲ့အများကြီး ထဲကမှ အကြိုက်ဆုံး ၃ခု ကိုမျှဝေ ပေးမှာပါ။


1

Start8

ပထမဆုံး တစ်ခုကတော့ Start8 ပါ။ Windows 8 နဲ့ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။ ၅ဒေါ်လာ လောက်နဲ့  ပိုပြီး

အဆင်ပြေတဲ့ Start menu ကိုပြန်ခေါ် လို့ရမှာပါ။ ဒါတင်မက Windows 7 ထဲက theme အဟောင်းတွေထက် ပိုပြီးတော့

လန်းတဲ့ theme နဲ့ Start menu ကိုအစားထိုး လို့ရပါပြီ။ Start button ကိုသုံးပြီးတော့ Start screen အသေးစား

ဗားရှင်းလေးတစ်ခု ရအောင်လုပ်လို့ ရပါတယ်။ အရင်လို Start menu ရဲ့လုပ်ဆောင်ချက် တွေအတိုင်း ပေမယ့် Start screen

ကတော့ အသစ်ကို သုံးရမှာပါ။ Start8 ကတော်တော် များများကို ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ပေး ထားပါတယ်။ icons တွေရဲ့


အရွယ်အစား၊ ဘယ် shortcuts တွေကို menu မှာထားချင်သလဲ စသဖြင့် ကြိုက်သလို လုပ်လို့ ရပါတယ်။ ဒါ့အပြင်

shortcuts တွေကိုသာမက Windows 8 hot corners, the Charms bar တွေကိုပါ Start menu ဒါမှမဟုတ် Start screen

ရဲ့ဘယ် version နဲ့ပေါ်စေချင် သလဲ။ ကုန်ကုန် ပြောရရင် sign in စ၀င်လိုက်တာနဲ့ desktop ပေါ်တန်းသွား လို့ရတဲ့

အထိကို ပြောင်းပစ်လို့ ရပါတယ်။ သင်လိုအပ် သမျှကို အရိုးရှင်းဆုံး နည်းနဲ့ ရအောင်လုပ် ပေးမှာဆိုတော့ ၅ဒေါ်လာ ဆိုတာ

တန်ပါတယ်။ Bonus ကတော့ Soluto နဲ့တွဲလုပ်တာပါ။ Soluto ဆိုတာက cloud-based PC management တစ်ခုပါ။

ဒီဟာ သွင်းထားလိုက်ရင် သင့်ကွန်ပျူတာ သာမက သင့်သူငယ်ချင်း ကွန်ပျူတာကိုပါ အပန်းမကြီးဘဲ မွှေနှောက်လို့ ရပါပြီ။

၁Start

8 ကို Download လုပ်ရန်
Classic Shell

ဒုတိယက Classic Shell ပါ။ တကယ်လို့ သင့်ရဲ့ အဓိက လိုအပ်ချက်က သင့်တစ်ဦး တစ်ယောက် စိတ်ကြိုက် လုပ်နိုင်ဖို့ဆို

Classic Shell ကိုသာ ရွေးလိုက်ပါတော့။ Classic Shell ရဲ့ပုံစံက XP ရဲ့အရင် Windows Start menu ပုံစံပေမယ့် XP

ဒါမှမဟုတ် 7 ပုံစံကို လိုချင်ရင်လည်း ခလုတ်ကလေး နှိပ်ပြီး ပြောင်းလိုက်ရုံ ပါပဲ။  settings ထဲကိုဝင်၊  Start menu ရဲ့

ထောင့်နားလေး ကိုနှိပ် နှိပ်ပြီး ကိုယ်သွားချင်တဲ့ shortcuts ဆီကိုဝင် ၀င်သွားရုံပါပဲ။ ကွန်ပြူတာသမားတွေ အကြိုက်ဖြစ်မှာပါ။

အပိုဆုက ဒီ Classic Shell က Ninite ရဲ့အစိတ်အပိုင်း တစ်ခု ဆိုတော့ ဒီဟာအပြင် တခြား ကြိုက်တဲ့ ပရိုဂရမ်တွေ ကိုပါ

တစ်ချိန်တည်းမှာ သွင်းလို့ ရမှာပါ။ (Ninite ဆိုတာ လူသုံးများတဲ့ applications တွေကို သုံးစွဲသူကို ရွေးချယ်ခွင့် ပေးပြီး

အလိုအလျောက် သွင်းအောင် ကူညီပေးပါတယ်။ Window နဲ့ Linux ဆိုပြီး version နှစ်မျိုး ရှိပါတယ်။) ဒါ့အပြင် Classic

Shell က Start screen ကိုကျော်ပြီးတော့ တခြား Windows programs တွေဖြစ်တဲ့ Windows Explorer, Internet

Explorer အစရှိတဲ့ programs တွေဆီ တန်းသွားလို့ ရအောင် လုပ်ပေးထား ပါတယ်။ အရင် XP ဆီက  တချို့ features

တွေကို ပြန်ယူထားတာပါ။

၂

Classic Shell ကို Download လုပ်ရန်
StartMenu8

တကယ်လို့ အပေါ်နှစ်ခုက သင့်အတွက် ရှုပ်ထွေးလွန်းတယ် ဆိုရင် StartMenu8 ကိုသာ သွင်းလိုက် ပါတော့။ သင်သုံးနေကျ

 Start menu ကိုပြန်ရမှာပါ။ နည်းနည်း မတူတာက Send Feedback ဆိုတာ ပါလာတာပါ။ နည်းနည်းတော့ စိတ်အနှောက်

အရှက်ဖြစ်ပါတယ်။ ဒါပေမယ့် တခြားထွေထွေ ထူးထူး  menus တွေ သွင်းစရာ မလိုပါဘဲ အလုပ်လုပ် သွားတာပါ။ တစ်ခု

ရှိတာက Start button ကို  right-click နှိပ်လိုက်ရင်  startup ကနေပဲ လုပ်ဆောင် သွားမလား၊ ဒါမှမဟုတ် Start screen

ကပဲ လုပ်သွားမလား ရွေးလို့ ရပါတယ်။ တကယ်လို့ အလကား ရမယ့်ဟာ ပဲသွင်းမယ် ဆိုရင် ဒီဟာက အကောင်းဆုံး

ဖြစ်မှာပါ။

၃

StartMenu8 ကို Download လုပ်ရန်
Start8 ကိုတော့ အကြိုက်ဆုံးပါ။ ကျန်တဲ့ နှစ်ခု ကလည်း ကောင်းပါတယ်။ တခြား

ထပ်ရှာရင် လည်းရှိဦးမှာပါ။ ဒီသုံးခု ကတော့ ကိုယ့်လိုအပ်ချက် နဲ့အံအ၀င်ဆုံး ဖြစ်မှာပါ။ သုံးခုစလုံး စမ်းကြည့်ပြီးမှ ဘယ်ဟာ

အကြိုက်ဆုံးလဲ ဆုံးဖြတ်ပါ။ Written by ArrLuu, Image and Source - Lifehacker
Ref: www.mymclub.net/

No comments:

Post a Comment