Tuesday, 24 April 2012

နှစ်ငါးဆယ်ပြစ်ဒဏ်


လင်မယားနှစ်ယောက် နှစ်ငါးဆယ်ပြည့် သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည့်နေ့ အထိမ်းအမှတ် ညစာစားဖို့ သွားကြတယ်။ အိမ်အပြန်လမ်းမှာ သူ့ဇနီးက သူ့ယောက်ျား မျက်ရည်ကျနေတာကို မြင်သွားပြီး မေးလိုက်တယ်။
“မောင်က နှစ်ငါးဆယ်ကြာ အံ့သြလောက်အောင် အတူတကွ ဖြတ်သန်းလာခဲ့တာကို အောက်မေ့တမ်းတသတိရလို့ပေါ့နော်”
သူကပြန်ပြောလိုက်တာကတော့-
“မဟုတ်ရပါဘူးကွာ…မင်းနဲ့ငါ လက်မထပ်ခင် အချိန်ကလေးကို သတိရမိတယ်။ မင်း အဖေက ငါ့ကို သေနတ်နဲ့ချိန်းခြောက်ခဲ့တယ်။ မင်းကိုလက်မထပ်ဘဲ သူ့ကို ပစ်သတ်ပြီး ထောင်ထဲ မှာ နှစ်ငါးဆယ် သွားနေပါလားတဲ့။ မနက်ဖန်ဆို ငါဟာ လွတ်လပ်တဲ့သူတစ်ယောက် ဖြစ်နေပြီလေ”
50   Year Sentence

A couple goes out to dinner to   celebrate their 50th wedding anniversary. On the way home, she notices a tear   in his eye and asks if he's getting sentimental because they're celebrating   50 wonderful years together.

  He replies, No, I was thinking about the time before we got married. Your   father threatened me with a shotgun and said he'd have me thrown in jail for   50 years if I didn't marry you. Tomorrow I would've been a free man!
မင်းတို့ကြောင့်ခက်တယ်...
ဟာ...ကွန်နက်ရှင်တွေကောင်းတော့မယ်တဲ့ကွ...
ချစ်သူများနေ့မှာ ပျော်တယ်နော်...
ယုယကြင်နာ ထွေးပွေ့ပါ့မယ်...
မီးဖိုခန်းမှာ စားစရာရှာခဲ့ကြတာ မမေ့ပါ...
နောင်ကျဉ်အောင် ဆုံးမလိုက်မယ်...
အိမ်မှုကိစ္စ နောက်မှ လုပ်ကြရအောင်နော်...

တော်...ခြေမများနဲ့နော်...

ကျွန်မကြောင့်...ရှင်...ပူနေရပေမယ့်...

သန့်ရှင်းရေး လုပ်ကြဖို့တော့လိုတယ်နော်...

ချစ်လို့ကျီစား...နာသွားလား...

ဘ၀ရှေ့ရေး ဆွေးနွေးရအောင်...
ဝယ်ပေး...၀ယ်ပေး...ဈေးမများပါဘူး...
ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ ရှိမှဖြစ်မယ်...
ကိုယ်ထူကိုယ်ထစနစ် ကျင့်သုံးကြမယ်နော်...
ခင်ကအနားမှာရှိရင် မောင်က အားရှိတာပေါ့...
မိန်းမ ပြောစကား နားမှ မထောင်ဘဲကိုး...
(ဆီလျော်အောင် ကိုယ်တိုင်ဘာသာပြန်ဆိုသည်။)
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၁-၄-၂၀၁၂)

No comments:

Post a Comment