Wednesday 2 May 2012

ဥပမာလေး ၂ ခု ...


“ လောကမှာ ကိုယ့်ကိုယ်ကိုယ် ငါ... တော်တယ်ကွ ” ဆိုပြီး အထင်ကြီးနေသူတွေအတွက် သူတို့ဆင်ခြင်နိုင်စေဖို့ ဥပမာလေး ၂ ခု ရှိပါတယ်.။


ဥပမာ (၁)

ထက်တတ်ကာ အောက်ဆင်း
နိမ့်ချည်တစ်လှည့် မြင့်ချည်တစ်လှည့်
စီးဆောရဲ့သဘော..။
အမြင့်ဆုံးလို့ ထင်တဲ့အချိန် ကျချိန်...
အနိမ့်ဆုံးလို့ ထင်တဲ့အချိန် တတ်ချိန်...။ ။
( ချင်းရိုးရာစကားပုံ)

ဒီစကားပုံလေးကတော့ ချင်းရိုးရာ စကားပုံလေး တစ်ပုဒ်ပါ.။ လူ့လောကကြီးကို “ စီးဆော ” နဲ့ ဥပမာပေးပြီး ခိုင်းနှိုင်းထားတာပါ.။ ငါ အမြင့်ဆုံးလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေတဲ့ အချိန်မှာ ဒါဟာ ကျနေတဲ့ အချိန်ဆိုတာ သတိထားမိစေဖို့..။ တစ်ခါတစ်လေ စိတ်ဓါတ်ကျပြီး စိတ်ညစ်နွမ်းစရာ ဖြစ်ပြီး အနိမ့်ဆုံးလို့ ထင်မှတ်နေတဲ့ အချိန်မှာ ဒါဟာ တတ်နေတဲ့ အချိန်ပဲ ဖြစ်တယ်လို့ ဥပမာဆောင်ပါတယ်.။


ဥပမာ (၂)

ထိန်ထိန်အသာဆုံးအချိန်သည်
ဆုတ်စပြုချိန်ဖြစ်၍
အမှောင်ဆုံးအချိန်ကား
ဆန်းစပြုချိန်ပေတည်း...။
(တရုတ်ရိုးရာ စကားပုံ)

ဒီစကားပုံလေးကတော့ တရုတ်ရိုးရာ စကားပုံလေးတစ်ပုဒ်ပါ.။ လူ့လောကကြီးကို “ လမင်းကြီး ” နဲ့ ဥပမာပေးပြီး ခိုင်းနှိုင်းထားတာပါ.။ ငါ့ကိုယ်ဟာ အထွန်းလင်းဆုံးလို့ ထင်နေတဲ့ အချိန်ဟာ မှောင်လာဖို့ ဆုတ်ယုတ်နေတာလို့ သတိထားမိစေဖို့..။ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ် ဘဝက မျှော်လင့်ချက်မဲ့ နေတယ်.၊ ဘာလုပ်လုပ် အဆင်မပြေဘူးဆိုပြီး မျှော်လင့်ချက်မဲ့ မှောင်မိုက်နေတယ် ဆိုရင် ဒီထက် ပိုပြီး မဲမှောင်စရာ မရှိတော့ပါဘူး ၊ ကြိုးစားရင် အမှောင်ကမ္ဘာကနေလွတ်ပြီး အလင်းရောင်တွေ့လာရမှာပါလို့ ဆိုလိုတာပါ.။

ဘာရယ်မဟုတ်ပေမဲ့.. အခုပဲ ရှာတွေ့လို့ အခုပဲ တင်လိုက်တာပါ..။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် တော်လှပြီ.၊ တတ်လှပြီလို့ တွေးနေ ၊ ထင်နေ ၊ မြင်နေသူများ အတွက် ဥပမာလေး ( ၂ ) ခုပေါ့.။


ကိုဇော် ခံစားပုံဖော်သည်.။
http://zaw357.multiply.com

No comments:

Post a Comment