Monday, 23 April 2012

မြန်မာ ဖြစ်ရတာ ဂုဏ်ယူတတ်ပါစေ

တိုင်းတပါးကို အထင်ကြီးလွန်းလှသော မြန်မာတချို့ သိစေလိုပါတယ်။မြန်မာဆိုတာ
အစဉ်အလာကြီးမားတာ မြန်မာ့သမိုင်း တွေလေ့လာရင် သိနိုင်ပါတယ်။ကမ္ဘာက ကိုးကွယ်အသင့်ဆုံး ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် လက်ခံထားတဲ့ ဗုဒ္ဓဘာသာ ထေရဝါဒ စစ်စစ်ကို ကျင့်သုံးနေသော မြန်မာနိုင်ငံပါ။တန်ဖိုကြီးမားလှသော ဗုဒ္ဓ၏ အဆုံးအမတွေဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုးများစေတာ လေ့လာ၊ကျင့်သုံးကြည့်သူတိုင်း သိနိုင်ပါတယ်။
       မြန်မာလူငယ်တွေ ဗုဒ္ဓစာပေတွေကို ပစ်ပယ်ကာ၊ အထင်ကြီး၊အတုယူမှားနေကြသော တိုင်းတပါး
ယဉ်ကျေးမူ ဓလေ့ထုံးစံတွေ၊မကောင်းသောအမူအကျင့်တွေနဲ့ ပျက်စီးခြင်းကို တိုးတက်ခြင်းထင်ကာ
ရေလိုက်မှားနေကြသော မြန်မာတို့အတွက် ဆင်ခြင်စရာပါ။
      မြန်မာစကားဟာလည်း ဝေါဟာရကြွယ်ဝပြီး မြန်မာစာသီးသန့် ရှိပြီးသားပါ။စဉ်းစားကြည့်ရင် ဂုဏ်ယူစရာကောင်းလှပါတယ်။ကမ္ဘာ့နိုင်ငံတချို့မှာ ဘာသာစကားရှိပေမဲ့လည်း စာပေသီးသန့်မရှိတဲ့ နိုင်ငံတွေအများကြီးပါ။ဥပမာ--ဗီယက်နမ်နိုင်ငံဆို ဗီယက်နမ်စကားရှိပါတယ်။စာပေကြတော့ အသံကိုလိုက်ပြီး english လိုရေးထားတာပါ။ မြန်မာလူငယ်အချို့ အင်တာနက်မှာသုံးကြသော မြန်ဂလိပ်စ် ပုံစံမျိုးပေါ့။မြန်မာတွေသုံးတာက မြန်မာလိုမရေးတပ်ခင် ခဏပါ။သူတိုတွေက အစဉ်အမြဲး သုံကြရတာ။မလေးရှားလဲးအတူတူပါပဲ။
       ဒါကြောင့် နိုင်ငံခြားသားတွေမြန်မာပြည်ကို စိတ်ဝင်တစားရှိကြတာ အဆန်းမဟုတ်ပါ။ဘာသာနဲ့
ယဉ်ကျေးမူကို မြတ်နိုးသူတိုင်း ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးတွေကို အထင်ကြီး၊လေးစာ၊လေ့လာကြတာ
လည်း တွေနေမြင်နေ သိနေကြရတာပါ။
        အခုတင်ပြမှာက ဗုဒ္ဓဘာသာနှင့် မြန်မာစာ၊မြန်မာစကားကို လေ့လာရုံတင်မက ခရစ်ယန်ဘာသာ
ကနေပြီ ဗုဒ္ဓဘာသာခံယူပြီး မြန်မာပြည်ကို သွားကာစစ်ကိုင်းမှ တရားစခန်းတွေဝင်ပြီး ဝိပ ဿနာကို
စိတ်ဝင်တစားသေချာလေ့လာနေသူပါ။ မြန်မာလိုလဲးအတော်ကို ပြောတတ်နေပါပြီ။
        အခုသူနဲ့ ဆွေးနွေးခန်း vIdeo ဖိုင် လေးကိုတင်ပေးလိုက်ပါတယ်။သူနာမည်ကိုတောင် မြန်မာလို
ကိုသာနိုး လိုပေးထားပါတယ်။  vIdeo ဖိုင် လေးကို  ကဲးရှုစားကြည့်ကြပါ................
  VOA မြန်မာပိုင်းက ဆက်သွယ်မေးမြန်းထားတာပါ။

      

  မြန်မာဖြစ်ရတာ ဂုဏ်ယူတတ်ပါစေ....
                                                            ကျေးဇူးတင်ပါသည်။................မောင်မြင့်
http://satekuupuyar.blogspot.com/2012/04/blog-post_7728.html

No comments:

Post a Comment