Wednesday 2 May 2012

အဝေးရောက် တို့တစ်တွေ ရဲ့ ခံစားချက်

ကျင်လည်ရာ ဘဝ များစွာမှ
ခင်တွယ်ရာ အသိုက်အမြုံနဲ့ ဘဝကံရယ်
အခြေမပေးလေတော့ ခွဲဖို့ရယ်အကြောင်းဖန်
ပျော်လို့တော့မဟုတ်
ရည်မှန်ချက်၊ မျှော်လင့်ချက်၊ ခံစားချက်တွေ ကိုယ်စီနဲ့
မွေးမြေရပ်ခြား မှာကြိုးစားလို့ ရုန်းကန်
အချိန်ဆိုတဲ့ အတိုင်းတာ တစ်ခုထိပေးဆပ်
မတင်းတိမ်ပေမဲ့လဲ ကျေနပ်အောင် နေတတ်ရတာပေါ့.....
ဝေးနေတော့လည်း မတူတာပဲရှိ
လွမ်းခြင်းကိုယ်စီရယ်နဲ့
အချိန်တန် အိမ်ပြန် မျက်နှာပန်း မလှလေတော့
ဘယ်သူကို အပြစ်တင်ရမယ် မသိ
ဘဝကိုလည်း မကျေနပ် မဖြစ်တော့ပါဘူး
အတိတ်ကံရယ် နည်းခဲ့လေတော့
မနက်ဖန်ဆိုတာ
တို့တစ်တွေရဲ့ ရွှေရောင် အနာဂတ်ဆိုတဲ့ စိတ်နဲ့ အသက်ရှင်.....
လက်ရှိမှာတော့
ညတာရှည်အိမ်မက်တွေနဲ့
အရုဏ်တက်ပေမဲ့ ညဥ့်နက်နေတုန်းပဲ
ဘဝတူအဝေးရောက် သူငယ်ချင်းတို့ရေ....

No comments:

Post a Comment